ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၂၁ ၊ ၂ဝ၁၃

မြန်မာနိုင်ငံ တစ်ဝန်းရှိ ဒေသ အချို့တွင် ယခုလ အတွင်း မိုးအနည်းငယ် ရွာသွန်းနိုင်ခြေရှိပြီး တောင်သူ လယ်သမားများ စပါးစိုက်ပျိုးပြီး ရိတ်သိမ်းချိန်ဖြစ်၍ အထူး သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၊ ကချင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့၌ ၅ ရက်မှ ၇ ရက်ထိ မိုးအနည်းငယ် ရွာသွန်းနိုင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည် နယ်၊ မွန်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ၂ ရက်မှ ၄ ရက်အထိ မိုးရွာနိုင်၍ ကျန် ပြည်နယ်နှင့် တိုင်း ဒေသကြီးများ၌ တိမ် အသင့်အတင့် ဖြစ်ထွန်းမည်ဟု ခန့်မှန်းထားကြောင်း၊ ၅ ရက်မှ ၇ ရက်ထိ မိုးရွာနိုင်သည့် အခြေအနေ၌  တောင်သူများ စပါးရိတ်သိမ်းရန် အထူးဂရုပြုစေ လို၍ ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။

ယခုလအတွင်း ဘင်္ဂလား ပင်လယ်ပြင် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်ပါက သီရိလင်္ကာ နိုင်ငံနားတွင် ဖြစ်ပေါ်ပြီး အနောက်ဘက်ကို ရွေ့ လာနိုင်သော်လည်း မြန်မာနိုင်ငံသို့ အကျိုးသက်ရောက်မှု မရှိကြောင်း၊ ဆောင်းရာသီ၏ လက္ခဏာဖြစ်သည့် အအေးဒဏ်သည် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလကုန်မှစတင် အေးလာသည့် အတွက် ယခုနှစ် ဇန်နဝါရီလထဲ၌ အအေးဒဏ်ကို ခံစားရနိုင်ပြီး အအေးလှိုင်းဖြတ်သည့် အခြေအနေ မဟုတ် ကြောင်း၊ ဇန်နဝါရီလလယ် ရက် ၂ဝ ဝန်းကျင်ထိ အေး၍ အအေးပေါ့သွားနိုင်ကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့ ၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန် အောက်လျော့၍ အအေး ပိုမည်ဟု ခန်မှန်းထားကြောင်း ဦးချစ်ကျော်က ပြောသည်။

ယင်းက ဆက်လက်၍ “အရင်က ဆောင်းဆိုရင် အေးတာကို နိုဝင် ဘာလကစပြီး ခံစားရတယ်။ အေးတာမှ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ရန်ကုန်အထိကို အေးလာတာ တွေ့ရပါတယ်။ အခုက ဒီဇင်ဘာလကုန် လောက်မှ ခံစားရတယ်ဆိုတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီကတော့ အအေးဒဏ်ကို ခံစားရမှာပေါ့။ ဒါပေမယ့် အအေးဓာတ်က လျော့လိုက် ပိုလိုက်နဲ့ ဖြစ်နေမှာပါ”ဟု ပြောကြားသည်။

ယခုလတွင် ရာသီဥတု အန္တရာယ်အနေဖြင့် အရေးကြီးသည့် ကိစ္စသည် မြူထူဆိုင်းခြင်း ကိစ္စဖြစ်ပြီး မြူထူမှု များကြောင့် လေကြောင်း၊ ရေကြောင်း သွားလာရေးများ၌ အန္တရာယ်ရှိကာ ခရီးစဉ်များ ရွှေ့ ဆိုင်းရခြင်း၊ ကုန်စည် ပို့ဆောင်ရသော ဒေသတို့၌ ကုန်စည်ရောက်ရှိရန် အချိန်နောက်ကျရခြင်းများရှိ သည်။ ထိုကြောင့် မြူထူဆိုင်းနိုင် သည့်ဒေသများကို မိုးလေဝသမှ ခန့်မှန်းထုတ်ပြန်ကြေညာထားရာ၌ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည် နယ်တို့တွင် ၁၆ ရက်မှ ၁၈ ရက် ထိ မြူထူဆိုင်းနိုင်ပြီး ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများ၌ ၁၃ ရက် မှ ၁၅ ရက်အထိ မနက်ပိုင်းများ တွင် မြူထူဆိုင်းနိုင်သည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

ဝဝ၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*