Global Fund ၏ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး၊ တီဘီရောဂါ တိုက်ဖျက်ရေးနှင့် ငှက်ဖျားရောဂါ တိုက်ဖျက် ရေး အကူအညီများ ပြန်လည် ဝင်ရောက်လာသဖြင့် ယခုအခါ  မြန်မာနိုင်ငံ၏ HIV/AIDS ကုသရေး၌ ကြီးစွာ သော ဆေးဝါး မလုံလောက်မှုနှင့် အခြား လစ်ဟာမှုများကို ကျဉ်းမြောင်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိုကဲ့သို့ အကူအညီ များကို ပြန်လည် ရရှိခဲ့သည်မှာ ယမန်နှစ် နိုဝင်ဘာလမှ စတင်ခဲ့ပြီး မြန်မာနိုင်ငံရှိ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ မှ Peter Paul de Groote က ပြောကြားခဲ့ပါသည်။ “အရင်က ဒီလို ဖြစ်လိမ့်မယ် မထင်ခဲ့ဘူး”ဟု Peter က ဖွင့်ဟခဲ့ပါသည်။

ကုလသမဂ္ဂ၏ HIV/AIDS တိုက်ဖျက်ရေး UNAIDS အဆိုအရ မြန်မာနိုင်ငံတွင် နှစ်စဉ် အဆိုပါ ရောဂါကြောင့် လူပေါင်း သောင်းရှစ်ထောင်မျှ သေဆုံးနေရပါသည်။ အဆိုပါ အေဂျင်စီ၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် HIV ဝေဒနာသည်ပေါင်း ၁၂ဝဝဝဝ အနက် သုံးပုံတစ်ပုံသာ Antiretroviral (ARVs) ဆေးဝါးများ ရရှိနေရာမှ ယခုအခါ အဆိုပါလိုအပ်ချက်ကို ကျဉ်းမြောင်း ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ကုလ သမဂ္ဂအေဂျင်စီ၏ ကျန်းမာရေး အရာရှိ များသည် ၂ဝ၁၅တွင် မြန်မာနိုင်ငံ၏ HIV/AIDS တိုက်ဖျက်ရေး ဆေးဝါးလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးနိုင်ရန် Global Fund ၏ တာဝန်ရှိသူများထံ တင်ပြထားပါသည်။ Global Fund ၏ အကြောင်း ပြန်ချက် တွင် မြန်မာအစိုးရ သည် ရောဂါတိုက်ဖျက်ရေး ဗျူဟာ အခင်းအကျင်း အဆိုပြုချက်ကို လာမည့် နှစ်ဆန်းတွင် တင်ပြရန် လိုအပ် မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ AIDS ဝေဒနာသည်များကို ထိရောက်သော ကုသမှုပေးနိုင်ရန် မြန်မာအစိုးရကို အဆိုပြုစေရန် တိုက်တွန်းမှု ကို လွန်ခဲ့ သော ဩဂုတ်လက Global Fund ၏ ညွှန်ကြားရေးမှူး မြန်မာနိုင်ငံသို့ လာစဉ် တိုက်တွန်းခဲ့သည်ဟု  Global Fund ပြောဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေး ဝန်ထမ်းများ၏ အဆိုအရ အစိုးရ၏ ARVs ဆေးအတွက် အမေရိကန် ဒေါ်လာ ၂.၄ သန်း ချပေးမှုနှင့် Global Fund ၏ အစီအမံသစ်များ ကြောင့် HIV တိုက်ဖျက်ရေး လုပ်ငန်းကို မြှင့်တင်နိုင်ခဲ့ပါ သည်။ မန်နေဂျာ အသစ်များ ခန့်အပ်ခြင်းနှင့်အတူ ရန်ပုံငွေရှာခြင်း ပုံစံသစ်များကြောင့် လာမည့်နှစ်တွင် ပို၍ အလုပ်တွင်ကျယ် မည် ဖြစ်သည်ဟု Global Fund မှ ပြောကြားပါသည်။

ARVs ဆေးများ လိုအပ်ချက်မှာ မြန်မာနိုင်ငံအတွက် ထိပ်တန်း ဦးစားပေးရမည် ဖြစ်ပြီး အကူအညီအတွက် ငွေ အလုံအလောက် ရမည်ဆိုလျှင် မရေမရာ အခြေအနေများ အပေါ် အားထားနေရသော အခြေအနေမှ ပစ်မှတ်ထား၊ ထိန်းချုပ်၊ ရေရှည် အခင်းအကျင်းတို့မှသည် ထိရောက် လျင်မြန်သော အကျိုးသက်ရောက်မှုများ ရရှိနိုင်မည် ဟု မြန်မာနိုင်ငံရှိ ကျန်းမာရေး ကျွမ်းကျင်သူများမှ ပြောဆိုပါသည်။ ပြင်ပမှ ဝင်ရောက်လာသော ပိုးမွှားများကို ကာကွယ်ပေးမည့် သွေးဖြူဆဲလ် (CD 4) ၁၅ဝ နှင့် အောက် လျော့နည်းနေပြီ ဖြစ်သော အေ့ဒ်စ် ဝေဒနာရှင် များကို မြန်မာနိုင်ငံရှိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ARVs ဆေးများ တိုက်ကျွေးနေခြင်းနှင့် (CD 4 ) ၃၅ဝ အောက် ရှိသူများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ARVs ဆေး တိုက်ကျွေးနိုင်မှုကို နှိုင်းယှဉ် ကြည့်လျှင် မြန်မာနိုင်ငံအတွက် လိုအပ်ချက်ကို ခန့်မှန်း နိုင်ကြောင်း de Groote က ပြော ကြားပါသည်။ CD 4 ဆဲလ်ရေတွက် မှုမှာ အဆိုပါ လူနာ၏ ကြံ့ခိုင်ရေးနှင့် ကိုယ်ခံစွမ်းအား အခြေအနေကို ပြသခြင်း မည်ပါသည်။

Ref: irinnews.org

ဝ၃ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*