လူမှုရေးသတင်း — ချင်းမိုင်၊ စက်တင်ဘာ ၂ဝ၊ ၂ဝ၁၂

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ထောင်ပေါင်းများစွာမှာ ထိုင်းအစိုးရ၏ အမျိုးသား စိစစ် အတည်ပြုရေး အစီအစဉ် (National Verification Programme NVP) အရ ဒီဇင်ဘာ ၁၄ နောက်ဆုံးရက် မတိုင်မီ မှတ်ပုံတင်ရန် ပျက်ကွက်ပါက နှင်ထုတ်ခံ ရနိုင်ကြောင်း သိရှိရသည်။

“မှတ်ပုံမတင် ရသေးတဲ့သူတွေ မှတ်ပုံတင် နိုင်အောင် နောက်ဆုံးရက် ကုန်တဲ့အထိ မှတ်ပုံတင်တာ မရှိရင်  သူတို့ကို ထိုင်းဘုရင့်နိုင်ငံမှာ အလုပ်လုပ်ခွင့် ပြုမှာ မဟုတ်ဘူး”ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန အောက်ရှိ ချင်းမိုင် အလုပ်အကိုင် ရှာဖွေရေးရုံး ညွှန်ကြားရေးမှူး Panwadee Ploytabtim က IRIN သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ မြန်မာ အလုပ်သမား တစ်ဦး

ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ မြန်မာ အလုပ်သမား တစ်ဦး

NVP ကို ၂ဝဝ၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ထိုင်းအလုပ်သမား ဥပဒေများ အောက်တွင် ရွှေ့ပြောင်း အလုပ်သမား များကို မှတ်ပုံတင်ပေးရန်နှင့် စိစစ် အတည်ပြုပြီး အကာအကွယ် ပေးရန် ရည်ရွယ်ခဲ့သည်။

သို့တစေ ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့်၊ အနည်းငယ်သော အရေအတွက်သာ မှတ်ပုံတင်ခဲ့ကြပြီး မူလ ၂ဝ၁ဝ နောက်ဆုံး ရက်မှ တိုးချဲ့မှုပေါင်း များစွာ ပြုလုပ်ခဲ့ရခြင်းသာ အဖတ်တင်ခဲ့သည်။

ထိုင်းအလုပ်သမား ဝန်ကြီးဌာန အဆိုအရ ထိုင်းတွင် လောလောဆယ် အလုပ် လုပ်ကိုင်နေသော အိမ်နီးချင်း နိုင်ငံများမှ တရားဝင်အလုပ်သမား ၁.၃ သန်းကျော် ရှိကြောင်း၊ ၈၂ ရာနှုန်းမှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ၉.၅ ရာနှုန်းမှာ ကမ္ဘော ဒီးယား နိုင်ငံမှ ဖြစ်ကာ ၈.၄ ရာနှုန်းမှာ လာအိုနိုင်ငံမှ ဖြစ်ကြောင်း သိရှိရသည်။

သို့သော် ရွှေ့ပြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂ သန်းကျော် ရှိပြီး အဓိက အားဖြင့် လုပ်ခနည်း အလုပ်များ ဖြစ်သည့် ဆောက်လုပ်ရေး၊ ငါးဖမ်း လုပ်ငန်းနှင့် ဝန်ဆောင်မှု စက်ရုံများတွင် ဖြစ်သည်ဟု ဆိုသည်။

ရွှေ့ပြောင်း အလုပ်သမားများ၏ ရှုထောင့်မှ ဆိုလျှင် ထိုင်းရွှေ့ပြောင်း အလုပ်သမား စိစစ်မှတ်ပုံတင်ရေးလုပ် ငန်းစဉ် တစ်ခုလုံးမှာ အမြဲလိုပင် အလွန်ရှုပ်ထွေးလှပြီး ဈေးကြီးလွန်းလှကြောင်း၊ လူ့အခွင့်အရေး စောင့်ကြည့် ရေး အဖွဲ့၏ အာရှဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဖီ(လ)ရော ဘတ်ဆန်က ပြောသည်။ မှတ်ပုံတင်ကြေး ပေးဆောင် သော အလုပ်ရှင်များမှာ လခမှ မကြာခဏ နုတ်ယူပြီး သူတို့ငွေ ပြန်ရရေး အာမခံနိုင်ရန် နိုင်ငံကူး လက်မှတ်များကို သိမ်းဆည်း ထားတတ်ကြောင်း သူက ဆိုသည်။

နောက်ဆုံး မှတ်ပုံတင်ပိတ်ရက်မှာ အိမ်ပြန်လိုသော မှတ်ပုံမတင် ရသေးသည့် မှတ်တမ်းမှတ်ရာ မရှိသည့် အလုပ်သမား များကို မှတ်ပုံတင် ကတ်ပြား ထုတ်ပေးရန် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက အဆိုပြု ခဲ့သဖြင့် ယခုနှစ်ဇွန်လမှ တိုးချဲ့ပေးခဲ့ခြင်း ဖြစ်သည်။

Ref:IRIN

ဝ၄ဝ

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*