စီးပွားရေးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၂၅၊ ၂၀၁၇

မြန်မာပြည်မှာ ခရီးသွား ပိုမိုဆွဲဆောင်နိုင်ဖို့ အတွက် ပြည်တွင်း ဟိုတယ်နဲ့ တည်းခိုခန်းခတွေ လေယာဉ် လက်မှတ်ဈေးနှန်းတွေ ကြီးမြင့်နေပြီး စားသောက်ဆိုင်နဲ့ သန့်စင်ခန်းတွေ အဆင့်မီ ကောင်းမွန်ဖို့နဲ့ ဝန်ဆောင်မှုတွေ ကောင်းမွန်အောင် စီစဉ်နိုင်ဖို့ လိုတယ်လို့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက တိုက်တွန်း အကြံပြု နေကြပါတယ်။

ဒါ့အပြင် ဒေသထွက်ကုန် ပစ္စည်းတွေ တန်းဖိုးမြင့် ထုတ်ကုန်အဖြစ် ရောင်းချနိုင်ရန်၊ ရက်ရှည်နေထိုင်ပြီး ငွေကြေး သုံးစွဲတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်နိုင်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။ ၂ဝ၁၆ ခုနှစ် တစ်နှစ်တာအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝင်ပေါက်မှ နိုင်ငံခြားသား ခရီးသွား ဧည့်သည် တစ်သန်းကျော် ဝင်ရောက် ခဲ့ကြတာပါ။

အဲဒီဧည့်သည်တွေထဲမှာ အာရှနိုင်ငံတွေက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှ ၂ဝ၇ဝ၃၃ ဦးနဲ့ ပထမအများဆုံး ဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ၁၂၆၄၈၉ ဦးနဲ့ ဒုတိယ အများဆုံး ဖြစ်ကြပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှ ၉၅၃၉၃ ဦးနဲ့ တတိယ အများဆုံးဖြစ်ပြီင်္း တောင်ကိုရီးယားနိုင်ငံ မှ ၆၃ဝ၄၉ ဦးနဲ့ စတုတ္ထ အများဆုံး လာရောက်ခဲ့ကြတာပါ။

ဒါ့အပြင် စင်ကာပူ၊ မလေးရှား၊ အိန္ဒိယနိုင်ငံနဲ့တရုတ်(တိုင်ပေ)တို့မှ လည်း လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံတွေမှ လာရောက်ခဲ့သူ အရေအတွက်မှာ အနောက် ဥရောပ နိုင်ငံတွေမှ ၁၈ဝ၇၇၇ ဦးဖြစ်ပြီး အရှေ့ ဥရောပနိုင်ငံတွေမှ ၁၂၇၂၄ ဦးဖြစ်ကာ ရုရှားနိုင်ငံမှ အများဆုံး လာရောက်ခဲ့ကြတာပါ။ အနောက် ဥရောပနိုင်ငံတွေမှ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဆွစ်ဇာလန်တို့မှ အများဆုံး လာရောက်ခဲ့ကြသလို မြောက်အမေရိက၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့မှ လာရောက်မှုမှာ ကနေဒါနိုင်ငံမှ ၁၁၉၂၉ ဦး၊ အမေရိကန်နိုင်ငံမှ ၆၄၄၉၉ ဦးဖြစ်ပြီး အခြား အမေရိက နိုင်ငံတွေကလည်း လာရောက်မှုတွေ ရှိနေတဲ့ အပြင် အရှေ့ အလယ်ပိုင်း ဒေသနဲ့ အာဖရိက နိုင်ငံတွေမှ လာရောက်မှုတွေ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*