ခေါင်းကြီးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဧပြီ ၃ဝ၊ ၂ဝ၁၂

တတိယအကြိမ် ပြည်သူ့လွှတ်တော် မြင်ကွင်း - ဓာတ်ပုံ ဒဲဒီ -

ဧပြီလ ၂၃ ရက်တွင် လွှတ်တော် မဝင်နိုင်ခဲ့သည့် NLDသည် ယခုလာမည့် မေလ ၂ ရက်နေ့တွင် ပြည်သူ့ ဆန္ဒကို လိုက်လျောသောအား ဖြင့် လွှတ်တော်ထဲသို့ ဝင်တော့မည်ဖြစ်ကြောင်း၊ ယနေ့ ဧပြီ ၃ဝရက် အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

NLD အနေဖြင့် စကားရပ်ကိစ္စကြောင့် လွှတ်တော်ထဲဝင်ရန် ရွှေ့ဆိုင်းထားခဲ့ပြီး ယခုအခါ ပြည်သူ့ဆန္ဒနှင့် မဟာမိတ်တိုင်းရင်းသားပါတီများ၏ ဆန္ဒကို လိုက်လျောပြီး လွှတ်တော်ဝင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ခံရတဲ့ အကြောင်းက ပထမအချက် အနေနဲ့ပြောရရင် ပြည်သူလူထုရဲ့ဆန္ဒအရ၊ ကျွန်မတို့မဲဆန္ဒရှင်များ ကျွန်မတို့ကို မဲပေးခဲ့တဲ့ ပြည်သူများက ကျွန်မတို့ လွှတ်တော်ထဲ ရောက်သွားတာကိုအင်မတန်မှ မြင်ချင်တယ်။ ကျွန်မတို့ကလည်း ပြည်သူ့ရဲ့ အသံကို နားထောင်တာကြောင့် လွှတ်တော်ထဲကို ဝင်စေချင်တယ်ဆိုတာ သိရတယ်။ လွှတ်တော်ထဲက တိုင်းရင်းသား ပါတီတွေ မဟာမိတ်တွေကလည်း လွှတ်တော်ထဲမှာ အတူတကွပူးပေါင်းလုပ်ဆောင်လိုကြတယ်ဆိုပြီး၊ မေတ္တာ ရပ်ခံချက်ကိုလည်း ကျွန်မတို့အနေနဲ့ အင်မတန်မှ တန်ဖိုးထားတယ်၊ အလေးထားတယ်”ဟု ပြောကြားသည်။

ထို့အပြင် စကားရပ်ဆိုင်ရာ ကိစ္စရပ်နှင့်ပတ်သက်ပြီး“တချို့က အလျှော့ပေးတယ်လို့ ပြောချင်ပြောကြမှာပါ။ အလျှော့ပေးတာမဟုတ်ပါဘူး။ ကျွန်မတို့ပြည်သူ့ဆန္ဒကို လိုက်လျောတာပါ။ ကျွန်မတို့ မဟာမိတ်တွေရဲ့ဆန္ဒကို ကျွန်မတို့အလျှော့ပေးတယ်။ ပြည်သူကနေ အင်မတန်မှ လှိုက်လှိုက်လှဲလှဲထောက်ခံပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်နိုင်ထားတဲ့အဖွဲ့ဖြစ်တာကြောင့် သဘောထားကြီးဖို့ ဆိုတာလည်း အင်မတန်မှ လိုပါတယ်။ ကျွန်မတို့ဟာ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို ကျွန်မတို့ လက်တွေ့ကျကျ လုပ်ဆောင်ဖို့ လိုပါတယ်။ နံပါတ် တစ်ကတော့ ပြည်သူ့ရဲ့ ဆန္ဒနဲ့ကိုက်ညီအောင်လို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ကိုက်ညီအောင်လို့ အမြန်ဆုံးလွှတ် တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင်ကျမ်းကျိန်ဖို့ ဖြစ်မြောက်ဖို့အတွက် ဆောင်ရွက်သွားမယ်”ဟု ဆိုသည်။

ဧပြီလ ၂၉ ရက်တွင် NLDလွှတ်တော်တက်ရေးနှင့်ပတ်သက်ပြီး၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ အေးမောင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံပြီး တိုင်းရင်းသားပါတီများ၏ သဘောထားကို တင်ပြဆွေးနွေးခဲ့သည့် အကြောင်းကို ကျွန်မတို့ကို မနေ့က ဒေါက်တာအေးမောင် လာပြီးတွေ့တယ်ဆိုတာလည်း အများသိပြီးသားဖြစ်မှာပါ။ လွှတ်တော်ထဲက တိုင်းရင်း သားပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေတင်မကဘူး၊ တစညလည်းပါတယ်။  တခြားပါတီတွေလည်းပါတယ်။ အားလုံးကစုပေါင်းပြီး ကျွန်မတို့ကို လွှတ်တော်ထဲကို တက်စေချင်ပါတယ်။ လွှတ်တော်ထဲရောက်မှ အတူတူ ပူးပေါင်းလုပ်ဆောင်ပြီး ပြောင်းလဲစေသင့်တာတွေကို ပြောင်းလဲစေချင်ပါတယ်လို့ ဆိုတယ်။ ဒီတော့ ဒီစာက အင်မတန်မှ မဟာမိတ်သဘောတရား ဆောင်တယ်။ အားလုံးက ပူးပေါင်းလုပ်ဆောင်ချင်တဲ့အကြောင်းကို ဖော်ပြထားတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း ကို ရေးထားတဲ့စာကလည်း အားလုံးစုပြီး လက်မှတ်ထိုး တာက ၁၆ ခုရှိတယ်။ကျွန်မတို့အနေနဲ့လည်း ဒါတွေအားလုံးကို သုံးသပ်ပြီးတော့ ကျွန်မတို့အနေနဲ့ သဘော ထားကြီးကြီးနဲ့ လိုက်လျောသင့်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ကလည်း လွှတ်တော်ထဲမှာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်လိုတဲ့ ဆန္ဒအများကြီးရှိတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

 

 

MIJ027, မြန်မာအင်ဒီပဲန်ဒင့် 017

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.