ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၂၇၊ ၂၀၁၂

ဂရုဏာရှင်အမျိုးသမီးများအဖွဲ့ဦးဆောင်သည့် လူမျိုးဘာသာပေါင်းစုံဆုတောင်းပွဲကို မတ်လ ၂၇ ရက်နေ့ ယုဒဿန်ဘုရားကျောင်း၌ပြုလုပ်ရာ ယင်းအခမ်းအနားသို့  တက်ရောက်လာသူများသည် ဓလေ့ထုံးစံမတူသော်လည်း မေတ္တာအခြေခံကာ အပြုံးနှင့်နှုတ်ဆက်နိုင်ကြောင်း၊ သို့သော် ​ပြည်တွင်းစစ်များသည် မေတ္တာ အခြေမခံသဖြင့် ယနေ့တိုင် စစ်မပြီးနိုင်ခြင်းဖြစ်သည်ဟု ၈၈ ကျောင်းသား​ ခေါင်းဆောင် ကိုမင်းကိုနိုင်က ​ပြောဆိုခဲ့သည်။

ထိပ်သီးေ ခါင်းဆောင်များ နှစ်ပေါင်းများစွာ ​ဆွေးနွေးခဲ့ကြသော်လည်း​ ပြည်တွင်းစစ်သည် ယနေ့တိုင် မအောင်မြင်နိုင်ကြောင်းနှင့်​​ ​ဒေသခံ​ ပြည်သူများပါ ပါဝင်ဆွေးနွေးကာ တိုင်းရင်းသားများ၏  တိတ်ဆိတ်နေသည့် အသံများကို နိုင်ငံတကာကြားအောင်​ အော်ပေးရန် လိုအပ်ကြောင်းလည်း ယင်းက ဆက်လက်ပြောခဲ့သည်။

အဆိုပါအခမ်းအနားတွင်ဗုဒ္ဓဘာသာရဟန်းများ ခရစ်ယာန်ဘုန်းတော်ကြီးများ ၈၈ မျိုးဆက်သစ်ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs) နှင့် တိုင်းရင်းသားလူမျိုးစုများ တက်ရောက်ခဲ့ကြသည်။ ၄င်းလူမျိုး၊ ဘာသာပေါင်းစုံ ဆုတောင်း ​မေတ္တာပို့ခြင်းသည် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအတွက် အဓိက ရည်ရွယ်ပြုလုပ်ခြင်း ​ဖြစ်ကြောင်းသိရသည်။

ယင်းအခမ်းအနားတွင် ၈၈ မျိုးဆက်သစ်​ ကျောင်းသားများက ရိုးရာဝတ်စုံများဖြင့် ဖယောင်းတိုင် ထွန်းညှိ ဆုတောင်းခြင်း အစီအစဉ်ကို ကူညီဦးဆောင်ခဲ့သည်။

ဂရုဏာရှင် အမျိုးသမီးများအဖွဲ့မှ ဦးဆောင်သည့် ၄င်းအစီအစဉ်သည် ပထမဆုံးအကြိမ်​ ပြုလုပ်ခြင်းဖြစ်ပြီး၊ ယင်းအဖွဲ့အစည်း၌ ယနေ့တိုင်အောင် ခရစ်ယာန် အမျိုးသမီးများသာ ပါဝင်သော်လည်း​ နောင်တွင်အခြားဘာသာဝင်များပါ ပါဝင်လာမည်ဟု မျှော်လင့်ကြောင်း ထိုအခမ်းအနား၌ သဘာပတိဖြစ်သူ ဒေါ်ခင်နှင်းဝေက​ ပြောခဲ့ သည်။

၀၁၃

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.