အနုပညာသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၁၉ ၊ ၂ဝ၁၃
တစ်ကိုယ်တော် ဖျော်ဖြေခဲ့သည့် လားရှိုးသိန်းအောင်

တစ်ကိုယ်တော် ဖျော်ဖြေခဲ့သည့် လားရှိုးသိန်းအောင်

တစ်ကိုယ်တော် ဖျော်ဖြေခဲ့သည့် လားရှိုးသိန်းအောင်

လားရှိုးသိန်းအောင်

 

မြန်မာပြည် ပရိသတ်များနှင့် ဆယ်စုနှစ်လေးခုနီးပါး ကင်းကွာခဲ့သည့် တေးသံရှင် လားရှိုးသိန်းအောင် ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက စတင်ပြီး မင်းဓမ္မလမ်းရှိ (အမ်စီစီ) အဆောက် အဦ ရှေ့ကွင်းပြင်ကြီး အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ သူ၏တေးသီချင်းသံ များနှင့် ဆယ်စုနှစ် ပေါင်းများစွာ ကင်းကွာခဲ့သည့် ပရိသတ် ထောင်ပေါင်း များစွာ တက်ရောက် ခဲ့ကြသည်။

တေးသံရှင် လားရှိုးသိန်းအောင်က “ကျွန်တော်မြန်မာပြည်က ပရိသတ်များနဲ့ ကင်းကွာခဲ့တာ နှစ်ပေါင်း ၃၇ နှစ် ရှိခဲ့ပါပြီ။ ကျွန်တော် ချစ်တဲ့ မြန်မာပြည်နဲ့ ကျွန်တော့်ကို နှစ်ပေါင်း များစွာ အားပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်မိသလို ပြန်လည် တွေ့ဆုံခွင့်ရအောင် ဆောင်ရွက်ပေး ကြသူများ အားလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်”ဟု ဖျော်ဖြေ ရေး စတင်ချိန်တွင် ပရိသတ်အား နှုတ်ခွန်းဆက် စကား ဆိုပါသည်။ တေးဂီတလောကသို့ စတင် ဝင်ရောက်ချိန် ကတည်းက မြန်မာပြည်၏ စင်မြင့်ဖျော်ဖြေပွဲကို တစ်ကြိမ် တစ်ခါမျှသီဆိုခဲ့ဖူးခြင်းမရှိခဲ့သည့်အတွက် စိတ်လှုပ်ရှားမှုများ ရှိခဲ့သော်လည်း သူ၏အောင်မြင် ခဲ့သည့် တေးသီချင်း များစွာထဲမှ တေးသီချင်း အပုဒ်ပေါင်း ၃ဝ ကျော်ကို သီဆိုခဲ့ပါသည်။

မြန်မာဂီတလောကတွင် တစ်ကိုယ်တော် သီဆိုပွဲများကို ကျင်းပ ကြရာတွင် မူလတေးသံရှင်နှင့်အတူ အခြား တေးသံရှင် များမှ ဝိုင်းဝန်း ကူညီသီဆိုပေးကြသည့် အစဉ် အလာတစ်ခုရှိခဲ့သော်လည်း  ယခု သီဆိုသည့် တေးသံရှင်ကြီး လားရှိုး သိန်းအောင်၏ တစ်ကိုယ်တော်ဖျော် ဖြေပွဲသည် တေးသံရှင်ကိုယ်တိုင် တစ်ဦးတည်း သာ သီဆိုသည့်ပွဲ ဖြစ်သည့်အတွက် ထူးခြားမှု တစ်ခုရှိသည့်အပြင် မိမိ၏ အနုပညာအစစ် အမှန်ကို ပရိတ်သတ် ကို တင်ဆက် ပြသနိုင်သည့်  အရည်အချင်းရှိသူ တစ်ဦးဟု ပရိတ်သတ်များကဆို သည်။ ပွဲစီစဉ်သူ တေးသံရှင် ဇော်ဝင်းထွဋ်က “ကျွန်တော်တို့ အင်ပါရာ အဖွဲ့နဲ့ လေးဇီးကလပ်အဖွဲ့ နှစ်ဖွဲ့ပဲ တီးမယ်။ အခြား ဘယ်အဆိုတော် မှလည်း မပါဘူး။ ဒီပွဲမှာ ကျွန်တော် လည်းဝင်မဆိုပါဘူး။ သူစိတ်ကြိုက် ပဲဆိုမှာပါ။ တခြား ဘာအစီစဉ်မှ မပါပါဘူး” ဟုဆိုခဲ့သည်။ တေးသံရှင် လားရှိုး သိန်းအောင်၏ တစ်ကိုယ်တော်ဖျော်ဖြေမှုတွင် တေးဂီတ အဖွဲ့များဖြစ်သည့် အင်ပါရာ၊ လေးဇီး ကလပ် အဖွဲ့တို့မှ သီးခြားအစီအစဉ် များဖြင့် တီးခတ်ခဲ့ကြပြီး ဖျော်ဖြေမှု၏ နောက်ဆုံးတွင် တို့ပြည်တို့မြေ သီချင်းကို အဖွဲ့နှစ်ဖွဲ့မှ ပူးတွဲတီး ခတ်ခဲ့ကြပြီး နောက်ဆုံးတွင် တေး ချစ်သူများ၏ တေးသီချင်း တောင်းဆိုမှု အစီအစဉ်ဖြင့် သီဆိုကာ ဖျော်ဖြေရေး အစီအစဉ်ကို အဆုံးသတ်ခဲ့ပါ သည်။

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*