အနုပညာသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၂၊ ၂ဝ၁၃
စည်းကားခဲ့သည့် စာအုပ်ဈေးရောင်းပွဲတော် မြင်ကွင်း

စည်ကားခဲ့သည့် စာအုပ်ဈေးရောင်းပွဲတော် မြင်ကွင်း

နိုင်ငံတစ်နိုင်ငံတွင် ရသစာပေ ဖွံ့ဖြိုးရန် ဆိုလျှင် ပြည်သူများ ဝမ်းဝရန် လိုအပ်ပြီး ထိုသို့ ပြည်သူများ စားဝတ်နေရေး ပြေ လည်နေမှသာ စာဖတ်နိုင်မည်ဖြစ်ကြောင်း စာရေးဆရာမ ဂျူးက ဖေဖော်ဝါရီ ၂ ရက် က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ ခဲ့သည့် စာအုပ်ဈေးရောင်းပွဲတော် တတိယရက် စာပေဟောပြောပွဲတွင် ပြောကြားသည်။

“ရသစာပေ မွေ့လျော်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရာ၌ စာရေးဆရာမ ဂျူးက ယင်း၏ဘဝတွင် ရသစာပေ၏ လွှမ်းမိုးခံခဲ့ရပုံနှင့် ရသစာပေ၏ ပြုပြင်မှုများဖြင့် မိမိ၏ဘဝတွင် ဆရာဝန်အဖြစ် ရပ်တည်ရန် အင်အားဖြစ်ခဲ့ရပုံ များကို ထည့်သွင်း ပြောကြားခဲ့သည်။

“ရသဆိုတာ လူတွေအကြောင်း လူ့အဖွဲ့အစည်း အကြောင်း ရေးတာ ပဲ။ လူတွေက ကိုယ့်အကြောင်း ကိုယ် သိချင်နေသရွေ့ ရသစာပေ မတိမ်ကော ပါဘူး။ နောက်တစ်ခုက ရသစာပေက လူတွေကို တွေးခေါ် မြော်မြင်စေ ပါတယ်” ဟု ယင်းက ဆိုပါသည်။

ထို့ပြင် စာရေးဆရာမ ဂျူးက ပြည်သူများအနေဖြင့် စားဝတ်နေရေး ပြေလည်မည်ဆိုလျှင် အပိုငွေကို စာအုပ်ဝယ် ဖတ်နိုင်ကြမည် ဖြစ်ပြီး မိမိအနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် မည်သူပင်ဖြစ်စေ တိုင်းပြည်ကို ထမင်းဝအောင် လုပ်နိုင်သော ခေါင်းဆောင် တက်နိုင်စေရန် ဆုတောင်းပါကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံစာပေထုတ်ဝေသူ နှင့် ဖြန့်ချိသူများအသင်းမှ ကြီးမှူး ကျင်းပခဲ့သည့် အဆိုပါစာအုပ်ဈေး ပွဲတော်တွင် စာအုပ်တိုက် အများအပြားမှ သုတ၊ ရသစာအုပ်မျိုးစုံကို ၅ဝ ရာခိုင်နှုန်း၊ ၄ဝ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်း အစ ရှိသဖြင့် လျှော့ဈေးဖြင့် ရောင်းချပေးခဲ့ကြပြီး စာပေကို စိတ်ဝင်စားသည့် အရွယ်စုံ၊ အလွှာစုံမှ ပရိသတ်များ လာရောက် အားပေးဝယ်ယူခဲ့ကြသည်။ အဆိုပါ ပွဲတွင် စာအုပ်လာရောက်ဝယ်ယူနေ သူ လူငယ်တစ်ဦး ကလည်း “အခြား ပွဲတော်တွေထက် အခုလိုစာအုပ်ပွဲ တော်မျိုးလုပ်တာက အများကြီး အကျိုးရှိပါတယ်။ ကိုယ်လိုချင်တဲ့ အချို့ စာအုပ်တွေ လျှော့ဈေးနဲ့ ရခဲ့တာလည်းအရမ်းကောင်းတယ်” ဟု ယင်း၏အမြင်ကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စာပေထုတ်ဝေသူ နှင့် ဖြန့်ချိသူများ အသင်းမှ အတွင်း ရေးမှူးတစ်ဦးဖြစ်သူ ဦးသိမ်းစိုးက လည်း ယခုကျင်းပ သည့် အမျိုးသား ကဇာတ်ရုံသည် ကားမှတ်တိုင် များ နှင့်မနီးဘဲ တကူးတက လာရောက်ရ သည့်နေရာဖြစ်သဖြင့် ယခု လာ ရောက်သော ပရိသတ်များသည် အမှန်တကယ်စာအုပ်ဝယ်ယူရန်နှင့် စာပေဟောပြောပွဲ နားထောင်ရန် လာရောက်ကြသည့် ခိုင်မာသောပရိ သတ်များသာဖြစ်ကြောင်းဆိုသည်။

“ပရိသတ်က တစ်ရက်ထက် တစ်ရက် ပိုများလာတယ်။ အခုလို ပွဲမျိုးကို တစ်နှစ်တစ်ခါမှ မဟုတ်ဘဲ အခြေအနေ ပေး ရင် ပေးသလိုလုပ် သွားဖို့ရှိပါတယ်။ ရောင်းရခြင်း၊ မရောင်းရခြင်းထက် ဒီလိုလှုပ်ရှား မှုတွေရှိတော့ လူတွေက ပိုပြီးတော့ သတိပြုမိစေတာပေါ့” ဟု ယင်းက ပြောပါသည်။

ထို့ပြင် ယခုကျင်းပခဲ့သော စာအုပ်ဈေးရောင်းပွဲတော်သည် စီစဉ် ရသည်များ များပြားပြီး မလွယ်ကူသော် လည်း အောင်မြင်သည်ဟု ပြောဆို၍ရကြောင်း၊ လူများဝယ် ခြင်း၊ မဝယ်ခြင်းထက် မိမိတို့စာအုပ် တိုက်နှင့် မိမိတို့ ထုတ်ဝေသည့် စာအုပ်များကို လူအများ သိရှိသွားခြင်းသည် ယင်းစာအုပ်တိုက်များ၏ ပုံရိပ်နှင့် လှုပ်ရှားမှုတွင် များစွာ အကျိုးရှိကြောင်း ဦးသိမ်းစိုးက ဆိုပါသည်။

ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း ရှိ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ် ခဲ့သည့် စာအုပ်ဈေးရောင်းပွဲတော် နှင့် စာပေ ဟောပြောပွဲကို ဇန်နဝါရီ ၃၁ မှ ဖေဖော်ဝါရီ ၃ ရက်ထိ စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည် ဟု သိရှိရသည်။ ပြီးခဲ့သည့် ဇန်န ဝါရီ ၂၆ ရက်မှ ၂၈ ရက်ထိ တော် ဝင်စင်တာတွင် ကျင်းပခဲ့သည့် စာ အုပ်ဈေးရောင်းပွဲတော် တွင်လည်း ဆိုင်ခန်းပေါင်း ၇ဝ ကျော် လာရောက် ရောင်းချခဲ့ကြပြီး ပျမ်းမျှကျပ်သိန်း ၂ဝဝ ကျော်ဖိုး ရောင်းချ ခဲ့ရသည်ဟု သိရှိရပါသည်။

ဝ၆ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*