လူမှုရေးသတင်း — ရန်ကုန်၊ ဒီဇင်ဘာ ၂ဝ၊ ၂ဝ၁၂
ဘုန်းတော်ကြီးသင် စာသင်ကျောင်း မြင်ကွင်း

ဘုန်းတော်ကြီးသင် စာသင်ကျောင်း မြင်ကွင်း

ဖျာပုံမြို့နယ်ရှိ ကျေးရွာတချို့ ၌ သေစာရှင်စာ (မူလတန်းပညာ) တတ်ရန်ပင် အခက်အခဲများ ရှိနေသည် ဟု ဒေသခံ တို့ ပြောကြားချက်အရ သိရသည်။

ဖျာပုံမြို့နယ်၊ အချာလေးကျေးရွာ အုပ်စုတွင် ရွာပေါင်း ၄ ရွာရှိ ပြီး မူလတန်းကျောင်းနေ အရွယ် ကလေး ၅ဝ ကျော်ခန့်မှာ မူလတန်း စာသင်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။ ယင်းရွာများတွင် အစိုးရ မူလတန်းကျောင်း ၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင် မူလတန်းကျောင်း ၁ ကျောင်းရှိကြောင်း၊ အစိုးရကျောင်း  များတွင် တက်ရောက်ရန် အတွက်  ငွေကြေး မလုံလောက်သဖြင့် ဘုန်းတော်ကြီး သင်ကျောင်းကိုသာ မှီခို နေရကြောင်း ဒေသခံတို့ကပြောသည်။

“အစိုးရကျောင်း ကလည်း ကျောင်းဝင်ကြေး အခမဲ့ပါပဲ။ ဒါပေမယ့် ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ နောက်ဆုံး ဖိနပ်နဲ့ ထမင်းဘူး ကအစ မရှိတော့ ဘုန်းကြီးကျောင်းပဲ အားကိုးပြီး ကိုယ့်ကလေးတွေ သေစာရှင်စာ တတ်အောင် ထားနေရတယ်။ မရှိတဲ့ကြားက သင်ပေးလို့ ဘုန်းဘုန်း ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဘ.က ကျောင်းသို့ သားသမီးများ ပို့၍ စာသင်ပေးရခြင်း အကြောင်းရင်းကို ကျောင်းသားမိဘတစ်ဦးက ရှင်းပြသည်။

မြရောင်ခြည် ဘုန်းတော်ကြီးသင်  ပညာရေးကျောင်းသည် ဖျာပုံမြို့နယ်၊  အချာလေး ကျေးရွာအုပ်စု၊ စက်ဝ ကျေးရွာတွင် တည်ရှိသည်။ ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ်မှ စကာ ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် သူငယ်တန်းမှ ၄ တန်း အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၆၈ ဦး တက်ရောက် သင်ယူနေကြောင်းသိရသည်။ ယင်း  ကျောင်း တွင် ဆရာ၊ ဆရာမ ၄ ဦး က သင်ကြားပေးနေပြီး လစာအဖြစ် တစ်လလျှင် စုစုပေါင်း ၁ သိန်း ကျော် ကုန်ကျကြောင်း သိရသည်။

“ဘုန်းကြီးက ရွာအနီးအနား မှာရှိတဲ့ ကလေးတွေကို စာတတ် စေချင်တဲ့စေတနာ နဲ့ ကျောင်းဖွင့် ပေးတာပါ။ ငွေကြေးပြည့်စုံ လို့တော့ မဟုတ်ပါဘူး။ ဒီလာမယ့် ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ် အတွက် မူလတန်း လွန်ကျောင်း ဖွင့်ဖို့ ခွင့်ပြုချက် ရပြီ။ ဒါပေမယ့် အခုလက်ရှိ ကလေး တွေ အတွက်တောင် ကျောင်းက မလုံမလောက် ဖြစ်နေတယ်။ ကျောင်း ဆောက် လှူဒါန်းနိုင်မယ့် အလှူရှင်တွေ ရှိရင်တော့ ဖွင့်နိုင်ကောင်းပါ တယ်ကွယ်”ဟု မူလတန်းလွန် ကျောင်း ဖွင့်ရန် ကျောင်းဆောင် အခက်အခဲဖြစ်နေခြင်းနှင့် ပတ်သက် ၍ ကျောင်းထိုင် ဆရာတော် က မိန့် ကြားသည်။

အဆိုပါ ရွာများမှ ကလေးငယ် များသည် မူလတန်း ကျောင်းပြီးဆုံး ပါက ရွာနှင့် ၆ မိုင်ခန့်ဝေးသော မူလွန်ကျောင်း သို့ သွားရောက်ကြရကြောင်း၊ ဆင်းရဲနွမ်းပါးသည်က တစ်ကြောင်း၊ ခရီးလမ်းပန်းခက်ခဲ မှုကြောင့် လည်းကောင်း၊ မူလတန်း အောင်ကလေးများသည် မူလွန်ကျောင်း သို့ မရောက်နိုင်ကြ။ ထိုအခက်အခဲ များကို ဖြေရှင်းနိုင်ရန် ယခုကဲ့သို့ မူလွန်ကျောင်းဖွင့်ရန် ကြိုးပမ်းရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကျေးရွာများမှ ရွာသူ ရွာသားများမှာ ပင်လယ်ကို အမှီပြု၍ ရေလုပ်ငန်းများ လုပ်ကိုင်ကြရပြီး ပုစွန်လှန်း၊ ငါးခြောက်လှန်း၊ ငါးပိနယ် လုပ်ငန်းများကို နေ့စား လုပ်ကိုင်ကြရ ကြောင်း၊ အခြားဒေသများမှ လာရောက်ကာ ပျံကျလုပ်ကိုင် အသက်မွေးရသော မိသားစုများလည်း ရှိပြီး ယင်းတို့၏ ကလေးငယ်များကိုလည်း ဘ.က ကျောင်းသို့ပင် ပို့၍ စာသင် စေရကြောင်း သိရသည်။

ဝဝ၈

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*