ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၁၉၊ ၂ဝ၁၃
ကျောင်းဆင်းချိန် မြင်ကွင်း

ကျောင်းဆင်းချိန် မြင်ကွင်း

၂ဝ၁၆-၁၇ ပညာသင်နှစ်တွင် Grade ၁၂ (၁၁ တန်း) ပညာရေး စနစ်ကို စတင် ကျင့်သုံးမည်ဟု ပညာရေး ဝန်ကြီးဌာနမှ သတင်းများ ထွက်ပေါ်ခဲ့သည့် အပေါ် ပညာရေး ဝန်ထမ်း  တချို့က ပညာရေးအား မြေစမ်း ခရမ်းပျိုးခြင်းမျိုး မလုပ် သင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

“ပညာရေး ဥပဒေ သေချာ မထွက်သေးဘဲနဲ့ ပညာရေးစနစ် ပြောင်းဖို့ လုပ်တာ အဆင်မပြေတာ တွေဘဲ တွေ့ရနိုင်တယ်။ တကယ်တော့ ပညာရေးကို မြေစမ်းခရမ်း မပျိုးသင့်ပါဘူး” ဟု စစ်တွေ တက္ကသိုလ်၊ ရူပဗေဒဌာနမှ ကထိက ဒေါက် တာ ကျော်သန်းမိုးက သုံးသပ် ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက နေပြည် တော်တွင် ပညာရေးဝန်ထမ်းများ နှင့် တွေ့ဆုံရာ၌ လာမည့် ၂ဝ၁၆- ၁၇ ပညာသင်နှစ်တွင် Grade 12 (၁၁)တန်း ပညာရေးအဖြစ် တိုးမြှင့်မည်ဟု တရားဝင် ပြောကြား ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အထက် တန်းပညာရေးကို Grade 11 (တက္ကသိုလ်ဝင်တန်း) အထိသာ ထားရှိ သင်ကြားလျက် ရှိသည်။ ၂ဝ၁၂-၁၃ ပညာသင်နှစ်ဖြစ်သော ယခုနှစ်တွင် သတ္တမတန်း (Grade-8) အတန်း၌ တက်ရောက် ပညာသင် ယူနေသော ကျောင်းသားကျောင်းသူများသည် အဆိုပါ Grade 12 ပညာရေး စနစ် အမှန်တကယ် အကောင် အထည် ဖော်ပါက ပထမဦးဆုံး တက်ရောက်ရမည့် သူများ ဖြစ်လာမည် ဖြစ်သည်။

ထိုသို့ ပညာရေးစနစ်ပြောင်းလဲရန် ပြင်ဆင်မှုနှင့် ပတ်သက်၍ အမှတ် ၃ အခြေခံပညာဦးစီးဌာန (အောက် မြန်မာပြည်) မှ တာဝန်ရှိသူ တစ်ဦးက “အခုကတော့ တွက်ချက်နေကြတုန်းပါပဲ။ အထက်တန်း ကျောင်းတွေမှာ ၁၁ တန်းထားဖို့ အတွက် နေရာရှိရဲ့လားပေါ့။ ကျောင်းသားတွေကို ဘယ်လိုထား နိုင်မလဲ။ အဆောင်တိုးချဲ့ဖို့ လိုမလို  အဲဒါတွေ တွက်ချက်နေ ကြတုန်းပဲ။  သင်ရိုးညွှန်းတမ်းလည်း ရေးဆွဲရဦးမယ်” ဟု မြန်မာအင်ဒီပဲန်ဒင့်၏ မေးမြန်းမှု ကို ပြန်လည် ဖြေ ကြားခဲ့သည်။

လက်ရှိတွင် မြို့နယ်တစ်ခုချင်း အလိုက် မူလတန်းကျောင်း ၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများ၏ အရေအတွက်၊ အဆောက် အဦ အနေအထား၊ အကျယ် အဝန်း တို့ကို လေ့လာ စာရင်းကောက်ယူနေ ပြီဟု သိရှိရသည်။

“၁၁ တန်းလုပ်လုပ်၊ ၁၂ တန်းပဲ လုပ်လုပ်။ တကယ်က ကလေးတွေရဲ့ အသိစိတ်ထဲမှာ ကိုယ့်အားကိုယ်ကိုး ရမယ် ဆိုတဲ့ အကျင့်ထည့်ပေးနိုင်ဖို့ ပိုအရေးကြီးတယ်။ သူများနိုင်ငံတွေ ပညာရေး အောင်မြင်နေတာကို ကြည့်ပြီး ဘယ်ဟာကို ဘယ်လိုလုပ်နေလဲ ချိန်ဆရမယ်” ဟု ဒေါက်တာ ကျော် သန်းမိုးက ဆက်လက် သုံးသပ်သည်။

၁၁ တန်း ပညာရေး ပြောင်းလဲ သတ်မှတ်မည်ဟု သတင်းများ ကြားသိရချိန်၌ ကျောင်းသား ကျောင်းသူ တချို့က ပညာရေး၏ နှစ်ရှည်ကြာမှုကို ငြီးငွေ့သည့် အသံများ ထွက်ပေါ်လာကြောင်း အလယ်တန်းပြ ဆရာမ တစ်ဦးက ပြောကြား သည်။

“ကျွန်မတို့ကတော့ နိုင်ငံတော်က သတ်မှတ်တဲ့အတိုင်း လိုက်နာရမှာပေါ့” ဟု အထက်တန်းပြ ဆရာမ တစ်ဦး ကလည်း ဆိုသည်။

ကျောင်းသားမိဘများ အနေဖြင့်လည်း တစ်နှစ်ထပ်မံတိုးချဲ့လာမည့် ပညာရေးအတွက် “တစ်နှစ်ဆိုတဲ့ အချိန်မှာ အဲဒီကလေးအပေါ် အာရုံ စိုက်ရတာတွေ၊ ကုန်ကျစရိတ်ပိုလာ တာတွေရှိလာမှာပဲ၊ လွယ်တော့ မလွယ်ဘူး” ဟု စဉ်းစားသံများ ကြားသိရသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင် တန်း(၁ဝ တန်း)ကျောင်းသားတစ် ဦး၏ တစ်နှစ်စာ ကုန်ကျစရိတ်မှာ အနိမ့်ဆုံး ၅ သိန်း ခန့်မှ အများဆုံး သိန်း ၃ဝ ကျော်ခန့်အထိရှိကြောင်း စုံစမ်းသိရှိရသည်။

ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*