စီးပွားရေးသတင်း — ဒက္ကာ၊ မတ် ၂၂၊ ၂ဝ၁၃

ဘင်္ဂလားဒေ့(ရှ)နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ရှိ လမ်းဖောက်လုပ်ရေး ပြီးစီးပါက ရန်ကုန်နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြှင့်သွားနိုင်ရန် ဒက္ကာက စဉ်းစားနေကြောင်း ဘင်္ဂလားဒေ့(ရှ) ကုန်သွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် မာဘတ် အာမက်က ဖိုင်နင်ရှယ်အိတ်(စ)ပရက် သတင်းစာသို့ ပြောကြားသည်။

ဘင်္ဂလားဒေ့(ရှ) နယ်တွင်းရှိ တက္ကနက်(ဖ)နယ်ဂန်ဒန်မြို့မှ မြန်မာနယ် စပ်သို့ ဆက်သွယ်သော လမ်းဖောက်လုပ်ရေးမှာ ပြီးစီးခဲ့ပြီးဖြစ်၍ တစ်ချိန် တည်းတွင် မြန်မာနယ်တွင်းရှိ ဘူးသီးတောင်မြို့မှ မောင်တောမြို့ကို ဖြတ်လျက် နယ်စပ်သို့ ဆက်သွယ်သော လမ်းမှာ ၂ လအတွင်း ပြီးစီးရန် မျှော်လင့် ထားကြောင်း မြန်မာနိုင်ငံသို့ မကြာ မကြာ သွားရောက်သူ ကုန်သည်များက ဆိုပါသည်။ နှစ်နိုင်ငံ ကုန်သည်များသည် တက္ကနစ်(ဖ) ကြားခံစခန်းကိုဖြတ်၍ ရက်သတ္တ တစ်ပတ်ကြာ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားရောက်ခွင့်ရှိသည်။

နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေးကို လွန်ခဲ့သည့် နှစ်နှောင်းပိုင်းက ဖွဲ့ စည်းခဲ့သော နှစ်နိုင်ငံ ပူးတွဲကုန်သွယ်မှု ကော်မရှင်မှ ချမှတ်ထားသည့် မူဘောင် များအရ ကုန်သွယ်ရေး မူဝါဒများနှင့်အညီ သက်ဆိုင်ရာ နိုင်ငံများမှ အရာရှိ များ စတင်ဆောင်ရွက်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန (Ministry of Commerce Moc) က ဆိုပါသည်။ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် ယခုလစောစောပိုင်းတွင် ဘင်္ဂလားဒေ့(ရှ) ကုန်သွယ်ရေး ဝန်ကြီး ဂျီအမ်ကွေဒါ နေပြည်တော် သို့ ရောက်စဉ်က မြန်မာ ကုန်သွယ်ရေး ဝန်ကြီး ဦးဝင်းမြင့်နှင့် တွေ့ ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့(ရှ)နိုင်ငံသည် ထိုင်းနှင့်ဗီယက်နမ်ပြီးလျှင် မြန်မာနှင့် ပူးတွဲ ကုန်သွယ်မှု ကော်မရှင်ဖွဲ့စည်းခဲ့သော တတိယမြောက် နိုင်ငံဖြစ်ကာ  မြန်မာ နိုင်ငံမှာ ဘင်္ဂလားဒေ့(ရှ)၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် သီးခြားကုန်သွယ်ရေး သဘောတူညီမှု များ ချုပ်ဆိုထားခဲ့သည်။

ဘင်္ဂလားဒေ့(ရှ)နှင့် မြန်မာနယ်စပ်မှာ အရှည်ကီလိုမီတာ ၃ဝဝ နီးပါး ရှိပြီး တောများ၊ တောင်များ၊ မြစ်များနှင့် ဘင်္ဂလား ပင်လယ်အော်ကြားခံ ဆက်စပ်နေသည်။ နှစ်နိုင်ငံ ကုန်သွယ် မှု တန်ဖိုးမှာ ၂ဝ၁၂ ခုနှစ်တွင် ဒေါ် လာသန်း ၈ဝ ခန့်ရှိပြီး ယခင်နှစ်က ဒေါ်လာသန်း ၁ဝဝ နှင့်စာလျှင် ကျဆင်း သွားကြောင်း အခြားသော Moc အရာရှိ တစ်ဦးကပြောကြားသည်။ သို့တစေ နှစ်နိုင်ငံကုန်သွယ် မှုကို ဒေါ်လာ သန်း ၁ဝဝ ဝန်းကျင်မှ သန်း ၅ဝဝ အထိ နှစ်စဉ် တိုးမြှင့်သွားရန် ပြီးခဲ့သည့်နှစ်ကမူအရ သဘောတူ ထားခဲ့ကြသည်။ အခြေခံ အဆောက်အဦ ချို့တဲ့ခြင်းနှင့် သင်္ဘောတင် လုပ်ငန်း ကောင်းမွန်မှု မရှိခြင်းကြောင့် အိမ်နီးချင်း နှစ်နိုင်ငံကြား ကုန်သွယ်မှု အလားအလာကို အပြည့်အဝ မဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း ယင်းအရာရှိက ဆိုပါသည်။

ဘင်္ဂလားဒေ့(ရှ)မှ မြန်မာသို့ ပို့ကုန်များမှာ သံမဏိထုတ်ကုန်များ အပေါစား စက်မှုပစ္စည်းများ၊ ဘိလပ်မြေ၊ ရိက္ခာခြောက်၊ ဆေးဝါးနှင့် အလှကုန်စသည်တို့ ဖြစ်ပြီး မြန်မာမှ ငါး၊ သစ်၊ ဟင်းခတ်အမွှေးအကြိုင်၊ ဖိနပ်၊ အချဉ်ထုပ် စသည်တို့ဖြစ်သည်။

Ref: thefinancialexpress.bd.com

ဝ၄ဝ

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*