တိုင်းရင်းသားသတင်း — မြစ်ကြီးနား၊ မေ ၂၃၊ ၂ဝ၁၂

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှု မရှိသလောက် နည်းကြောင်း၊ မေ လ ၂၂ ရက်နေ့တွင် မြစ်ကြီးနား မူးယစ်ရုံးတွင် မူးယစ်စုံးစမ်းရေး အထူးအဖွဲ့မှ ရဲအုပ်တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောခဲ့သည်။

မြစ်ကြီးနားမြို့အဝင် တစ်နေရာ

မြစ်ကြီးနားမြို့အဝင် တစ်နေရာ

ယခင်က မူးယစ်ဆေးဝါး အများဆုံးတွေ့ရသော တပ်ကုန်းရပ်ကွက်၊ စီတာပူရပ်ကွက်နှင့် ရှမ်းစုမြောက် မြစ်ကမ်းဘေး တစ်လျှောက်တွင် ရောင်းဝယ်ဖောက်ကားမှု မရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း၊ ယင်း ရပ်ကွက်များတွင်ပါ မရှိတော့ကြောင်း၊ စီမံချက် ၆ လအတွင်း အမှုပေါင်း ၂ဝ၁ မှုတွင် တရားခံ ၂၇၃ ဦး ဖမ်းမိကြောင်း၊​ ကျောင်းသား​​    ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါး မသုံးစွဲရန် စီမံချက်ဖြင့် ဟောပြော ပို့ချလျက်ရှိကြောင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်မြို့များရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ မရှိ တော့ကြောင်းကို ““မိုးညှင်း၊ မိုးကောင်းတို့မှာဆိုရင်​​     ဆေးရောင်းတဲ့သူတွေ မနေရဲတော့ဘူး၊ မြို့နဲ့ဝေးတဲ့ နေရာမှာပဲ ရောင်းဝယ်ရဲကြတော့တယ်””ဟု အခြားရဲအရာရှိ ​​ တစ်ဦးက ပြောခဲ့သည်။

တပ်ကုန်းရပ်ကွက်တွင် နေထိုင်သူ ဆရာမ တစ်ဦးကလည်း ““ညဆိုရင် သိပ်အိပ်မပျော်ဘူး၊ သူခိုးရန်၊ဘိန်းစားရန် ​   ​ကြောက်ရတယ်””ဟု ပြောခဲ့သည်။ မြစ်ကြီးနားမြို့ အ.ထ.က (၁) ကျောင်းမှ ကျောင်းသူ တစ်ဦးကလည်း ““တစ်ခါတလေ ကျောင်းက အိမ်သာမှာ ဆေးထိုးအပ်တွေ တွေ့ရတယ်””ဟု ပြောခဲ့သည်။ မြစ်ကြီးနား တက္ကသိုလ် ​​  ကျောင်းသူတစ်ဦး ကလည်း ““ကျောင်းမှာဆို ဆေးထိုးအပ်တွေကို တစ်ခါတလေ အပုံလိုက် တွေ့ရတယ်။ တစ်​လောက ဆရာတစ်ယောက်​တောင် ခြေထောက်မှာ စူးသွားသေးတယ်””ဟု  မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောခဲ့သည်။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေး မသုံးစွဲနိုင်ရေးအတွက် မြစ်ကြီးနား တက္ကသိုလ်၊ ကွန်ပျူတာကောလိပ်နှင့် နည်းပညာကောလိပ်တို့တွင် စီမံချက်များနှင့် ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်အထူးစုံစမ်းရေးက ရဲအုပ်၏​​    ပြောပြချက်အရ သိရသည်။

ဝဝ၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. ၏ကဲ့သို့သော သတင်းသည် သုသေသနမပြုလုပ်ပဲ အထူးရဲအုပ်တစ်ယောက်လောက်ရဲ့စကားနဲ့တင် အစိုးရ၀ါဒသတင်းလိုမရေးသင့်ပါ…ရဲများက မူးယစ်လုပ်ငန်းကိုအဓိကပံ့ပိုးနေသူများဖြစ်သည်ကို ရန်ကုန်မှ သတင်းဌာနမှ မရေးနိုင်ခြင်းသည်…သိပ်သဘာမကျပါ…

Leave a Reply to မြစ်ကြီးနား Cancel reply

Your email address will not be published. Required fields are marked *

*