ခေါင်းကြီးသတင်း — ရန်ကုန်၊ ဧပြီ ၂၊ ၂ဝ၁၃

မီးလောင်မှု ကောလဟလကြောင့် မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရန် ထိန်းသိမ်းကြစေလို၊ ကောလာဟလ သတင်းများကြောင့် အမုန်းစိတ်၊ သံသယ စိတ်များ ကြီးထွား လာပြီး မလိုလား အပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်

မီးလောင်ခဲ့သည့် ဗလီ အဆောက်အဦ

မီးလောင်ခဲ့သည့် ဗလီ အဆောက်အဦ

ဧပြီ ၂ ရက်၊ မနက် ၃ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ ရေကျော်ရှိ ဆွာဒီကီယတ် ဟာဖွိဇ် ဘာသာရေးစာသင် ကျောင်း နှင့်ဗလီကျောင်း မီးလောင် မှုဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြင့်ဆွေနှင့် သက်ဆိုင်ရာ တာဝန် ရှိသူများမှ သွားရောက် ကြည့်ရှုလေ့လာ တွေ့ရှိချက်များ အရ ပေါ့ဆမီးဖြစ်သည် ကိုတွေ့ရသော်လည်း ဗလီတာဝန်ခံ ဦးခင်မောင်အေးနှင့်ဗလီဘော်ဒါ ဆရာ ဦးဇေယျာဖြိုးတို့သည် မိမိတို့အပြစ် ကျမည် စိုးသဖြင့် တစ်စုံ တစ်ယောက်၊ တစ်အုပ်စုမှ ရှို့သည့် မီးအဖြစ်ကောလာ ဟလထုတ်လွှင့်မှုများရှိခဲ့ကြောင်းနှင့် ထိုသို့သော ကောလာဟလ သတင်းများ ကြောင့် အမုန်းစိတ်၊ သံသယ စိတ်များ ကြီးထွားလာပြီး မလိုလား အပ်သော ပြဿနာများဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူလူထုအားလုံးက ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင် သင့်ကြောင်း ဧပြီ ၂ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဝင်းအတွင်း ပြုလုပ်ခဲ့သည့်သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြား ခဲ့သည်။

