ပြည်တွင်းသတင်း — ရန်ကုန်၊ သြဂုတ် ၃၁ရက်၊ ၂ဝ၁၂
မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်း ကိုညီညီကျော်မှ အတွေ့အကြုံများ ရှင်းလင်း ပြောကြားစဉ်

မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်း ကိုညီညီကျော်မှ အတွေ့အကြုံများ ရှင်းလင်း ပြောကြားစဉ်

ABSDF-NB တပ်ဖွဲ့ဝင်ဟောင်း ကိုညီညီမှ ရှင်းလင်းစဉ်

ABSDF-NB တပ်ဖွဲ့ဝင်ဟောင်း ကိုညီညီမှ ရှင်းလင်းစဉ်

သေဆုံးသူများ၏ မိသားစုများ ဝမ်းနည်း၍ ငိုကြွေးကြစဉ်

သေဆုံးသူများ၏ မိသားစုများ ဝမ်းနည်း၍ ငိုကြွေးကြစဉ်

ကျောင်းသား ရဲဘော် ကိုစိုးလင်းမှ နှိပ်စက် ညှဥင်္းပန်းသတ်ဖြတ်မှုများနှင့် ပတ်သတ်ပြီး ရှင်းလင်း ပြောကြားစဉ်

ကျောင်းသား ရဲဘော် ကိုစိုးလင်းမှ နှိပ်စက် ညှဥင်္းပန်းသတ်ဖြတ်မှုများနှင့် ပတ်သတ်ပြီး ရှင်းလင်း ပြောကြားစဉ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီ တပ်ဦး (မြန်မာပြည်မြောက်ပိုင်း ပါဂျောင်ဒေသ) လွန်ခဲ့သည့် ၁၉၉၁-၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုဖြစ်စဉ်များ၊ မှတ်တမ်းများ၊ အထောက် အထားများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို သြဂုတ် ၃၁ရက်နေ့ နံနက်ပိုင်းက (ရွှေဂုံတိုင်) တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာပြည်မြောက်ပိုင်း ကျောင်းသားများ ဖြစ်ကြသည့် ကိုညီညီ၊ ကိုကျော်နိုင်ဦး၊ ကိုဘိုဘို၊ ကိုညီညီကျော်၊ ကိုသိန်းထွန်း၊ ကိုတိုးကြည်၊ ကိုကျော်စွာဝင်းမောင်၊ ကိုစိုးလင်း၊ မသင်းသင်းရီ စသည့် ကျောင်းသား ရဲဘော်ဟောင်းများက ၁၉၉၁/၉၂ အောက်တိုဘာလအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သော စစ်ထောက်လှမ်းရေးဟု မတရား စွပ်စွဲသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ကျောင်းသား ရဲဘော်၃၉ဦးတို့၏ သတ်ဖြတ်ညှင်းဆဲခံခဲ့ရပုံ များနှင့်ပတ်သက်ပြီး လည်းကောင်း၊ ပြောင်းလဲလာသည့် အရပ်သား အစိုးရလက်ထက်တွင် ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး သေဆုံးခဲ့ကြသော ကျောင်းသားရဲဘော်များအတွက် မိသားစုများက တရားဥပဒေအရ အရေးယူ လုပ်ဆောင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်၊၊

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*