ခေါင်းကြီးသတင်း — မန္တလေး၊ ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၃
ယာဉ်ကြော ရှုပ်ထွေး လှသည့် မန္တလေး မြို့တွင်း လမ်း တစ်နေရာ

ယာဉ်ကြော ရှုပ်ထွေး လှသည့် မန္တလေး မြို့တွင်း လမ်း တစ်နေရာ

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်တွင် အသစ်ဖွင့်လှစ်မည့် ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နား စခန်း အတွင်းရှိ ဂိတ်စခန်း များအား မူလက ဂိတ်ခန်းတစ်ခန်းလျှင် ၃ သိန်း ကျပ်နှုန်းသတ်မှတ်ထားရာမှ အဆင် မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ပြီး ၁သိန်းခွဲကျပ်သို့ လျှော့ချခဲ့ ကြောင်း သိရသည်။

မန္တလေး မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ် လုပ်ကိုင်နေသော ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အနေဖြင့် အသစ် ဆောက်လုပ် ပြီးစီးပြီ ဖြစ်သည့် ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နား စခန်းသို့ မိမိတို့အစီအစဉ်ဖြင့် ဂိတ်စခန်းများ ဝယ်ယူငှားရမ်းခြင်းများ ပြုလုပ်၍ ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံး ထား ပြောင်းရွှေ့ပေးကြရန် ကြေညာ ချက်နှင့် ပတ်သက်ပြီး ဒေသခံ လုပ်ငန်းရှင်များ ဘက်က မကျေနပ်မှုများ ရှိခဲ့ကြသည်။

ထိုစဉ်က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအတွက် အဆင်မပြေမှု ဖြစ်ပေါ်ခဲ့ကြသည့်အတွက် အသစ်ဖွဲ့စည်း ပေးခဲ့သည့် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အကြံပေးအဖွဲ့မှ ကြားဝင်ညှိနှိုင်းဆောင် ရွက်မှု တချို့ပြုလုပ်ခဲ့ရသည်ဟု မန္တလေး တိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောရာတွင် “သူတို့ သတ်မှတ်တဲ့ ဂိတ်ခန်း တစ်ခန်းရဲ့ ရောင်းဈေးနဲ့ငှားရမ်းခဆိုတာက အင်မတန် များတာ ဒီလိုနှုန်းထားနဲ့ငှား ရမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဖေဖော်ဝါရီ ၁၅ ရက်အတွင်း ပြောင်းရွှေ့ရမယ်လို့ လာတယ်၊ အဲဒါနဲ့ပဲ စည်ပင် အကြံပေးအဖွဲ့နဲ့ ညှိနှိုင်းခဲ့ကြတာ အခုတော့ ပြေလည်သွားပါပြီ နို့မိုဆို အသင်းသား တွေရဲ့ဆန္ဒအတိုင်း ဂိတ်တွေအားလုံး ပိတ်သိမ်းကြမှာ” ဟု ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်နှုန်း ထားဖြစ်သည့် ဂိတ်ခန်းတစ်ခန်း သိန်း ၇ဝဝ ကျပ်နှင့် ငှားရမ်းခ တစ်လ လျှင် ၃ သိန်းကျပ်နှုန်း ဆိုသည်မှာ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များအတွက် များပြား သည့် ဈေးနှုန်းဖြစ်ပြီး ယခုလို တောင်းဆို ညှိနှိုင်း ဆောင်ရွက်ခဲ့သည့်အတွက် ငှားရမ်းခ တစ်လလျှင် ၁ သိန်း ၅ သောင်း ကျပ်နှုန်းဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်းသိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အကြံပေးအဖွဲ့၏ ပွဲဦးထွက် ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် အဆင်ပြေခဲ့သည့် အတွက်လည်း ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင် များဘက်က အထူးအားရ ကျေနပ်မှုများ ရှိနေကြောင်းနှင့် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ကာ ကုန်စည်ဂိတ်များ စတင် ပြောင်းရွှေ့နေကြကြောင်း အဆိုပါ အကြံပေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

