စီးပွားရေးသတင်း — မတ် ၇၊ ၂ဝ၁၃

မြန်မာနိုင်ငံတွင်းရှိ မိုဘိုင်းကွန် ရက်လိုင်စင်နှစ်ခုအနက်တစ်ခုကို ရရှိရန်ပြိုင်ဆိုင်နေကြသည့် ကုမ္ပဏီပေါင်း ၉ဝ အနက် အမ်တီအန် (MTN) ကုမ္ပဏီလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဆီဖီဆိုဒါ ဘင်ဂဝါက ကြာသပတေးနေ့တွင် ပြော ကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ရှိသော်လည်း မိုဘိုင်းဖုန်း ထိုးဖောက်ဝင်ရောက်မှုမှာ ၅ ရာနှုန်းမျှသာ ရှိသည် ဟု ဒါဘင်ဂဝါက Business Day သတင်းစာသို့ ပြောကြားသည်။ “ဒါက သိပ်ကိုကောင်းတဲ့ အခွင့်အလမ်း တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဖက်စပ်လုပ်ငန်း လုပ်ရတာက ကျွန်တော်တို့ လုပ်ဖူးတဲ့ တခြား နိုင်ငံ ဈေးကွက်တွေနဲ့ မတူတဲ့ စိန်ခေါ်မှုတွေ ရှိနိုင်တယ်” ဟု သူက ဆိုပါသည်။

အမ်တီအန်သည် အီရန်၊ နိုက်ဂျီးရီးယားနှင့် ဆီးရီးယားကဲ့သို့သော စွန့်စားလုပ်ကိုင်ရသည့် နယ်ပယ်များတွင် လုပ်ကိုင်နေပြီး အမေရိကန်နှင့် ဥရောပ၏ ပိတ်ဆို့မှုများကြားမှ လွန်ခဲ့သည့် နှစ်များအတွင်း ထိုဈေးကွက် များတွင် ဝင်ငွေမှန်မှန်ရကာ မှာယူသူများလည်း တိုးတက်ခဲ့သည်။

မြန်မာအစိုးရသည် ၂ဝ၁၆ ခုနှစ်တွင် မိုဘိုင်းဖုန်းသုံးစွဲမှု ၈ဝ ရာနှုန်း ရရှိရေး ရည်မှန်းထားကြောင်း အဆိုပါ သတင်းစာက ဆိုသည်။ ဆီးရီးယား အကြပ်အတည်း နက်ရှိုင်းလာသည်နှင့်အမျှ မြို့အတော်များများတွင် စီးပွားရေး လှုပ်ရှားမှုများ နည်းပါးလာပြီး ဈေးကွက်များလည်း ပြိုပျက်လာခဲ့သည်။ အီရန်နိုင်ငံတွင်လည်း စီးပွားရေး ပိတ်ဆို့မှုကြောင့် သွင်းကုန် ပစ္စည်းများ ထိခိုက်မှုနှင့် ပို့ကုန် နှေးကွေးမှုများဖြစ်ပြီး အချို့သော စီမံချက်များ မျှော်လင့်သည်ထက် ကျဆင်းလာခဲ့ကြောင်း အမ်တီအန်က ဆိုပါသည်။

Ref: thenewage.co.za

ဝ၄ဝ

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*