စီးပွားရေးသတင်း — ရန်ကုန်၊ မတ် ၁၅၊ ၂ဝ၁၃

ဒေသတွင်း ဈေးကွက်တွင် အက်ကာ (Accor) အုပ်စု၏ ၁၈ ခုမြောက် အဖြစ် နေပြည်တော်တွင် အမ်ဂယ်လရီ ဟိုတယ် (MGallery Hotel)၊ ရန်ကုန်တွင် နိုဗိုတယ် ရန်ကုန်မက်(စ) (Novotel Yangon Max) နှင့် မန္တလေး  တွင် နိုဗိုတယ် မန္တလေး မင်္ဂလာ (Novotel Mandalay Mingalar) ဟူသည့် ဟိုတယ်သစ် ၃ လုံးကို တည်ဆောက် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း အက်ကာက ကြေညာသည်။

“မြန်မာနိုင်ငံကို အက်ကာ ပြန်လာပြီ ဖြစ်ကြောင်း အမှတ်အသား ပြုတဲ့အနေနဲ့ ဟိုတယ်သစ် ၃ လုံး ဖွင့်လှစ်ဖို့ လက်မှတ် ရေးထိုးခဲ့ကြောင်း ကြေညာရတာ ကျွန်တော်တို့ အဖို့ အင်မတန် စိတ်လှုပ်ရှားစရာပါ။ ဒီအထဲက ပထမဆုံး အလုံးကို ဒီနှစ်အတွင်း ဖွင့်လှစ်ပါမယ်” ဟု Accor Asia Pacific ၏ ဥက္ကဋ္ဌနှင့်လုပ်ငန်း အရာရှိချုပ် မိုက်ကယ်(လ) အစ်ဇင်ဘတ် (Micheal Issenberg)က ပြောသည်။ “အရှေ့တောင်အာရှဟာ အက်ကာရဲ့ အာရုံ စိုက်ရာ ဈေးကွက် ဖြစ်လာတာ ကြာပါပြီ။ နိုင်ငံတွေရဲ့ ခရီးသွား လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုး လာတယ်။ နိုင်ငံတကာ ဟိုတယ်တွေ အတွက် ရေရှည်ဖွံ့ဖြိုးမယ့် အလားအလာကိုလည်း တွေ့နေရတယ်။ ဒီဟိုတယ်   ၃ လုံးဟာ ၂ဝ၁၅ ခုနှစ်မှာ အာရှ- ပစိဖိတ် ဒေသတွင်း ဟိုတယ်အလုံး ၇ဝဝ ဖွင့်လှစ်ဖို့ဆိုတဲ့ ကျွန်တော်တို့ ရဲ့ ရည်မှန်းချက် ကို ဖြည့်ဆည်း မယ့် နောက်ထပ် ခြေတစ်လှမ်း ပါပဲ” ဟု သူက ဆိုပါသည်။

မြန်မာနိုင်ငံ မြို့တော် နေပြည်တော် အလယ်တွင် ပေါ်ထွက်လာမည့် အဆင့်မြင့် အမ်ဂယ်လာရီ ဟိုတယ်မှာ မြို့တော်၏ နိုင်ငံတကာ အဆင့်မီ ပထမဆုံး ဟိုတယ်ဖြစ်ပြီး အခန်း ၁၆၈ ခန်း၊ အစည်းအဝေး ခန်းမကြီး ၁ ခု၊ အစည်းအဝေးခန်း ၄ ခန်း၊ ဆေးလိပ်သောက်ခန်းပါ ဘား ၁ ခု၊  အီတာလျံစားသောက်ဆိုင် ၁ ခုအပါ အဝင် စားသောက်ခန်း ၂ ခုတို့ ပါဝင်မည်ဖြစ်သည်။ ယခုနှစ်အတွင်း ဖွင့်လှစ်ရန် မျှော်လင့်ထားသော အဆိုပါ ဟိုတယ်သည် မြို့တော်ခန်းမ၊ ရေပန်း ဥယျာဉ်၊ ကျောက်မျက် ရတနာပြတိုက် တို့မှ ၁၅ မိနစ် ခရီးအကွာ၌ တည်ရှိ ပြီး နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မိနစ် ၂ဝ ခရီးအကွာ၌ တည်ရှိမည်ဖြစ်သည်။

နိုင်ငံ၏ မြို့တော်ဟောင်းဖြစ်ပြီး ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း အတွက် အရေးပါသော စီးပွားရေး ဗဟို အချက် အချာ ဖြစ်သည့် ရန်ကုန်မြို့တွင် တည်ဆောက် မည့် နိုဗိုတယ် ရန်ကုန် မက်(စ)မှာ ၂ဝ၁၃ ခုနှစ် အကုန်ပိုင်းတွင် ပြီးစီးမည် ဖြစ်သည်။ အသစ် တည်ဆောက်နေသည့် အဆိုပါ ဟိုတယ်တွင် အခန်း ၃၆၆ ခန်း ပါဝင် မည်ဖြစ်ပြီး ခေါင်မိုးပေါ် ပြင်သစ် စားသောက်ဆိုင် ၁ ခုအပါအဝင် စားသောက်ဆိုင် ၃ ခု၊ ဘား ၁ ခု၊ စတုရန်းမီတာ ၁ဝဝဝ အကျယ်ရှိသော စားသောက်ခန်းကြီး ၁ ခန်း၊ စည်းဝေးခန်း ၈ ခန်း၊ ရေကူးကန်နှင့် ကျန်း မာရေးလေ့ကျင့်ရုံ ၁ ခုတို့ဖြင့် နိုင်ငံ တကာအဆင့်မီ ဝန်ဆောင်မှုပေးမည် ဖြစ်သည်။ တည်နေရာမှာ ရွှေတိဂုံ ဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ အင်းလျားကန်၊ ဂျန်ရှင် စကွဲယား ရှော့ပင်းစင်တာတို့မှ လမ်းတစ်လျှောက်စာ အကွာတွင် ရှိပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ မိနစ် ၂ဝ ခရီး တွင် တည်ရှိသည်။

၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်မည့် ဟိုတယ်သစ်ဖြစ်သည့် နိုဗိုတယ် မန္တလေးမင်္ဂလာတွင် အခန်း ၂၈ဝ၊ စားသောက်ဆိုင် ၂ ခု၊ ဘား ၂ ခု၊ အကခန်းမ ၁ ခု၊ စည်းဝေးခန်း ၄ ခန်း၊ ရေကူးကန် ၁ ခုနှင့် ကျန်းမာရေး လေ့ကျင့်ရုံ ၁ကန် တို့ ပါဝင်မည် ဖြစ်သည်။ တည်နေရာမှာ မဟာမြတ်မုနိဘုရား၊ မန္တလေးနန်းတော်၊ ရွှေနန်းတော်ကျောင်း၊ မန္တလေးတောင်တို့ အနီးတွင် ရှိပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မိနစ် ၆ဝ ကြာ ခရီးတွင် တည်ရှိမည် ဖြစ်သည်။

ဝ၄ဝ

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*