ပြည်တွင်းသတင်း — မွန်၊ မတ် ၅၊ ၂ဝ၁၃
ဂဝံကျောက်များ တူးဖော်ထားသော ခြံမြေများ

ဂဝံကျောက်များ တူးဖော်ထားသော ခြံမြေများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ အုပ်စုနှင့် ဘိုကား ကျေးရွာအုပ်စု ခြံစိုက်ပျိုးရေး လုပ်ကိုင် နေကြသူ များ၏ ခြံမြေ ၁၇၅.၇၄ ဧက အား လွန်ခဲ့သည့် ၁ဝဝ၄ ခုနှစ်တွင် တပ်မ ၄၄ ဆောက်လုပ်ရန် အဖြစ် သက်ဆိုင်ရာက သိမ်းယူခဲ့ပြီးနောက် ယင်းမြေနေရာတွင် တပ်မ ၄၄ အဆောက်အဦ ဆောက်လုပ်ခြင်း မရှိတော့ဘဲ ဂဝံကျောက်များ တူးဖော်နေခြင်း၊ ဆိုင်ခန်းများ တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ယခင်က ခြံစိုက်ပျိုး လုပ်ကိုင်သူများ အနေဖြင့် နစ်နာဆုံးရှုံးမှုများ ရှိနေကြောင်း သိရသည်။

ယင်းသို့ မြေယာသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ယင်းဒေသတွင် ခြံမြေလုပ်ကိုင်သူတစ်ဦးက ပြောကြား ရာတွင် “ကျွန်တော် တို့ ခြံစိုက်တဲ့သူတွေကို လွန်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ် ဩဂုတ် ၃၁ ရက်မှာ တပ်မ ၄၄က ဗိုလ်မှူး ကြီး အောင်မင်းက မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ရုံးခန်း ကိုဆင့်ခေါ်ပြီး တပ်မ ၄၄ ဆောက်လုပ်ရန် ခြံမြေတွေကို ပြည်သူပိုင် အဖြစ် သိမ်းထားကြောင်း ပြောတယ်။ ပြီးတော့ အဲဒီလိုသိမ်းတာကို ခြံရှင်များ အနေနဲ့ သဘောတူကြဖို့ ပြောကြား တဲ့အတွက် ကျွန်တော်တို့ကလည်း တပ်မ ၄၄ ဆောက်လုပ်ရန် ဆိုတဲ့အတွက် သဘောတူ ပေးခဲ့တယ်။ အဲဒီလို သဘောတူတဲ့အတွက် ထိုက်တန်တဲ့ လျော်ကြေးများ ပေးမယ် လို့လဲ ပြောခဲ့တယ်ဗျ။ နောက်တော့ ဘာလျော်ကြေးမှလည်း မရဘူး။ တပ်မ ၄၄ လည်း မဆောက်ဖြစ်ဘူး။ အခုကြတော့ ကျွန်တော်တို့ခြံမြေတွေမှာ ဂဝံတွေ တူးပြီး ရောင်းစားနေတာကို တွေ့ရ တယ်။ နောက်ပြီးတော့ ဘီယာ ဆိုင်တွေ၊ ဓာတ်ဆီ၊ ဒီဇယ်တွေရောင်းတဲ့ ဆိုင်လေးတွေ ဖွင့်ထားကြတယ်” ဟု ဆုံးရှုံးနစ်နာမှု များကို ပြောသည်။ ယင်းခြံမြေများတွင် နှစ်ပေါင်းများစွာ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ခြံပိုင်ရှင် များသည် သက်ဆိုင်ရာ ဌာနမှ တရားဝင် ထုတ်ပေးထားသည့် မြေဂရံ များ လက်ဝယ်ရှိ ကိုင်ဆောင်ထားသူ များဖြစ်ကြောင်း သိရသည်။ ဖြစ်ပေါ်နေ သည့် မြေယာ ပြန်လည်တောင်းခံ မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကျိုက်ထိုမြို့နယ် မြေစာရင်း ဌာနသို့ မိမိတို့ သတင်းဌာနမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တာဝန်ယူ ဖြေကြားခြင်း မရှိပေ။ ဆုံးရှုံးမှု များနှင့် ပတ်သက်ပြီး ခြံရှင်များက အမျိုးသား လွှတ်တော်၊ လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌထံသို့ တိုင်ကြားထားသော်လည်း ထိရောက်သည့် ဖြေရှင်းချက်များ မရရှိသေးကြောင်း ဒေသခံ ခြံရှင် များက ပြောသည်။

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*