ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၄၊ ၂ဝ၁၂

ယနေ့ မနက် ပြည်မြို့ မီးရရှိရေး ဆန္ဒထုတ်ဖော်ရာ၌ ဖမ်းဆီးခံရသော အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ နေ့လယ် ၂း၃ဝ ခန့်က အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း တရားစွဲဆိုခံထားရကြောင်း လွတ်မြောက်လာသူ တစ်ဦးဖြစ်သူ ကိုဇော်ထွန်းထံမှ သတင်းရရှိသည်။

အဆိုပါ ဖမ်းဆီးခံရသော HRDB မှ ကိုဇော်ထွန်းနှင့် ကိုကျော်ဆွေ၊ အန်အယ်လ်ဒီမှ ကိုဝင်းလှိုင်နှင့် မဂျွန် တို့အပြင် ကိုအောင်မိုးကျော်၊ ကိုသန်းဌေး​အောင်တို့အား ပြည်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တို့က အာမခံပေးခြင်းဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့နောက် မိမိတို့အား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း၊ အဆိုပါ ပုဒ်မ ၁၈ သည် ဆန္ဒဖော်ထုတ်ခြင်းကို ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ပြုလုပ်ခြင်းဖြစ်၍ တရားစွဲဆိုခြင်း​ ဖြစ်ကြောင်း ကိုဇော်ထွန်းက မြန်မာအင်ဒီပဲန်ဒင့်သို့ သတင်းပေးပို့သည်။

ဆက်လက်ပြီး မိမိတို့အနေဖြင့် ယနေ့ ည ၈းဝဝ မြင်းစီးကျောက်ရုပ်ရှေ့၌ ဆန္ဒဖော်ထုတ်ခြင်းများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

ဝဝ၄၊ ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*