စီးပွားရေးသတင်း ခေါင်းကြီးသတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဇန်နဝါရီ ၁၀၊ ၂၀၁၇

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတိုင်း နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေး တည်ငြိမ်မှု အတွက် ကြိုးပမ်း ဆောင်ရွက်ရာမှာ ပြည်ထောင်စု အစိုးရအဖွဲ့ အတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော် နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေး ခန်းမမှာ ပြုလုပ်တဲ့ ဘဏ္ဍာရေး ကော်မရှင် (၁/၂၀၁၇) အစည်းအဝေးမှာ အခုလို ပြောကြား လိုက်တာပါ။

အဲဒီ စိန်ခေါ်မှုတွေဟာ နိုင်ငံတော်ရဲ့ အဓိကရ ငွေတစ်ခုဖြစ်တဲ့ သဘာဓါတ်ငွေ့ တင်ပို့မှုမှ ရရှိတဲ့ ငွေဟာ ကမ္ဘာ သဘာဝဓာတ်ငွေ့ ဈေးနှုန်း အခြေအနေ ကျဆင်းနေတာ၊ သစ်ထုတ်လုပ် တင်ပို့မှု လျော့ချထားတဲ့ အတွက် ကျဆင်းနေပြီး သထ္ထုကဏ္ဍ လုပ်ကွက်တွေကိုလည်း ပြန်စိစစ်ခွင့် ပြုဖို့ စီစဉ်နေပြီး လျှပ်စစ် ကဏ္ဍ ထုတ်လုပ်မှုမှာ ပြည်သူတွေ သက်သာအောင် အရှုံးခံ ထုတ်လုပ်နေရတာတွေ အပြင် အခြား စိန်ခေါ်မှုတွေလည်း ရှိနေပြီး ပြည်တွင်းငွေကြေး ဈေးကွက် တည်ငြိမ်မှုရှိအောင်လည်း ဂရုစိုက် ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*