စီးပွားရေးသတင်း — အာရှ၊ မတ် ၂၈၊ ၂ဝ၁၃

မြန်မာ့ဆန်စပါး ထုတ်လုပ်မှုမှာ တဖြည်းဖြည်း မြင့်တက်လာနေပြီ ဖြစ်ရကား ၂ဝ၁၂-၁၃ ဘဏ္ဍာရေးနှစ် တွင် မြန်မာ့ ဆန်စပါးပို့ကုန်သည် တန် ချိန် ၁.၂ သန်းသို့ ရောက်ရှိ ခဲ့ပြီး ၁၉၅၆ ခုနှစ်က တန်ချိန် ၁ သန်း တင်ပို့မှု အမြင့်ဆုံး ကာလကို ကျော်တက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါး ထုတ်လုပ်သူများ အသင်း (Myanmar Rice Industry Association-MRIA) စီမံကိန်းများ အရ ယခု ဘဏ္ဍာရေး နှစ်ကုန်တွင် ပို့ကုန်တန်ချိန် ၁.၅ သန်း သို့ ရောက်ရှိရန် ရည်မှန်း ထားရာ ၂ဝ၁၂ ခုနှစ်တွင် တင်ပို့ခဲ့ သော တန်ချိန် ၇၇၈,ဝဝဝ ၏ နှစ်ဆ ဖြစ်သည်။ လာမည့်နှစ်များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက် လာခြင်းကြောင့် ထပ်မတိုးလျှင်သော်မှ လက်ရှိ တင်ပို့မှု ကို ထိန်းသိမ်း ထားနိုင်ပေမည်။

မြန်မာနိုင်ငံသည် ၂ဝ၁၁ ခုနှစ်တွင် နယ်စပ်ထိန်းချုပ်မှု များကို လျော့ချချိန်မှစ၍ ကမ္ဘာ့စီးပွားရေးတွင်းသို့ တစ်ဖန် ပြန်လည် ဝင်ရောက်လာခဲ့ရာ စိုက်ပျိုးရေး ကုန်ထုတ် လုပ်ငန်းမှာ တိုင်းပြည်၏ အကျိုးအမြတ် အများဆုံး ကဏ္ဍ ဖြစ်လာခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အဆိုအရ နိုင်ငံ၏ ပို့ကုန် ၂၅ ရာနှုန်းမှ ၃ဝ ရာနှုန်းအထိ မှာ စိုက်ပျိုးရေး ကဏ္ဍမှ လာပြီး အလုပ်အကိုင် ဖန်တီးပေးရာ အကြီးဆုံးရင်းမြစ်လည်းဖြစ်ကြောင်း သိရသည်။ ဆန်စပါး ကဏ္ဍတွင် ဓာတ်မြေသြဇာ သုံးစွဲမှု၊ မျိုးကောင်း မျိုးသန့် အသုံးပြုမှုနှင့် အများအစား ကြိတ်ခွဲနိုင်သည့်  ဆန်စက်များ ဖွံ့ဖြိုးမှုတို့ကဲ့သို့သော တိုးတက်မှုများက ထုတ်လုပ်မှု စွမ်းရည်ကို တွန်းတင်ပေးခဲ့ပြီး ဤကဏ္ဍ၏ အလားအလာကို အာမခံချက် ပေးခဲ့သည်။

