ပြည်တွင်းသတင်း — ရန်ကုန်၊ ဇူလိုင် ၂၄၊ ၂ဝ၁၂

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်ရှိ ဆက်သွယ်ရေးရုံး အဝတည့်တည့်၌ ရှိသော ပိတောက်ပင်ကြီး တစ်ပင်သည် နေ့လည် ၃ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်အပြီး  ပြိုလဲခဲ့သည်။ အဆိုပါသစ်ပင်ကြီး ပြိုလဲမှု၌ ချယ်ရီ တက္ကစီကား တစ်စီးနှင့်အတူ စုစုပေါင်း လေးစီးပျက်စီးခဲ့သည်။

လေပြင်းတိုက်အပြီး သစ်ပင်ကြီးပြိုလဲထားသည့် မြင်ကွင်း

ပျက်စီးသွားသည့် ချယ်ရီ တက္ကစီ နှင့် ယာဉ်မောင်းဖြစ်သူ

ပျက်စီးသွားသည့် ချယ်ရီ တက္ကစီ နှင့် ယာဉ်မောင်းဖြစ်သူ

ချယ်ရီတက္ကစီ ကားမောင်းသူ ကိုဇော်ဝင်းက “ကျွန်တော့်ကား ခရီးသည် အမျိုးသမီးနှစ်ယောက် တံခါးဖွင့်ဆင်းနေတုန်း သစ်ပင်ကြီး လဲကျလာတာ။ လူတွေတော့ ဘာမှ မဖြစ်ပါဘူး” ဟု ပြောကြားသည်။

ယခု လောလောဆယ်တွင် အဆိုပါ လဲကျနေသည့် သစ်ပင်ကြီးကို စည်ပင်သာယာမှ ခုတ်ထွင်ရှင်းလင်းနေပြီး ပိကျနေသည့် ကားများအား ကရိန်းကားများနှင့် ဆွဲထုတ်လျက်ရှိသည်။

ဝဝ၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*