နိုင်ငံတကာသတင်း — အော့တဝါ၊ မတ် ၂၉၊ ၂ဝ၁၃

McDowell

ကနေဒါနိုင်ငံသည် ယင်း၏ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် သံအမတ်ကြီး ရာထူးအတွက် သက်တမ်းရှည် သံတမန်နှင့် အာရှ ရေးရာ ကျွမ်းကျင်သူ မာ့(ခ)မက္ကဒိုဝဲယ် ကို အမည်စာရင်း တင်သွင်းလိုက် ကြောင်း ကနေဒါ နိုင်ငံခြားရေးဌာနက သောကြာနေ့တွင် အတည်ပြုပြောကြား  ခဲ့သည်။

မစ္စတာ မက္ကဒိုဝဲ(လ)သည် အသက် ၅ဝ အရွယ် ရှိပြီး လောလောဆယ်တွင် ဘေဂျင်းမြို့ရှိ ကနေဒါ သံရုံးတွင် ကောင်စစ်ဝန် ရာထူးနှင့် လူထုရေးရာ သံတမန်ဌာန အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ် သည်။ သူသည် ရန်ကုန်မြို့ရှိ ကနေဒါ သံရုံးသစ်တွင် ဦးစီးပဲ့ကိုင်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ သံရုံး ကို ယခုနွေရာသီတွင် တရားဝင် ဖွင့်လှစ်ရန် မျှော်လင့်ရသည်။

ကနေဒါနှင့်မြန်မာ နှစ်နိုင်ငံဆက် ဆံရေးသည် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် သမ္မတဦးသိန်းစိန် အာဏာ ရယူချိန်မှစ၍ နွေးထွေးစပြုလာခဲ့သည်။ လွန်ခဲ့သည့်နှစ် မတ်လ တွင် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဘတ်(ဒ) မြန်မာနိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့ပြီး ကုန်သွယ် ရေးဝန်ကြီး အက်(ဒ)ဖတ်(စ)က ပြီးခဲ့သည့် စက်တင်ဘာလတွင် သွား ရောက်ကာ ကနေဒါသံရုံးတွင် အမြဲတမ်း ကုန်သွယ်ရေး ဌာနတစ်ခု ဖွင့်လှစ်ရန် ကြေညာခဲ့သည်။

“ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေကို ကနေဒါနိုင်ငံ က ကြိုဆိုပြီး ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ မြန်မာ အစိုးရကို အားပေးခဲ့ပါတယ်”ဟု နိုင်ငံခြားရေး ဌာနမှ ထုတ်ပြန်ချက်တွင် ပြောကြား ခဲ့သည်။ “လူမျိုးရေးနဲ့ ဘာသာရေး အသိုင်းအဝိုင်းများအကြား အကြမ်းဖက်မှု များကို ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုင်တွယ်ဖြေရှင်းပြီး မှီတင်းနေထိုင်သူ အားလုံးရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို ကနေဒါက တိုက်တွန်း ခဲ့ပါတယ်”ဟု ယင်းက ဆိုပါသည်။

မစ္စတာ မက္ကဒိုဝဲ(လ)သည် ၁၉၉၄ ခုနှစ်တွင် ပြည်ပရေးရာနှင့် နိုင်ငံတကာ ကုန်သွယ်ရေးဌာနဟု ထို စဉ်က လူသိများသော နိုင်ငံခြားရေးဌာနသို့ ဝင်ရောက်ခဲ့ပြီး နယူးယောက်၊ တိုင်ပေ၊ ဘန်ကောက်နှင့် ပေကျင်း တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံအကြောင်းကို ၂ဝ၁ဝ ခုနှစ်၊ တရုတ်နိုင်ငံရှိ ကနေဒါ သံရုံးတွင် တာဝန် မထမ်းဆောင်မီ ဟားဗတ် တက္ကသိုလ်တွင် သုတေသနပြုခဲ့ သည်ဟု နိုင်ငံခြားရေးဌာနမှ ကိုယ် ရေး အထ္ထုပ္ပတ္တိ ဆိုင်ရာ အချက်အလက်များအရ သိရှိရသည်။

ဝ၄ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*