လက်ရှိအချိန်တွင် ဥရောပ၊ စင်္ကာပူ၊ သြစတြေးလျ၊ တရုတ်နှင့် ထိုင်းတို့မှာ မြန်မာ့ ဆန်စပါး ထွက်ကုန်များ အဓိက ဦးတည်ရာဖြစ်လျက်ရှိ သော်လည်း ယခုနှစ်တွင် ဂျပန်နှင့် တောင်ကိုရီးယားတို့က မြန်မာ့ဆန်ကို တင်သွင်းရန် စိတ်ဝင်စားကြောင်း ပြသလာခဲ့သည့် အပြင် အိန္ဒိယနှင့် နယ်စပ် ကုန်သွယ်မှု ကိုလည်း ယခုအခါ ခွင့်ပြုနေပြီဖြစ်သည်။ မတ်လ အတွင်း ချုပ်ဆိုနိုင်မည်ဟု မျှော်လင့် ရသော နှစ်နိုင်ငံ စာချုပ်အရ အင်ဒိုနီး ရှားသို့လည်း တစ်နှစ်လျှင် ဆန်တန် ချိန် ၅ဝဝ,ဝဝဝ စတင်တင်ပို့နိုင်တော့ မည်ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် တိုးတက်မှု အလားအလာများ ကောင်းမွန်စေရန် မြန်မာအစိုးရက ခြေလှမ်းအချို့ စတင်ခဲ့ရာ အတုံ့အလှည့် အနေဖြင့် တစ်ခုလုံး စီးပွားရေးကို ပြန်လည် ရှင်သန်ရန် ကူညီနိုင်မည်ဟု မျှော်လင့်ရသည်။ ၂ဝ၁၂ နိုဝင်ဘာတွင် သမ္မတ ဦးသိန်းစိန်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို လက်မှတ်ရေးထိုးခဲ့ရာ စိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြား စီးပွားရေး လုပ်ငန်းပိုင်ဆိုင်မှု ၃၅ ရာနှုန်း ကန့်သတ်ချက် မပါဝင်တော့ပေ။ ထို့ပြင် အေဒီဘီနှင့် ကမ္ဘာ့ဘဏ်တို့ ထံမှ ချေးငွေ များကိုလည်း လက်မှတ် ရေးထိုးခဲ့ရာ ဆန်စပါး ထုတ်လုပ်ရေး နှင့် အခြားစိုက်ပျိုးရေးဖွံ့ဖြိုးမှု စီမံကိန်း များတွင် ရင်းနှီးမြှုပ်နှံမှု အပါ အဝင် အစိုးရ၏ စီးပွားရေးပြန်လည် ရှင်သန်မှုကို အကြီးအကျယ် တိုးတက် ရန် ရည်မှန်းထားပေသည်။

ကမ္ဘာ့ဘဏ် ချေးငွေဒေါ်လာ သန်း ၈ဝ မှ အများစုမှာ စိုက်ပျိုးရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး အတွက် ဖြစ်ပြီး အေဒီဘီ ချေးငွေများမှာလည်း ဆန်စပါး အများ အစား ထုတ်လုပ်ရာ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည် နေသည်။ ထိုချေးငွေများမှာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ ချဲ့ထွင်ရန် အသုံး ပြုမည့် အပြင် ဆည်မြောင်း လုပ်ငန်းများကိုလည်း တိုးတက်စေမည် ဖြစ်သဖြင့် ဆန်စပါးအထွက်ကို သိသိ သာသာ မြင့်တက်စေမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်း ကျေးလက် လယ်သမားများကို ကူညီထောက်ပံ့ရန် မြန်မာနိုင်ငံ အမျိုးသားဆန်စပါး ဝယ်ယူရေး ကြီးကြပ်မှု ကော်မတီ (NRRSC) ကလည်း ၂ဝ၁၃ ခုနှစ် အတွက် အရန်ဆန်တန်ချိန် ၃ဝဝဝ ကို ဝယ်ယူရန် ရည်ရွယ်ထားသည်။ ဝယ်ယူရာတွင် ဈေးကွက် တန်ဖိုးထက် ပိုပေးခြင်းဖြင့် လောလောဆယ် ဒေသ တွင်း လယ်သမား များကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော ထုတ်လုပ်မှု စရိတ်အတွက် အပိုဆောင်းငွေကို ပေးနိုင်ရန် NRRSC က စီမံထားသည်။ ဤကူညီထောက်ပံ့မှုနှင့် စိုက်ပျိုးရေး နည်းနာမျိုးစုံသုံးစွဲမှုက လယ်ယာမြေ တန်ဖိုးကို မြှင့်တင်ပေးနိုင်ပြီး လယ် သမားများအတွက် ချေးငွေများရရာ လမ်းကို တိုးတက်စေကာ ထိုင်းနှင့် ဗီယက်နမ် တို့ကို ပြိုင်ဆိုင်နိုင်စေမည် ဖြစ်သည်။

