ခေါင်းကြီးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၈၊ ၂ဝ၁၂

သတင်းစာဆရာ ရဲနိုင်မိုး၊ မသီတာ(စမ်းချောင်း)၊ ကိုဌေးကြွယ်နှင့် အင်ဒီပဲန်ဒင့်၏ အလုပ်သင်သတင်းထောက်များ

ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ လေ့ကျင့်ပြင်ဆင်ခဲ့သော မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်သည် မေလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြည်သူလူထုထံ မှတ်ကျောက်အတင်ခံရန် အလုပ်သင်သတင်းထောက်များ သင်တန်းဆင်းပွဲနှင့် ဂျာနယ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းလက်မှတ်ရရှိကြမည့် အလုပ်သင်သတင်းထောက်များကို ၂၀၁၂ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ စတင်ကာ သတင်းစာဆရာ ရဲနိုင်မိုး (၂၀၀၀ ပြည့်နှစ် University of California(Berkeley)မှ သတင်းစာပညာသင်တန်းကို တစ်နှစ်စာ ပညာတော်သင်အနေဖြင့် တက်ရောက်ခဲ့သူ)မှ Journalism 101 ကို သင်ကြားပြီး အခြားနယ်ပယ် အသီးသီးမှ ပညာရှင်များက ဘာသာရပ်ဆိုင်ရာများ ၃ လကြာ လေ့ကျင့်သင်ကြားထားသူများ ဖြစ်သည်။

သင်တန်းဆင်း လက်မှတ်ရရှိကြမည့် မျိုးဆက်သစ် သတင်းထောက်များ၏ လွတ်လပ်သောသတင်းများဖြင့် ထုတ်ဝေမည့် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်သည် ဇွန်လ ၇ ရက်နေ့မှ စတင်ကာ ပြည်သူလူထုထံတွင် မှတ်ကျောက်အတင်ခံတော့မည် ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*