ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၁၉၊ ၂ဝ၁၃

လှိုင်မြို့နယ် တံတားဖြူ အနီး IBC ရှေ့တွင် လွန်ခဲ့သည့် မတ်လ ၁၇ရက်နေ့ ည ၈နာရီ အချိန်က ၇ဂ/၄၃၁၆ ပြိုင်ကားယာဉ်ပေါ်မှ အမျိုးသား တစ်ဦးအား ယာဉ်မောင်းသူမှ ဓားဖြင့်ထိုးပြီး ယာဉ်ပေါ်မှ ပစ်ချကာ ယာဉ်ကို မောင်းနှင် ထွက်ပြေးသွားကြောင်း သိရှိရသည့် အတွက် ၄င်း ဓားဒဏ်ရာရရှိသူအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်နေစဉ် သေဆုံး သွားသဖြင့် လှိုင်မြို့နယ် ရဲစခန်းတွင် လူသတ် မှုဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့သည်။

မောင်းနှင် ထွက်ပြေးသွားသော အမည်မသိ ယာဉ်မောင်းနှင့် ပြိုင်ကားအမှတ် ၇ဂ/၆၄၁၃ ရရှိရေး အတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှုး၏ လမ်းညွန်ချက်ဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့များက လမ်းပေါ် တက် ပိတ်ဆို့ရှာဖွေရေးများ ပြုလုပ်ခဲ့ရာ အချင်းဖြစ် ပြိုင်ကားအား မတ်လ၂ ၇ရက်နေ့ နေ့လည် ၂၂း၃ဝ မိနစ် တွင် ဒဂုံမြို့သစ်တောင်မြောက် လမ်းဆုံအနီး မြယမုံ အိမ်ယာရှေတွင် သော့တန်းလန်းဖြင့် တွေရှိခဲ့ပြီး ယာဉ်အား သက်သေများရှေ့တွင် ရှာဖွေရာ တရားခံ အသုံးပြုခဲ့သော ဓားနှင့် ကမ္ဘောဇ ဘဏ်မှ ၉၅ဝ၃၁၅၁၈၇၂၅၅၈၈၈ နံပါတ်ပါ ATM ကဒ်(၁)ခု ရရှိသဖြင့် ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ပြီး မေးမြန်းခဲ့ရာ ATM ကဒ်ပိုင်ရှင်မှာ အာမက်အေဘိုလတ်(ခ) ဦးအက်စ်ဘာဘူ ဆင်းဘိုလတ်၊ အမှတ်၆၉၊ ပြည်လမ်း ၁၁/ရပ်ကွက် လှိုင်မြို့နယ်ဟု လိပ်စာရရှိသဖြင့် သွားရောက် စုံစမ်း ဆောင်ရွက်ခဲ့ရာတွင် သေသူမှာ အာမက် အေဘိုလတ် ဖြစ်ကြောင်း သိခဲ့ရပြီး သေသူ ဝတ်ဆင်ထားသော ဂျင်းဘောင်းဘီ အိတ်အတွင်း WY စာတမ်းပါ မူးယစ်ဆေးဝါး၂၈ပြား တွေ့ရှိသဖြင့် ထပ်မံအရေးယူဆောင်ရွက်ခဲ့ရသည်၊

ထိုနောက် လူသတ်တရားခံ ဖမ်းဆီးမိရေးအတွက် အထူးအဖွဲ့သည် သေသူ၏မိသားစုများအား စုံစမ်းစစ်ဆေးခြင်း၊ ၄င်း၏ အပေါင်းအသင်းများအား စုံစမ်းဖေါ်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ သေသူ၏ ဇနီး ဒေါ်သင်းသင်းယုနှင့် အလုပ်သမား နိုင်လင်းတို့အား စစ်ဆေးရာ သေဆုံးသူနှင့် ၄င်း၏ မိတ်ဆွေ ကိုခိုင်(ခ) ကျော်မင်းခိုင်တို့ ၇ဂ/၄၃၁၆ ပြိုင်ကားဖြင့် ထွက်သွားရာမှ ကျော်မင်းခိုင် ပျောက်ဆုံး နေကြောင်း စုံစမ်း သိရှိရသဖြင့်ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ၄င်းနေထိုင်ရာ ၄င်း သွားလာရာ များ သို့လိုက်လံ စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်၊

တရားခံ အသုံးပြုခဲ့သည့် ပြိုင်ကား

တရားခံ အသုံးပြုခဲ့သည့် ပြိုင်ကား

 

သေဆုံးသူ

သေဆုံးသူ

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*