ပြင်သစ်ဘောလုံးအသင်း ရှေ့တန်းတိုက်စစ်မှူး Olivier Giroud က ယခုသီတင်းပတ်အတွင်း လန်ဒန်သို့ လာရောက်ကာ အာဆင်နယ် ဘောလုံးအသင်းသို့ စတာလင်ပေါင် ၁၂ သန်းတန် ပြောင်းရွှေ့မှုကို အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ငါးနှစ်သက်တမ်း စာချုပ်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

Olivier Giroud

Olivier Giroud

ပြင်သစ် Ligue ချန်ပီယံ Montpellier အသင်းနှင့် အခကြေးငွေ သဘောတူညီ သတ်မှတ်ပြီးနောက် ပထမဆုံး ပြုလုပ်သည့် တွေ့ဆုံခန်း တစ်ရပ်တွင် အသက် ၂၅ နှစ်အရွယ်ရှိ ပြင်သစ်ဘောလုံးသမား Olivier Giroud က အာဆင်နယ်အသင်းနှင့် စာချုပ်ချုပ်ရသည့်အတွက်  အလွန်ပင်ပျော်ရွှင်ရကြောင်း၊ သူ့အတွက် များစွာ အဓိပ္ပာယ်ဆောင်သည့် အရာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Giroud သည် ပြီိးခဲ့သည့်နှစ် ဘောလုံးရာသီအတွင်း ၃၆ ပွဲ ကစားကာ၊ သွင်းဂိုး ၂၁ ဂိုးအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပြီး ယခုနှစ် နွေရာသီအတွင်း အာဆင်နယ်မန်နေဂျာ Arsene Wenger နှင့် ဒုတိယမြောက် စာချုပ်ချုပ်ဆိုခဲ့သူ လည်းဖြစ်သည်။ ပထမဆုံး ခေါ်ယူခဲ့သူမှာ ဂျာမန်ဘောလုံးကလပ် Cologne မှ Lukas Poldolski  ဖြစ်ပြီး စတာလင်ပေါင် ၁၁ သန်း အကုန်အကျ ခံခဲ့ရသည်။

Giroud က အင်္ဂလန် ပရီးမီးယားလိဂ်တွင် လာရောက်ကစားနိုင်ရန် အမြဲလို အိပ်မက်ခဲ့ရကြောင်း၊ အာဆင်နယ်သည်   ပြင်သစ်ဘောလုံးသမား အများအပြားရှိရာ နာမည်ကျော် ကလပ်တစ်ခု ဖြစ်ကြောင်းလည်း    ပြောကြားသွားခဲ့သည်။

Ref: The Sun

ဝ၃၉

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*