ပြည်တွင်းသတင်း နိုင်ငံတကာသတင်း — ရန်ကုန်၊ နိုဝင်ဘာ၊ ၂၀၁၆

ပေါ်ထွက်လာသည့် အစိုးရမှာ မည်သူဖြစ်စေ၊ မည်သည့် ပါတီဖြစ်ဖြစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်ကို ကူညီပေးမည် သဘောထား ပြောင်းလဲမည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marcielက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၉ ရက်နေ့ ရန်ကုန်မြို့ရှိ အမေရိကန် သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပခဲ့သည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ တိုက်ရိုက် စောင့်ကြည့်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ရွေးကောက်ပွဲ တိုက်ရိုက်စောင့်ကြည့်ခြင်း အစီအစဉ်ကို ရန်ကုန်မြို့ရှိ အမေရိကန် သံအမတ်ကြီး နေအိမ်တွင် သာမက ရန်ကုန်မြို့ရှိ အမေရိကန် စင်တာ၊ မန္တလေးမြို့ရှိ ဂျက်ဖာဆန် စင်တာတို့တွင် ပါ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီပေါ်လစီတွေက ဘယ်သူပဲ ချမှတ်ချမှတ် ပါတီနှစ်ခုလုံးရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးလိုတဲ့ သဘောထားက တော့ ပြောင်းလဲမှာ မဟုတ်ဘူး” ဟု အမေရိကန် သမ္မတ ရွေးကောက်ပွဲ တိုက်ရိုက် စောင့်ကြည့်သည့် အခမ်းအနားတွင် အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောကြားခဲ့သည်။

အမေရိကန် – မြန်မာ ဆက်ဆံရေးအတွက် မြန်မာအစိုးရ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ဆိုသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံက ကိုယ်ဘာလုပ်ချင်တာလဲ ဘာလိုချင်တာလဲ မူတည်ပြီး ဟိုဘက် အစိုးရကို သွားပြီး လွှတ်တော်ရော အစိုးရရော ဘယ်လိုတိုက်တွန်း ဆွေးနွေးမလဲ ဆိုတာ ပြင်ဆင်သင့်တယ် ထင်ပါတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်သူငြိမ်းက ဆိုသည်။

နိုင်ငံရေးသိပံ္ပ ကျွမ်းကျင်သူ ဒေါက်တာ တေဇာဆန်းကမူ “အင်အားကြီး နိုင်ငံကြီးတွေရဲ့ နိုင်ငံတကာ ဆက်ဆံရေးရဲ့ သဘော သဘာဝကတော့ လူတစ်ဦး တယောက်ပြောင်းတိုင်း မူပြောင်းနေတာတော့ မဟုတ်ပါဘူး။ တကယ့် စနစ်တကျလေ့လာ ချမှတ်ထားတဲ့ မူဝါဒတွေဖြစ်တဲ့အတွက် လူပုဂ္ဂိုလ် တစ်ဦးတယောက် ခေါင်းဆောင် ပြောင်းရုံနဲ့တော့ သူတို့ရဲ့ မူဝါဒတွေကတော့ ချက်ချင်းလက်ငင်း ပြုပြင်ပြောင်းလဲသွားမှာ မဟုတ်ဘူး” ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*