အနုပညာသတင်း — ရန်ကုန်၊ မတ် ၃၁၊ ၂ဝ၁၃
MLTR အဖွဲ့၏ ဖျော်ဖြေပွဲ မြင်ကွင်းတစ်ခု

MLTR အဖွဲ့၏ ဖျော်ဖြေပွဲ မြင်ကွင်းတစ်ခု

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် Micheal Learns to Rock(MLTR) ဖျော်ဖြေပွဲသည် ဂျေဆင် မရက်ဇ် ဖျော်ဖြေပွဲ ပြီးနောက် ဒုတိယမြောက် ကမ္ဘာကျော် အဆိုတော် အဖွဲ့ ဖျော်ဖြေပွဲဖြစ်ပြီး လက်မှတ်ဈေး နှုန်းများမှာ အမြင့်ဆုံး ကျပ်တစ်သိန်း ဝန်းကျင်မှ အနည်းဆုံး ကျပ် ၂  သောင်းကြားတွင် ရှိခဲ့သောကြောင့် မြန်မာပြည် တွင် ပြုလုပ် ကျင်းပခဲ့သော ရှိုးပွဲများအနက် ဈေးအကြီးဆုံး ဖျော်ဖြေပွဲဟု ဆိုနိုင်ပြီး ပရိသတ် သုံးထောင် ဝန်းကျင်ခန့်သာ လာရောက် ကြည့်ရှု ခဲ့သည့် အတွက် မြန်မာနိုင်ငံ၏ ဈေးအကြီးဆုံးနှင့် ပရိသတ် အနည်းဆုံး ဖျော်ဖြေပွဲဟု ဆိုရပေမည်။

ယင်း Micheal Learns to Rock(MLTR)  ဖျော်ဖြေပွဲနှင့် တစ်ချိန်တည်း ဆိုသလို မတ်လ ၃ဝ ရက် မိုင်ဒါ ကွင်းတွင် ပြုလုပ်ခဲ့သည့် သရုပ်ဆောင် အဆိုတော်စိုးသူ၏ တစ်ကိုယ်တော် အခမဲ့ဖျော်ဖြေပွဲမှာ ပရိသတ်ခြောက်သောင်း နီးပါးခန့် သောင်းသောင်းဖျဖျ လာရောက်အားပေးခဲ့ကြသဖြင့် ပရိသတ် အများဆုံး ဖျော်ဖြေပွဲ အဖြစ် စံချိန်တင်ခဲ့သည်။

Micheal Learns to Rock(MLTR) ဖျော်ဖြေပွဲကို ည ၇ နာရီ ခန့်တွင် Lazy Club တီးဝိုင်းမှ အဖွင့် အနေဖြင့် နိုင်ငံတော် သီချင်းတီးခတ်ခဲ့ပြီး ဖြူဖြူကျော်သိန်းက ကိုယ်ပိုင် သံစဉ်တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကာ ဇော်ဝင်းထွဋ်က အင်ပါယာ တီးဝိုင်းနှင့်အတူ ပါဝင်ဖျော်ဖြေခဲ့ကြပြီး နောက် ၈ နာရီခန့်တွင် Micheal Learns to Rock(MLTR) အဖွဲ့မှ “မင်္ဂလာပါမြန်မာ”ဟု နှုတ်ခွန်းဆက် ပြီးနောက် ယင်းတို့၏ အထင်ရှားဆုံး၊ လူကြိုက် အများဆုံး တေးသီချင်းများ ဖြစ်သည့် Sleeping Child, 25 Minutes, Blue Night, You Took My Heart, Breaking My Heart, That’s Why Paint My Love စသည့် တေးသီချင်းများအပါအဝင် တေးသီချင်း ပေါင်း ၂ဝ ကျော်ဖြင့် သီဆိုဖျော်ဖြေခဲ့ ပြီး ထိုသီဆိုမှုအား ဧပြီ ၁ ရက်တွင် 5 Plus ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့ ကြောင်း သိရသည်။

အထက်ပါ ဖျော်ဖြေပွဲကို ပါကစ္စတန်အခြေစိုက် Pastel Communication ပူးပေါင်းကူညီမှုဖြင့် 7 Days, 5 Plus Channel တို့မှ တရားဝင် မီဒီယာအဖြစ် ကူညီပေးခဲ့ပြီး လွင်မိုး၊ စည်သူလွင်၊ သံသာဝင်း၊ နီနီ ခင်ဇော်၊ ယုန်လေး၊ ပြေတီဦး၊ အိန္ဒြာ ကျော်ဇင်၊ ဝင်းထွန်းထွန်းတို့လည်း သွားရောက်အားပေးခဲ့ကြောင်း သိရ သည်။ ဒိန်းမတ် ပေါ့ပ်ရော့ခ်ဂီတအဖွဲ့ Micheal Learns to Rock(MLTR)  ကို ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ဓာတ်ပြား ၁၁ သန်းကျော်ရောင်းချဖြန့်ချိခဲ့ပြီး အများ စုမှာ အာရှတွင်ရောင်းခဲ့ခြင်းဖြစ်သည်။ Take me to your heart သီချင်းသည် ၂ဝဝ၆ ခုနှစ်တွင် ဒေါင်းလုဒ်ပြုလုပ် နားဆင်မှုအများဆုံးဆုရရှိခဲ့သကဲ့သို့ ယင်းတို့၏ အယ်လ်ဘမ် ရောင်းချမှုများ အတွက် လည်း ရွှေနှင့် ပလက်တီနမ်ဆု ဆွတ်ခူးရရှိခဲ့သည်။

လာရောက်သူ ပရိသတ် စံချိန်တင်ခဲ့သည့် စိုးသူ ရှိုးပွဲ

လာရောက်သူ ပရိသတ် စံချိန်တင်ခဲ့သည့် စိုးသူ ရှိုးပွဲ

ဝ၈၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)