ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၆၊ ၂၀၁၇


မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (မထသ)နဲ့ လက်ရှိ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၃၀၀ ကျော်ကို ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းသွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဒီလို ဖျက်သိမ်းပြီးနောက်မှာ ယာဉ်လိုင်း အသစ် ၅၈ လိုင်း ပြန်လည် သတ်မှတ်ပေးပြီး အဲဒီယာဉ်လိုင်းတွေကို ထိန်းချုပ်ဖို့ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ ဥက္ကဋ္ဌ တာဝန်ကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က တာဝန်ယူ ဆောင်ရွက်သွားမှာပါ။

ယာဉ်လိုင်း အသစ်တွေ ပြန်လည် ချပေးရာမှာ ယာဉ်စီးခအနေနဲ့ ၁၀၀၊ ၂၀၀၊ ၃၀၀ ဆိုပြီး အသီးသီး သတ်မှတ်ထားပြီး ယာဉ် အမျိုးအစား အနေနဲ့တော့ BM ယာဉ်တွေနဲ့ ဒိုင်နာတွေကိုတော့ လုံးဝ ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။

မော်တော်ယာဉ် လိုင်းအသစ် လျှောက်ထားမယ့် သူတွေအနေနဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တောင်ဥက္ကလာက ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မော်တော်ယာဉ်တွေကို အဆင်ပြေတဲ့ ယာဉ်လိုင်းတွေမှာပဲ ချပေးဖို့ပဲ ရှိတယ်လို့လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိ

တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*