လုပ်ငန်းရှင်များဘက်က တောင်းဆိုရာတွင် ဂိတ်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၂၅ဝ နှင့်သိန်း ၃ဝဝ ကြား သာ တန်ဖိုးထား သတ်မှတ်သင့်ကြောင်း၊ ထိုသို့သတ်မှတ်ရာ တွင်လည်း အရစ်ကျ စနစ်ဖြင့်သာ ရောင်းချပေး နိုင်ရန်နှင့် ငှားရမ်းမည့် နှုန်း ထားကိုလည်း မူလ သတ်မှတ်ဈေးနှုန်းထက် တစ်ဝက်သာလျှင် သတ်မှတ်သင့် ကြောင်း တင်ပြ တောင်းဆို ခဲ့သည် ဟု သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအား ရွှေ့ပြောင်းစေ ခိုင်းခြင်းများနှင့် ပတ်သက်၍ လုပ်ငန်း ရှင် များဘက်က အခက်အခဲ တချို့ နှင့်ရင်ဆိုင်ခဲ့ရသကဲ့သို့ ယခင်ကားဝင်း ကိုအမှီပြု လုပ်ကိုင် စားသောက်နေကြရသည့် လူတန်းစား တစ်ရပ်အတွက်လည်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ ကြရသည်။

ယာဉ်ကြော အသုံးပြုသူများဘက်က ပြောရာတွင် ယခုကဲ့သို့ ကုန်တင်ကားကြီး များအား မြို့တွင်းသို့ ဝင်ရောက်ခွင့် တားမြစ်လိုက်သည့်အတွက် မြို့တွင်းလမ်း အသုံးပြုသူများအနေနှင့် ယခင်ကထက် အဆင်ပြေ ချောမွေ့လာနိုင်သည်ဟု ဆိုပြန်သည်။

“ဆယ်ဘီးကားကြီးတွေ ဝင်တဲ့ လမ်းတိုင်းဟာ လမ်းကောင်းကို မရှိ တော့ဘူး။ အခုလိုဆိုတော့ လမ်းတွေ ပျက်တာတွေ ဘာတွေ သိပ်မရှိနိုင်တော့ဘူး။ တစ်ခု ရှိတာ ကတော့ ကုန်တင်ကားကြီးတွေ မြို့တွင်းပေးမဝင်တဲ့ အတွက် လုပ်ငန်းရှင်တွေ ဘက်က ကုန်စည်စီးဆင်းမှုတော့ နည်းနည်း အခက်အခဲရှိနိုင်တယ်။ ဒါဆိုရင် သူ တို့ဘက်က ဈေးနှုန်းမြှင့်ပြီး ရောင်းတော့ မှာ ကုန်ဈေးနှုန်း ကြီးမြင့်လာနိုင်တယ်ပေါ့ဗျာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ တောင်းဆိုထားသည့် အချက်အလက်များနှင့် ပတ်သက်၍လည်း ယခု အခါတွင် ငှားရမ်းခနှုန်းသာ အဆင်ပြေ ခဲ့ပြီး ရောင်းချမည့်ဈေးနှုန်း လျှော့ချပေးရေးအတွက် ကိုတော့ ဆက်လက်ညှိနှိုင်း ဆောင် ရွက်ပေးရန် လိုအပ်သေးကြောင်း ကိုလည်း “ကျွန်မတို့က အပြုသဘော ပြောတာပါ။ ကုန်ဈေးနှုန်း တည်ငြိမ်စေဖို့ အတွက် ဆိုတာ အစိုးရဘက်မှာလည်း တာဝန်ရှိပါတယ်။ ကျွန်မတို့လို လုပ်ငန်း ရှင်တွေ ဣနြေ္ဒရရနဲ့ အလုပ် လုပ်နိုင်ဖို့ကို သူတို့ဘက်က လုပ်ပေးသင့်ပါတယ်။ အခုဟာက ဟိုနေရာ ပြောင်းခိုင်းလိုက် ဒီနေရာ ပြောင်းခိုင်းလိုက်နဲ့” ဟု ကုန်စည်ဒိုင် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မန္တလေးမြို့ ကားကြီးဝင်း

မန္တလေးမြို့ ကားကြီးဝင်း

ဝဝ၉

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*