ပြည်တွင်းသတင်း — ဖူးခက်၊ ဖေဖော်ဝါရီ ၂၂၊ ၂ဝ၁၃

ထိုင်းဘုရင့် ရေတပ်မတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုသို့ ပထမဆုံးသံတမန်ရေး အလည်အပတ် ခရီးအဖြစ် ဖေဖော်ဝါရီ ၂ဝ ရက်မနက်က ရောက်ရှိလာသော မြန်မာ့ရေတပ် စစ်သင်္ဘော နှစ်စင်းကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။

ကပ္ပတိန်အောင်ဇော်လှိုင် ဦးဆောင်သော UMS 561 နှင့် UMS  562 ကမ်းခြေစောင့် ရေယာဉ်နှစ်စင်းသည် ဖူးခက် ပင်လယ်ရေနက်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီး ယင်းကို ထိုင်းဘုရင့်ရေတပ်မတော် တတိယနယ်မြေ စစ်ဌာနချုပ် ဒုတိယစစ်ဆင်ရေး အကြီးအကဲနန်တာပို(လ)မာလာရတ်က စောင့်ဆိုင်းကြိုဆိုခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံ တံခါးဖွင့်လာကတည်းက ကျွန်တော်တို့ တရားဝင် ပထမဆုံး အလည်အပတ် ရောက်တာဟာ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာ သုံးရက်နေပြီး ကျွန်တော်တို့ နှစ်နိုင်ငံ ရေတပ်တွေကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်သွားမှာပါ” ဟု ကပ္ပတိန် အောင်ဇော်လှိုင်က ပြောကြားခဲ့သည်။ “ထိုင်းနိုင်ငံကို ပထမဆုံး လာဖို့ ရွေးချယ်ရတာက ကျွန်တော်တို့မှာ ခိုင်မာတဲ့ ဆက်ဆံရေးတွေ အမြဲတမ်း ရှိခဲ့လို့ပါပဲ။ ကျွန်တော်တို့ဟာ ရေပိုင်နက်ချင်းလည်း စပ်နေတယ်။ ဒါကြောင့် နှစ်နိုင်ငံ ပူးတွဲကင်းလှည့် တာဝန်တွေနဲ့ ကျွန်တော်တို့ရဲ့ ရေပြင်သယံဇာတတွေကို အတူတကွ ကာကွယ်ဖို့ ဖြစ်နိုင်ခြေတွေလည်း ဆွေးနွေးမှာပါ” ဟု သူက ဆိုပါသည်။

ထို့အတူ မြန်မာ့ရေတပ်မတော် အဖွဲ့ဝင်များကို ကြိုဆိုနှုတ်ဆက်ရန် ရောက်ရှိနေသော တတိယရေတပ် နယ်မြေမှူး ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး သာရာသွန်း ခါဂျစ်ဆူဝမ် ကလည်း “ဒီခရီးစဉ်က နှစ်နိုင်ငံ ရေတပ်တွေ ကြား ခိုင်မာတဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ “လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ထိုင်းရေတပ်ဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာရေတပ်ဆီ တရားဝင် အလည်အပတ် ရောက်ခဲ့ပါတယ်။ အခုတော့ သူတို့က ကျွန်တော်တို့ ဆီကို ပထမဆုံး တရားဝင် အလည်အပတ် လာကြပါပြီ” ဟု သူက ဆိုပါသည်။

Ref: phuketgazette.com

ဝ၄ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*