စင်္ကာပူအခြေစိုက် ဝီ(လ)မာ (wilmar)၊ အမေရိကန် အခြေစိုက် ဒူးပွန့် ပိုင်အိုးနီးယား (Du Pont Pioneer) နှင့် ကာဂျီး(လ) (Cargill) အပါအဝင် နိုင်ငံခြား လယ်ယာ စီးပွားကုမ္ပဏီများ မှာ ဆန်စပါး၊ မွေးမြူရေး၊ ဓာတ်မြေ သြဇာ အပါအဝင် ဖက်စပ်လုပ်ငန်း အခွင့်အလမ်းများစွာကို လာရောက် ရှာဖွေနေသည်။ ဓာတ်မြေသြဇာသုံးစွဲ မှုကြောင့် မြန်မာနိုင်ငံ၌ စီစဉ်ထားသော လယ်ယာ ထွက်ကုန် တိုးချဲ့ရေး ကြိုးပမ်းမှုတွင် အနည်းဆုံးနှစ်ဆရရှိ မည်ဟု အမျိုးသား စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုးရေးအကြံပေးကော်မတီအကြီး အကဲ ဦးတင်ထွဋ်ဦးက ဆိုပါသည်။

ဥပဒေသစ်က နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် ပိုမိုကြီးမားသော လွတ်လပ်မှုကို ခွင့်ပြုထားပြီး အသစ် ဖွင့်လှစ် လိုက်သော နယ်စပ်ဒေသများ မှ ဖက်စပ်လုပ်ငန်း အခွင့်အလမ်း အများအပြားကြောင့် မြန်မာနိုင်ငံကို လယ်ယာ စီးပွား ကုမ္ပဏီများနှင့် ကုန်စည် ရောင်းဝယ်ရေး သမားများက အလျှံ ပယ်ကြွယ်ဝသည့် ရှေ့တန်းမျက်နှာစာ အဖြစ် ယူဆထား ကြသည်။ သင့်တင့် မျှတသော ရာသီဥတု၊ အဓိက မြစ်ကြီး သုံးစင်းနှင့် ပေါများလှသော အခြားရေ အရင်း အမြစ်များ အပါအဝင် မြန်မာနိုင်ငံ၏ ပထဝီ အားသာချက်များ ကြောင့် စိုက်ပျိုးရေး လုပ်ငန်းရင်းနှီး မြှုပ်နှံမှုအတွက် စံပြ အလောင်းအလျာ နိုင်ငံ တစ်ခုဖြစ်လာစေသည်။

မြန်မာနိုင်ငံသည် မှန်းဆထားသည့် အတိုင်း ၂ဝ၁၂-၁၃ ကဏ္ဍာရေးနှစ် တွင် ဆန်တန်ချိန် ၁.၅ သန်း တင်ပို့ နိုင်ပါက ဥရုဂွေး၊ ကမ္ဘောဒီးယားနှင့် ဘရာဇီး တို့ကို ကျော်တက်ပြီး ကမ္ဘာလုံး အတိုင်းအတာအရ ထိပ်တန်းဆန် စပါးတင်ပို့သူများစာရင်းတွင် အဆင့် ၉ မှ ၅ သို့ ခုန်ပျံကျော်လွှားရောက် ရှိလာမည်ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်း အခြေခံ အဆောက်အအုံနှင့် လယ်ယာ စိုက်ပျိုးရေး နည်းနာပေါင်းစုံ၌် ရင်းနှီးမြှုပ်နှံမှုများကြောင့် ၂ဝ၁၅ တွင် စုစုပေါင်း ဆန်တန်ချိန် ၃ သန်းတင် ပို့နိုင်စွမ်း ရှိလာနိုင်မည်ဖြစ်သည်။ ထိုသို့ ဖြစ်ရန် ပို့ကုန် ရည်မှန်းချက်များကို သင့်တော်သော ရင်းနှီးမြှုပ်နှံ မှုဖြင့် ထောက်ကူပြုရန် လိုအပ်ပြီး တစ်နေ့ တွင် မြန်မာနိုင်ငံကို ကမ္ဘာ့ထိပ်ဆုံး ဆန်စပါး တင်ပို့သည့် နိုင်ငံအဆင့် သို့ ပြန်လည်ရောက်စေနိုင်ပေမည်။

Ref: oxfordbusinessgroup.com

ဝ၄ဝ

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*