တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၇

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယ အစည်းအဝေးကို ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ကျင်းပနိုင်ရေး အတွက် လျာထားထားပြီး ထပ်မံဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

“၂၈ ရက်နေ့ကို target date ထားပါတယ်၊ confirm date ကို ပြန်ညှိပါ့မယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ မှ မတ် ၇ရက်နေ့ထိ ၇ ရက်ကြာ ကျင်းပရန် လျာထားကြောင်း သိရသည်။

လက်ရှိ ညီလာခံ ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွင် ပါဝင်ထားသည့် အတိုင်း ညီလာခံ ကိုယ်စားလှယ် ဦးရေ ၇၀၀ ဦးနှင့် ကျင်းပနိုင်ရေး သဘောတူထားကြောင်း သမ္မတရုံး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး အတွင်း သတင်းမီဒီယာများ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ် ၃၁ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ထိ ကျင်းပခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့တွင် ကိုယ်စားလှယ် ၃၃ ဦး၊ စက်တင်ဘာ ၂ ရက်နေ့တွင် ကိုယ်စားလှယ် ၃၃ ဦးနှင့် စက်တင်ဘာ ၃ ရက်နေ့တွင် ကိုယ်စားလှယ် ၁၀ ဦး တို့ဆွေးနွေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*