မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် သည် ဇူလိုင်လ ၁၅ ရက်တွင် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသို့ သုံးရက်ကြာ တရားဝင် အလည်အပတ်ခရီး စတင်မည် ဖြစ်သည်။ ခရီးစဉ်အတွင်း  ရိုဟင်ဂျာဒုက္ခသည်များ နိုင်ငံရင်းသို့ ပြန်လည် ပို့ဆောင်ရေး၊ စွမ်းအင်ကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်နှင့် ဆက်ဆံရေး ကိစ္စများကို အထူးအလေးထား ဆွေးနွေးမည် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။ ခရီးသွားလုပ်ငန်းတွင်လည်း ပူးတွဲလုပ်ဆောင်ရန် ပါဝင်မည်ဟု သိရသည်။

The Daily Star Bangladesh တွင် သတင်းဖော်ပြထားစဉ်

The Daily Star Bangladesh တွင် သတင်းဖော်ပြထားစဉ်

မြန်မာနိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဦးမောင်မြင့်သည် သမ္မတ ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်ရန် ဇူလိုင် ၁ ရက်မှ ၂ ရက် အတွင်း ဒက္ကာသို့ လာရောက် လည်ပတ်မည်ဖြစ်ပြီး ဘဂ်လားဒေ့ (ရှ်)နိုင်ငံခြားရေးဝန်ကြီး Mijarul Quayes    နှင့်လည်း တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားသည်။

သမ္မတဦးသိန်းစိန်သည် ဝန်ကြီးချုပ် Steikh Hasina နှင့် သမ္မတ Zillur Rahman တို့နှင့် သီးသန့်ဆွေးနွေးပွဲများ    ပြုလုပ်မည် ဖြစ်သည်။ ရုတ်ချည်း တိုးပွားလာသော ရိုဟင်ဂျာ ဒုက္ခသည်များ အရေးနှင့် ဘင်္ဂလားဒေ့(ရှ်) နယ်နိမိတ်ကိစ္စမှာ ဆွေးနွေးပွဲကို လွှမ်းမိုးနေလိမ့်မည်ဟု အကြီးတန်း နိုင်ငံခြားရေးရုံးအရာရှိ တစ်ဦးက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးအဆင့် နှီးနှောဖလှယ်ပွဲများကို ၂ဝ၁၁ ခု နှစ် သြဂုတ် ၂၄ တွင်ပြုလုပ်ခဲ့သည်။ ““မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးတွေ အလုံးအရင်းနဲ့ ထပ်ထပ်ဝင်နေတာကို တားဆီးဖို့နဲ့ မှတ်ပုံတင်ပြီးသား ၂၈ဝဝဝ ကို ပြန်ပို့ပေးနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်””ဟု အစိုးရအရာရှိတစ်ဦးက ဆိုသည်။ မြန်မာအစိုးရကလည်း ရိုဟင်ဂျာ ဒုက္ခသည်များပြဿနာကို အပြီးအပိုင်ဖြေရှင်းဖို့ စိတ်အားထက်သန်ကြောင်း ဤပြဿနာမှာ တိုင်းပြည်၏ ကမ္ဘာတလွှား ပုံရိပ် အကြပ်အတည်းကိုလည်း ဖြစ်ပေါ်စေပြီး၊ ဘင်္ဂလားဒေ့(ရှ်)နှင့် နှစ်ဖက် ဆက်ဆံရေးကိုလည်း ထိခိုက်စေကြောင်း သူကပြောသည်။ မြန်မာက တရားဝင် စစ်ဆေးအတည်ပြုပြီးလျှင် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်ခေါ်ရန်    သဘောတူထားခဲ့ပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့(ရှ်)တွင် နေထိုင်သော မှတ်ပုံမတင်ရသေးသည့် ရိုဟင်ဂျာ ငါးသိန်းကိစ္စလည်း ဆွေးနွေးပွဲတွင်ပါဝင်မည် ဖြစ်ကြောင်း ယင်းကဆိုသည်။

ဘင်္ဂလားဒေ့(ရှ်)နှင့် မြန်မာ နှစ်ဖက်ကုန်သွယ်မှုမှာ အလားအလာကောင်းများ ရှိနေသော်လည်း ၂ဝ၁ဝ-၁၁ တွင် ဘင်္ဂလားဒေ့(ရှ်)မှ ပို့ကုန်ဒေါ်လာ ၉.၆၅ သန်းနှင့် မြန်မာမှ သွင်းကုန် ဒေါ်လာ ၁၇၅.၇ သန်းဘိုး ရှိနေသည်။

Ref: Finanial Express Bangladesh Report, The Daily Star Bangladesh

ဝ၄ဝ

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*