လူမှုရေးသတင်း — ရန်ကုန်၊ ဧပြီ ၂၊ ၂ဝ၁၃

တိကျသည့် စစ်ဆေးမှုများပြုလုပ်ပြီး တွေ့ရှိချက်များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီဒီယာများသို့ ရှင်းလင်းပြောကြား

သတင်းစာရှင်းလင်းပွဲ မြင်ကွင်း

သတင်းစာရှင်းလင်းပွဲ မြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၁ဝ ရပ်ကွက် ၄၈လမ်း အမှတ် ၁၈၃ ဗလီနှင့် အစ္စလာမ် ဘာသာရေး စာသင်ကျောင်း မီးလောင် မှုတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ အားရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စစ်ဆေးတွေ့ရှိချက် များကို ဧပြီလ ၂ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှုးရုံး ခန်းမ ၃ တွင် ကျင်းပရာ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ လုံခြုံရေးနှင့်နယ်စပ် ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းနိုင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့က တက်ရောက် လာသည့် သတင်းမီဒီယာ များအား ရှင်းလင်းပြောကြား ပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ရှင်းလင်း တင်ပြရာတွင် မိမိတို့အနေဖြင့် အခင်း ဖြစ်စဉ် တွင် တွေ့ရှိချက်များ၏ အဖြစ် မှန်အား အစ္စလာမ် ဘာသာရေးအဖွဲ့ ၅ ဖွဲ့အား ရှင်းလင်းတင်ပြ ခဲ့ပြီးဖြစ်ကြောင်း၊ အဓိက တွေ့ရှိချက်မှာ ကျောင်းတွင် အသုံးပြုသည့် မီးအားမြှင့်စက်မှ မီးအားများ မြင့်တက်လာ ခဲ့ပြီးနောက် မီးစတင်လောင်ကျွမ်းခဲ့ရာ မီးအားမြှင့်စက် အောက်တွင် ထားရှိသည့်   ဒီဇယ်ဆီပုံးသို့ ထပ်မံ ကူးစက်လောင် ကျွမ်း ခြင်းဖြစ်ပြီး ယင်းသို့ လောင်ကျွမ်းမှု ကို ကျောင်း တာဝန်ခံ ဦးဇေယျာဖြိုး ဆိုသူအား မေးမြန်းရာ ၄င်း၏ ပြောဆို ချက်များတွင် သဲလွန်စများ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် ယင်းဖြစ်စဉ် အား အမြန်ဆုံးဖော်ထုတ် နိုင်ရေး အတွက် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများနှင့် စနစ်တကျ စစ်ဆေးမှုများ စီစဉ်ဆောင်ရွက် ခဲ့ပြီးနောက် တွေ့ရှိချက် များသည် ပြင်ပ ပယောဂ များကြောင့် မဟုတ် သည်ကို အဖြစ်မှန်အတိုင်း အသိပေး ရှင်းလင်းခြင်းဖြစ်ကြောင်းပြော ကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှူး၊ ရဲမှူးကြီးဝင်းနိုင်က စစ်ဆေးတွေရှိချက်များအားပြောကြား ရာတွင် မိမိအနေဖြင့် ယခုဖြစ်စဉ်တွင် ပြင်ပတွင် ထွက်ပေါ်နေ သည့် ကောလာဟလ သတင်းများကြောင့် ပြည်သူများ စိုးရိမ်မှု မဖြစ်စေရေး ဖြစ်စဉ်အမှန်အားဖော်ထုတ်နိုင်ရေးတို့အတွက် စစ်ဆေးမှုများကို စနစ်တကျ စီစဉ် ဆောင်ရွက် ခဲ့ရာတွင် မီးလောင်ရခြင်း နှင့်ပတ်သက်သည့်ဖြစ်စဉ်များအား ကျောင်းတွင် တာဝန်ခံဖြစ်သူ ဇေယျာ ဖြိုးအား ရှေဦးစွာ မေးမြန်းရာ၊ ၄င်းအနေဖြင့် ဖြစ်စဉ် အား အမှန်အတိုင်း မပြောဘဲ ပြင်ပမှ လာရောက် မီးရှို့သွားသည့် ပုံစံမျိုးေ ပြာကြားပြီး ၄င်းတာဝန်ယူမှုမှ ကင်းလွတ်ရန်ရှောင်လွှဲ ပြောဆိုခဲ့ကြောင်း၊ ၄င်း၏ ပြောဆိုချက် များကြောင့် ဘာသာရေး အဖွဲများမှာ လည်း သံသယရှိခဲ့ကြကြောင်းလက်ရှိ ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် ဆက်နွယ်မှု ရှိခဲ့ပြီး အခြားသူ တစ်ဦး တစ်ယောက်က လာရောက် မီးရှို့ခဲ့ သည့်ဟု သံသယများ ရှိခဲ့ပြီး အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် ထိရောက်သည့် စစ်ဆေးမှုများပြုလုပ်ပေးပါရန် အား မိမိတို့ ပြောကြားခဲ့ ကြကြောင်း၊ ၄င်းဖြစ်စဉ် အမှန်ပေါ်ပေါက်ရေးအတွက် မိမိတို့ရဲတပ်ဖွဲ့များအနေဖြင့် အထူး စုံစမ်းရေး အဖွဲ့များ ဖွဲ့ပြီး ကျောင်းတွင် နေထိုင်ကြသည့် ကလေးငယ် အချို့ အားတွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ကလေးငယ်သုံးဦးဖြစ်သော မောင် ဝေယံ၊ မောင်မောင်ဇော်၊ မောင် မျိုးအောင် တို့အား မေးမြန်းစစ်ဆေးရာ တွင် ကလေး များက မီးအားမြှင့်စက်မှ ရှေးဦးစွာ အသံ ကျယ်လောင်စွာကြား ခဲ့ရကြောင်း၊ ထို့နောက် မီးလောင် ခဲ့ကြောင်း၊ ထိုသို့မီးလောင်ချိန်တွင် တာဝန်ရှိသူကျောင်းဆရာ ဇေယျာဖြိုး မှာ အိပ်ပျော်နေကြောင်း မီးလောင် နေသောကြောင့် ကျောင်းသားများက အော်ဟစ်ခေါ်သည့်အခါမှ ဆရာ ဇေယျာဖြိုးမှာ လန့်နိုးခဲ့ပြီး ယင်းက ကလေးများ ထံမှ ခြုံစောင်ကို ယူကာ ရေစွတ်ပြီး မီးကိုငြှိမ်းသော်လည်း မီးသည် မီးအားမြှင့်စက်အောက်တွင် ရှိသည့် ဒီဇယ်ပုံးသို့ ဆက်လက် ကူးစက် လောင်ကျွမ်းခဲ့ခြင်းကြောင့် မီးခိုး များမွှန်ပြီး ကလေးများသေဆုံး ရခြင်း ဖြစ်သည်ဟု စစ်ဆေးတွေရှိခဲ့ရကြောင်း ဇေယျာဖြိုးမှ မိမိတို့အားပြောကြားရာ မီးလောင်မှုဖြစ်ချိန် တွင် ယင်း၏ လုံချည်နှင့် ခြုံစောင်မှာလည်း ဒီဇယ်ဆီများ စိုနေသည်ကိုပြောကြားကြောင်း တစ်ဦးဦးမှ လာရောက်ပြီး မီးရှို့ခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းက မိမိတို့အား ပြောကြားခဲ့သည့်အတွက် လုံချည် တွင် ဒီဇယ်ဆီများ စိုနေခြင်းကို မိမိတို့ရဲတပ်ဖွဲ့ အနေနှင့် သံသယရှိခဲ့ပြီး ယင်းအားခေါ်ယူကာ အသေးစိတ် စစ် ဆေးခဲ့ရာ မီးလောင်မှုသည် ယင်း၏ ပေါ့ဆ မှုကြောင့် ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ကျောင်းသားများသေဆုံးရခြင်းအပေါ် ယင်းတွင် တာဝန်ရှိသည် ဟု ဝန်ခံခဲ့ ကြောင်း စသည်ဖြင့် စစ်ဆေးတွေ့ရှိ ချက်များကို ရှင်းလင်း ခဲ့ပြီး သက်သေခံ အဖြစ် သိမ်းဆည်းခဲ့သည့် ပစ္စည်းများအား သတင်းမီဒီယာများသို့ ပြသခဲ့သည်။  မီးလောင်မှု အတွက် ဦးဇေယျာဖြိုးအား အရေးယူရန် စီစဉ်လျက် ရှိသည်။

ဝ၃၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*