အနုပညာသတင်း — ရန်ကုန်၊ ဧပြီ ၂၅၊ ၂ဝ၁၂

ယနေ့ မြန်မာ့ရုပ်ရှင် လောကတွင် ဇာတ်ကားများ အရည်အသွေး မြင့်မားလာစေရန် ဇာတ်ကားများပြသနိုင်မည့် ရုပ်ရှင်ရုံများ အဓိကလိုအပ်ကြောင်း၊ ၂ဝ၁၂ ဧပြီလမှ စ၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဖြစ်လာသူ ဦးဇင်ဝိုင်း မှ ရန်ကုန်မြို့၊ ဝင်္ကဘာလမ်း ရှိ ရုပ်ရှင်အစည်းအရုံးခန်းမ၌MIJနှင့် တွေ့ဆုံရာတွင်-

ရုပ်ရှင်ရုံများ တိုးပွားလာစေရန် အကြောင်းရင်းများနှင့် ပတ်သက်၍““အရင်တစ်ချိန်တုန်းက ရုပ်ရှင်ရွှေခေတ်တုန်းကပေါ့နော်။ ဇာတ်ကားပေါင်း ၆ဝ၊ ၇ဝ ရိုက် ပြီး ရိုက်တဲ့ကားအားလုံးကို လူတွေကြည့်ရတယ်။ ထုတ်လုပ်တဲ့သူတွေလည်း တွက် ခြေကိုက်တယ်။ တစ်ကား ရိုက်ပြီးရင် နောက်တစ်ကား ရိုက်ဖို့ အဆင်သင့်ပဲ။ အခုကျတော့ ကားပေါင်းနှစ်ဆယ်အစိတ်ဆိုရင် ကားတစ်ကား ရုံတင်ဖို့ နောက် ၂ နှစ် လောက်စောင့်ရတယ်။ ထုတ်လုပ်သူတွေအတွက်လည်း မကိုက်တော့ဘူး။ အရင်တုန်း က ရုပ်ရှင်ရုံကို ရုံငှားစနစ်နဲ့ ပြရတယ်။ ဒီရုံတစ်ရုံကိုပြမယ်ဆိုရင် တစ်ပတ် ဘယ်လောက်ကျတယ်ပေါ့။ အဲဒါ ပေးပြီး ကိုယ့်ဇာတ်ကားကို တင်ရတယ်။ ရတဲ့ထဲက မြတ်ရင်လည်းယူ၊ ရှုံးရင် လည်းစိုက်။ အခုကျတော့ အကျိုးတူစီးပွားဖက်ဆိုပြီး ခွဲ ဝေမှုတွေ ရှိလာတာပေါ့နော်။ ရုံရှင်ကလည်း သူတွက်ခြေ ကိုက်အောင်လို့ နိုင်ငံခြားကား ပြတယ်။ ထုတ်လုပ်သူကလည်း တွက်ခြေကိုက်အောင် လို့ လုပ်ရတာတွေရှိတယ်”” ဟု ဦးဇင်ဝိုင်းက ပြောသည်။

