အနုပညာသတင်း — ရန်ကုန်၊ ဧပြီ ၂၇၊ ၂ဝ၁၂

သံစဉ်လမ်းက လင်းလက်ကြယ် အစီအစဉ်ပြိုင်ပွဲကိုတွေ့ရစဉ်

ကောင်းဟိန်းကုမ္ပဏီလီမိတက်၏ စီစဉ်တင်ဆက်မှုဖြင့် အနာဂတ် မျိုးဆက်သစ်လူငယ် တေးသံရှင်များ ပေါ်ထွက်လာရေး အတွက် သံစဉ်လမ်းမှလင်းလက်ကြယ် သီချင်းဆိုပြိုင်ပွဲ၏ အထူးအစီအစဉ်အဖြစ် မြန်မာပြည်သိန်းတန်၏ ကျော်ကြားခဲ့သော တေးသီချင်းများသီဆိုယှဉ်ပြိုင်ပွဲကို ဧပြီလ ၂၇ ရက်နေ့ တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ် MICT Park ၌ ကျင်းပပြု လုပ်ခဲ့သည်။

ယင်းတေးသီချင်း သီဆိုမှုပြိုင်ပွဲတွင် နောက်ဆုံး ဆန်ခါတင်ရွေးချယ်ထားသည့် တက်သစ်စလူငယ်တေးသံရှင် ၈ ဦးအား မြန်မာပြည်သိန်းတန်၏ ထင်ပေါ်ကျော်ကြားခဲ့သော တေးသီချင်းများအနက် ပရိတ်သတ် အကြိုက်နှစ်သက်ဆုံး သီချင်း အပုဒ် ၂ဝ မှ မဲနှိုက်ရွေးချယ် ထားသော တေးသီချင်းတစ် ပုဒ်စီ သီဆိုယှဉ်ပြိုင်စေခဲ့ပြီး၊ အကဲဖြတ်ဒိုင်လူကြီးများ အဖြစ် တေးသံရှင် Lခွန်းရီ၊ တေးရေးညီညီသွင်၊ နောင်နောင် (S.F) တို့မှ ပါဝင်ဆောင်ရွက်ခဲ့သည်။

၎င်းသံစဉ်လမ်းမှ လင်းလက်ကြယ် သီချင်းဆိုပြိုင်ပွဲနှင့် ပတ်သက်၍ တေးသံရှင် မြန်မာပြည်သိန်းတန်မှ ပြောကြားရာတွင် “ဒီခေတ်ဂီတရာစုနှစ်မှာ မြန်မာပြည်ရဲ့ ဂီတကြယ်ပွင့်တွေ အများအပြား ထွက်ပေါ်လာတဲ့အတွက် ဝမ်းသာအားရမိပါတယ်။ ဒီအစီအစဉ်ကို ကောင်းဟိန်းကုမ္ပဏီရဲ့ စီစဉ်မှုနှင့် မြဝတီရုပ်မြင်သံကြားမှာ ထုတ်လွှင့်ဖို့ အစီအစဉ်ရှိပါတယ်။ နောင်တစ်ခေတ်မှာ ထွန်းတောက်လာမယ့် လူငယ်တေးသံရှင်တွေကို လက်ကမ်းကြိုဆို၊ တံတားခင်းပေးတဲ့သဘောပါ။ သူတို့ရဲ့ အနုပညာကို မြေတောင်မြှောက်ပေးပြီး လိုအပ်တဲ့အကြံဉာဏ်လေးတွေပေးဖို့လည်း ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့သည်။

၀၀၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.