တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၇


မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ တိုင်းရင်းသား၊ မြန်မာ့ဓလေ့နဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာတည်သရွေ့ တည်တံ့ ခိုင်မြဲဖို့နဲ့ ရေရှည် တည်တံ့အောင် ဆောင်ရွက်ကြရမှာက မြန်မာနိုင်ငံသား အားလုံးမှာ တာဝန်ရှိတယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ ဒုသမ္မတက အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင်မြန်မာ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များသည် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့ ရိုးရာအစဉ် အလာ ဓလေ့အလိုက် ဆက်ခံ ထိန်းသိမ်းလာခဲ့ကြတဲ့ အတွက် နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့ပြီး မျိုးဆက်သစ်တို့ကို လက်ဆင့်ကမ်း အမွေ ပေးနိုင်ခြင်း ဖြစ်တယ်လို့ ဒုသမ္မတက ပြောပါတယ်။ ယဉ်ကျေးမှုနဲ့ သဘာဝ အမွေအနှစ်တွေဟာ လက်ညှိုးထိုးမလွဲ ဂုဏ်ယူဖွယ် တည်ရှိနေပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပျူ ရှေးဟောင်း မြို့တော်တွေ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် မန္တလေး မဟာလောက မာရဇိန် ကုသိုလ်တော် ဘုရား ကျောက်စာတွေနဲ့ မြစေတီ (ရာဇကုမာရ်) ကျောက်စာတွေဟာ မြန်မာ့ အမွေအနှစ် အဖြစ် ကမ္ဘာအလယ်တွင် ဂုဏ်ယူစရာဖြစ်ပြီး  ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသနဲ့ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဒေသတွေကိုလည်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ ဆောင်ရွက် သွားရမှာ ဖြစ်တယ်လို့ ဒုတိယ သမ္မတ ဦးဟန်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*