ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တစ်နေရာမြင်ကွင်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တစ်နေရာမြင်ကွင်း

ဌာနဆိုင်ရာများ အနေဖြင့် အစားအသောက် သန့်ရှင်းမှုများကို မည်သို့ပင် စစ်ဆေးမှုများ၊ တားမြစ်မှုများ ပြုသော် လည်း ပြည်သူများ ကိုယ်တိုင်ကပင် ကျန်းမာရေးအသိ ရှိမှသာ ပိုမိုထိရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ၏ ပြောကြား ချက်အရ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ ကျန်းမာရေးဌာန အပါအဝင် အစားအသောက်နှင့် ဆေးဝါးကော်မတီ (FDA)၊ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ရန်ကုန်မြို့တွင်းရှိ သံဈေး၊ ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေး စသည့် ဈေးများရှိ လက်ဖက်၊ ငါးပိ၊ ငရုတ်သီးမှုန့်၊ ဆီ စသည့် စားသောက် ကုန်ပစ္စည်းများ ကို မကြာခဏ ဝင်ရောက် စစ်ဆေး လျက်ရှိကြောင်း၊ သို့ရာတွင် အချို့ သော စားသုံးသူများ ကိုယ်တိုင်၏ ဆိုးဆေး အရောင်များကို တပ်မက်မှုကိုမူ မိမိတို့အနေဖြင့် ဟန့်တားပေးရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေး အသိပညာရှိရန် လွန်စွာမှ လိုအပ်ကြောင်း အထက်ပါ စည်ပင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ယခုလ  ၁၇ ရက် တွင် မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်နယ် နိမိတ်အတွင်းရှိ စားသောက်ဆိုင်ကြီး များ၊ အလတ်တန်းစားအဆင့် စားသောက် ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ စုစုပေါင်း၊ ၇ဝဝဝ ဝန်း ကျင်ခန့်ရှိသော်ငြား မြို့တော်စည်ပင် မှ နှစ်နှစ်လျှင် တစ်ကြိမ် ခန့်ရွေးချယ် ပေးအပ် သည့် အစားအသောက်စိတ် ချလုံခြုံမှု လက်မှတ် (Food Safety Certificate)ရ အဆင့်မြင့် စားသောက်ဆိုင်နှင့် အလတ်စား စားသောက်ဆိုင် ၁၅ဝ ဝန်းကျင်ခန့် သာ ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုတွင် စစ်ဆေး ခံရသည့် စားသောက်ဆိုင်များ၏ ချက်ပြုတ်ဆောင်တွင် အမှိုက်ပုံး လုံခြုံမှု (အဖုံးရှိမှု၊ အရည်ယိုစိမ့်ခြင်း ကင်းမဲ့မှု)၊ အနံ့လုံခြုံမှု၊ ယင်လုံမှု အပြင် အစားအသောက်ရောင်းချ ကိုင်တွယ်သူများ၏ ကျန်းမာရေး သန့်ရှင်းမှုရှိ၊ မရှိ စသည့်အချက်များ အပေါ် အခြေခံကာ အမှတ်ပေး ကြောင်း သိရသည်။

အထက်ပါ အချက်များနှင့် မညီညွတ်ပါက ပြည်သူ့ကျန်းမာရေး အတွက် ဆိုးဝါးစွာ ထိခိုက်စေနိုင် သည့်အပြင် ဆိုးဆေး ပါဝင်သည့် အစားအသောက်များကို စားသုံးမိပါ က ဝမ်းပျက်ဝမ်းလျောရောဂါများ၊ အသည်းရောင် အသားဝါရောဂါ များ အပြင် ကင်ဆာရောဂါအထိပါ ဖြစ်ပွားနိုင်ကြောင်း ပြည်သူများအနေ ဖြင့် သိရှိကြသော်လည်း မိမိတို့၏ စီးပွားရေး အခြေအနေ အရ လိုက်နာ နိုင်မှု အားနည်းသည်ကို တွေ့ရသည်။

မြို့တော်စည်ပင်၊ ကျန်းမာရေး ဌာနမှ ပြည်သူများ နေ့စဉ်ဘဝစားသုံး လျက်ရှိသည့် အစားအသောက် များ၏ စိတ်ချလုံခြုံမှု စစ်ဆေးခြင်းများ အနေဖြင့် စားသောက်ဆိုင်များကို စစ်ဆေးခြင်း၊ ဈေးများတွင် ရောင်း ချလျက်ရှိသည့် အစား အသောက်များကို စစ်ဆေးခြင်း၊ ကျောင်းတွင်း စားသောက်ဆိုင်များ၏ သန့်ရှင်းမှုကို စစ်ဆေးခြင်း၊ ကိုယ်ပိုင်ဈေး (ဥပမာ Shopping Mall) တို့မှ အစားအသောက်များ၏ သက်တမ်းကုန်ရက် များကို  ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်းများကိုပါ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဝဝ၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*