စီးပွားရေးသတင်း — အောင်ပန်း၊ ဖေဖေါ်ဝါရီ ၂၅၊ ၂ဝ၁၃

အောင်ပန်းမြို့၊ ကားလမ်းနံဘေးရှိ ချယ်ရီဆိုင်အရှေ့တွင် နှစ်ပေါင်း များစွာကြာအောင် ဒေသထွက်ကုန်များ ရောင်းချရင်း အသက်မွေး ဝမ်းကျောင်းပြုခဲ့သည့်  ခေါင်းရွက် ဗျက်ထိုးဈေးသည်များသည်  ယခုအခါ တွင်မူ ရန်ကုန်သို့ဆင်းသည့် ကားများ မှာ ယင်းချယ်ရီဆိုင်ရှေ့တွင် ရပ်နား ခြင်း မပြုလုပ်တော့ဘဲ ချယ်ရီဆိုင်နောက် တွင် အသစ်ပြုလုပ် ထားသည့် ကားရပ်နားကွင်းတွင်သာ ရပ်နားကြသဖြင့် ဈေးရောင်းချရာ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

ယခင်က ရန်ကုန်သို့ ဆင်းသည့် ကားများ ရပ်နားရာ ချယ်ရီဆိုင်ရှေ့ တွင် ဒေသထွက်ကုန်များ ရောင်းချသည့် ခေါင်းရွက် ဗျပ်ထိုးဈေးသည် များ နှင့် ဈေးတန်းပမာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အဆိုပါချယ်ရီဆိုင်မှ ယင်းပိုင်ဆိုင်သည့် အဝန်းအဝိုင်းတွင်ပင် ယာဉ်ရပ်နားစခန်း ပြုလုပ်ထားသဖြင့် ဈေးသည် ၂ဝဝ ဝန်းကျင် အခက်အခဲနှင့် ရင်ဆိုင်နေကြ ရခြင်း ဖြစ်သည်။

ထို့ပြင် ချယ်ရီဆိုင်ရှေ့သို့ ကားရပ်သည့်အခါတွင် ဈေးရောင်းချသည့် ဈေးသည်များကို လက်ဆွဲဈေးသည် တစ်ဦးလျှင် ၂ဝဝဝ ကျပ်၊ အာလူးကြော် ဗန်းသည် တစ်ဦးလျှင် ၅ဝဝဝ ကျပ် အစရှိသဖြင့် ချယ်ရီဆိုင်ပိုင်ရှင်မှ တရားမဝင် ဈေးကောက် ကောက်ယူနေသော်လည်း ကလောမြို့နယ်စည်ပင်  သို့မူ ချယ်ရီဆိုင်မှ လစဉ် ၇ဝဝဝ ကျပ်သာပေးဆောင် ရကြောင်း ဒေသခံ ဈေးသည် ဒေါ်ဋ္ဌေးဋ္ဌေးဝင်း၏ပြောကြားချက်အရ သိရှိရသည်။

ဆက်လက်ပြီး ဒေသခံခေါင်းရွက် ဗျပ်ထိုးဈေးသည် ကိုအောင် ကျော်မိုးကလည်း ထိုသို့ ချယ်ရီဆိုင်မှ တစ်ဦးတည်းပိုင် ကားရပ်နားကွင်း ပြုလုပ်ခါ လက်ဝါးကြီး အုပ်ရောင်းချနေခြင်းကြောင့် မိမိအပါအဝင် ဈေးသည် ၂ဝဝ ခန့်သည် ဈေးရောင်းချခွင့် မရှိတော့ဘဲ စားဝတ်နေရေးအတွက် ဒုက္ခ ရောက်နေကြရကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အဆိုပါ ပဋိပက္ခကို ပြေလည်စေရန်အတွက် ကူညီပေးစေလိုကြောင်း ပြောပါသည်။

အဆိုပါ ချယ်ရီဆိုင်ရှေ့ရှိ ဈေးတန်းကို အမှီပြုကာ ဒေသထွက်ကုန် များကို ရောင်းချ၍ အသက်မွေး ဝမ်းကျောင်း ပြုနေသော ဈေးသည်များသည် နှစ်ပေါင်း ၃ဝ ဝန်းကျင်ကြာ မြင့်ခဲ့ပြီးဖြစ်သော်လည်း ပြီးခဲ့သည့်နှစ် ၁၈.၁၁.၂ဝ၁၂ မှ စတင်၍ ရန်ကုန်သို့ဆင်းသောကားများသည် ဆိုင်ရှေ့တွင် မရပ်နားတော့ဘဲ ချယ်ရီဆိုင်၏ ကိုယ်ပိုင် ကားရပ်နားကွင်း တွင်သာ ရပ်နား ကြသဖြင့် ဒေသခံဈေးသည်များအတွက် စားဝတ်နေရေးအခက်နှင့် ရင်ဆိုင်နေကြ ရခြင်းဖြစ်သည်ဟု သိရှိရသည်။

ဝ၆ဝ

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*