ယခင် ၁၉၈၈ ခုနှစ်၊ တပ်မတော်အစိုးရ စတက်လာသည့်ကာလတွင် ရုပ်ရှင် ရုံ ၂၃ဝ ကျော် ရှိခဲ့ပြီး ယနေ့ အချိန်၌ ရုပ်ရှင်ရုံပေါင်း ၆ဝ ကျော်သာကျန်ရှိတော့သည်။ အဆိုပါ ရုံ ၆ဝ ကျော်တွင် သုံးပုံနှစ်ပုံခန့်သာ မြန်မာဇာတ်ကားများ ပြသကြောင်း သိရသည်။ ထိုသို့ ရုပ်ရှင်ရုံများ တွင် မြန်မာဇာတ်ကားများ ပြသမှုလျော့နည်းလာခြင်းနှင့် ပတ်သက်၍““တကယ်တော့ မြန်မာဇာတ်ကားပြတဲ့ ဝင်ငွေက နိုင်ငံခြားကားထက် ပိုပြီးကောင်းတယ်။ ဒါပေမဲ့ အင်္ဂလိပ်ကားကရတဲ့ ဝင်ငွေကို ရုံပိုင်ရှင်က အကုန်ရတယ်လေ။ မြန်မာကားက ရတဲ့ ဝင်ငွေကိုကျတော့ ဦးတို့ အစည်းအရုံးနဲ့ အချိုးတူခွဲယူရတာတွေ ရှိတယ်။ ဒါကြောင့် ရုံရှင်တွေက နိုင်ငံခြားကားကို ပိုပြီးပြချင်ကြတယ်။ သူတို့ ကလည်း စီးပွားရေးအရပေါ့လေ။ ဒါပေမယ့် မြန်မာဇာတ်ကားတွေ ပြခြင်းဟာ စီးပွား ရေးအရ သင့်တင့်စွာရတယ်။ တစ်ဖက်မှာလည်း ရုပ်ရှင်လောကအကျိုးကို သယ်ပိုး ရာရောက်တယ်။ ဒီထက် မြင့်မြင့်မားမားကြည့်မယ် ဆိုရင် ကိုယ့်နိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာတစ်ခု မပျောက်ပျက်သင့်တဲ့အရာ တစ်ခုကို စောင့်ရှောက်တာလည်းဖြစ်တယ်ဆိုတဲ့ မူလေးတွေနဲ့ စဉ်းစားကြစေချင်တယ်””ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

ရုပ်ရှင်ရုံများ နည်းပါးလာမှုနှင့် ပတ်သက်၍““အခုဆိုရင် တောင်ကြီး၊ မော်လမြိုင်စတဲ့ မြို့တွေမှာ ရုပ်ရှင်ရုံ အခုမရှိဘူး။ အရင်က မော်လမြိုင်မှာ ၆ ရုံရှိတယ်။ အခု တစ်ရုံမှမရှိတော့ဘူး။ ရုပ်ရှင်ကြည့်ပရိတ်သတ်ကတော့ တကယ်ကောင်းအောင်ရိုက်ရင် ကြည့်မှာပေါ့။ ပြည်နယ်နှင့်တိုင်းဒေသကြီး တွေမှာ ရုပ်ရှင်ရုံတွေ မဖြစ်မနေလုပ်ဖို့ လိုတယ်။ နောက်တစ်ဆင့်က ခရိုင်မြို့တွေမှာ ရုပ်ရှင်ရုံတွေ လုပ်ရမယ်။ အခု ပြည်နဲ့ ရန်ကုန်ကြားမှာ ရုပ်ရှင်ရုံ လုံးဝမရှိတော့ဘူး။ အဲဒီတော့ ရုပ်ရှင်ရုံတွေပေါ်လာအောင် ကြိုးစားရမယ်။ မြန်မာဇာတ်ကားတစ်ကား ဟာ ကုန်ကျစရိတ်ကို ပြန်ရှာနိုင်တဲ့ ဈေးကွက်ရှိတယ်။ အဲဒီဈေးကွက်ကို ဖန်တီးပေး နိုင်တယ်ဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ အရည်အသွေးမြင့်မားအောင်၊ အဆင့်အတန်း မြင့်မားအောင် ဖန်တီးနိုင်ဖို့ ပိုပြီး လုပ်လာနိုင်မယ်။ အဲဒီလိုဈေးကွက်မျိုး မဖန်တီးနိုင်ရင်တော့ အရည်အသွေးမြင့်မားရေးအတွက် အပြောပဲရှိမယ်။ ဘယ်သူမှ လိုက်လုပ်နိုင်မှာမဟုတ်ဘူး””ဟု ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

ယခုအခါ ပြည်ပမှ ရုပ်ရှင်များ၊ ကိုရီးယားကားများ လွှမ်းမိုးမှုသည် လူငယ်ထုအပေါ် အလွန်ထင်ဟပ်လျက် ရှိသည်။ ထိုသို့ လွှမ်မိုးလာမှုနှင့် ပတ်သက်၍ မြန်မာဇာတ်ကားများအား ပိုမိုကောင်းမွန်လာစေရန် ဇာတ်ကားကောင်းများ ပေါ်ထွက်လာစေရန် မျှော်လင့်လျက်ရှိကြောင်း မြန်မာ့ရုပ်ရှင်ကြည့် ပရိတ်သတ်တစ်ဦးဖြစ်သူ အသက် ၆ဝ ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးက ပြောကြားသည်။

၀၀၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.