ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၇


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွက် “ပြည်သူသို့ ကျေးဇူးတင်လွှာ” ကို ဖေဖော်ဝါရီလ ၂၄ ရက်ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကျေးဇူးတင်လွှာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီကို သေနပ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့သူ ကြည်လင်းအား အုတ်ခဲ့နဲ့ ပစ်ခတ်ကာ ဖမ်းဆီးပေးနိုင်ခဲ့တဲ့ အဌားယာဉ်မောင်း ဦးနေဝင်းကို ပေးအပ်တာပါ။

ဦးနေဝင်းဟာ သေနပ်သမား ကြည်လင်းကို ဖမ်းမိဖို့ ကြိုးစားရင်း ကြည်လင်း ပစ်ခတ်လိုက်တဲ့ သေနပ်ကျည်ဆံ ထိမှန်လိုက်တဲ့ အတွက် ကွယ်လွန်သွားခဲ့သူ ဖြစ်ပါတယ်။ လုပ်ကြံမှု တရားခံကို အသက်စတေးပြီး ဖမ်းဆီးပေးခဲ့တဲ့ ဦးနေဝင်းကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*