အထက်ပါ မီးလောင်မှုဖြစ်စဉ် အမှန်အသေးစိတ်ကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားရာတွင် မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့်တကွ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းတို့ သွားရောက် စစ်ဆေးခဲ့ပြီး ဗလီသည် ထပ်ခိုးတစ်ခု ပါဝင်သော တစ်ထပ် အဆောက် အအုံဖြစ်သောကြောင့် ထပ်ခိုးအပေါ် ထပ်သို့တက်သည့် လှေကားအောက်ရှိ မီးအားမြှင့်စက် အပူမြင့်၍ မီးထလောင် သည်ဟု အကြမ်းဖျင်းသုံးသပ်ရပြီး ဗလီ သီးသန့်မဟုတ်ဘဲ စာသင်ကျောင်း နှင့်ပါ တွဲထားသောကြောင့် မီးလောင်စဉ်တွင် ထိုဗလီကျောင်းထဲ၌ ဘာသာရေး စာပေ သင်ကြားနေသည့် ကလေး ၇ဝ ခန့် ရှိနေပြီး တံခါးများကို သော့ နှစ်ထပ် ခတ်ထား၍ အလုံပိတ်ထားကာ ထပ်ခိုးက ပြတင်းပေါက်များမှာလည်း သံတိုင်၊ သံဇကာ များဖြင့် ပိတ်ကာ ထားသည့် အတွက် ထပ်ခိုးရှိ ကလေး  ၁၃ ဦးမှာ မီးခိုးငွေ့များကြောင့် အသက် ရှူကျပ် သေဆုံး သွားသည်ဟု ယူဆရ ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးက မီးလောင်ရသည့် အကြောင်းရင်းအမှန်အား ဖုံးကွယ်ပြီး အပြစ်ပေးခံရမည်ကို စိုးရွံ့သဖြင့် ကောလာဟလများ ထုတ်လွှင့်နေမှု များကိုလည်း တာဝန်ရှိသူများ ချက်ချင်းရောက်ရှိ သွားစဉ် တွေ့ရှိချက်များ အရ မီးအားမြှင့်စက်က မီးလောင် ခြင်းဖြစ်သည့်အတွက် ထိုအဆောက်အဦတွင်စောင့်သော သူ၏ တာဝန်ဖြစ် သောကြောင့် ဗလီတာဝန်ခံ ဦးခင်မောင် အေးနှင့် ဗလီဘော်ဒါ ကျောင်းဆရာ ဦးဇေယျာဖြိုးတို့သည် မိမိတို့တာဝန် ပျက်ကွက်မှု၊ပေါ့လျော့မှုကြောင့် အရေး ယူခံရမည် စိုးသဖြင့် တစ်ယောက် ယောက်မှ လုပ်ကြံရှို့သည့် မီးဖြစ်သ ယောင် ကောလာဟလများ ထုတ်လွှင့် ခဲ့ခြင်းကြောင့် အချို့မှာ ဇဝေဇဝါဖြစ်ခဲ့ ကြောင်းနှင့် မိမိတို့ ရန်ကုန်တိုင်းဒေသ ကြီး တာဝန်ရှိသူများအနေဖြင့် ကောလာ ဟလများ ကူးစက်ပျံ့နှံ့ပြီး မလိုလားအပ် သော ပြဿနာများ မဖြစ်စေရန် မူဆ လင်အဖွဲ့ချုပ် ၅ ခုမှ ဦးသိန်းမြင့်ဦး၊ ဦးစိုးသန်း၊  ဦးစိန်လှ၊ ဦးရဲနောင်သိန်း၊ ဦးကျော်ငြိမ်းတို့အပါအဝင် ဘာသာ ပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ ၄ ဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ဖြစ်စဉ်အမှန်နှင့် လုံခြုံရေး ဆောင်ရွက်မှု အနေအထားများကို ရှင်းပြခဲ့သလို၊ စုံစမ်းစစ်ဆေးရေး ခုံရုံးမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး တိတိကျကျ၊ ထိထိရောက်ရောက် အရေးယူ သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဖြစ်စဉ် အမှန်ပေါ်ပေါက်ရေး အတွက် ရဲမှူးကြီး ဝင်းနိုင် ဦးစီးဦးဆောင်ပြု သော စစ်ဆေးဆောင်ရွက်မှုများဖြင့် ပတ်သက်၍ “ရဲမှူးကြီး စစ်ဆေးတဲ့ အခါမှာလည်း ဒီထဲမှာ ဘာမှ မသင်္ကာစရာ မတွေ့ရပါဘူး။ ပုဒ်မ ၁၈၈ ထုတ် ပြန်ထားတော့ ညကျရင် ၉ နာရီကျော်ရင် မထွက်ကြတော့ပါဘူး။ ဒါ့အပြင် မနက်ကျရင် လည်း ပိုပြီးကင်းတွေ တိုး စောင့်တော့ မလာရဲပါဘူး။ ကောလာ ဟလတွေ ထုတ်လွှင့်လိုက်တော့ တစ်စုံ တစ်ယောက်ပဲ လုပ်သလိုလို ဘာလိုလို ဖြစ်သွားတယ်။ အခု လောလောဆယ် တော့ တာဝန် ရှိတဲ့ သူဖော်ထုတ်ပြီး သူ့ ကိုအမှုဖွင့်ထားပါတယ်။ သူ့ဘက်က ဘာတွေ ပျက်ကွက်လဲ ဆိုရင် နံပါတ် ၁ အနေနဲ့ လောင်တဲ့အချိန် သော့တွေက သူ့ဆီမှာရှိတဲ့ အတွက် နှစ်ထပ်ခတ်ထားတဲ့သော့တွေ ကို သူ ဘာလို့ မဖွင့်ပေးလဲ။ အဲဒီတော့ သူ့အပြစ်ဖြစ်မှာစိုး လို့ သူ လျှောက်ပြောတယ်။ ကောလာဟလ တွေ လွှင့်တယ်။ သူဟာ ကျောင်းဆရာ တစ်ယောက်လို့ ကျွန်တော်တို့ အကြမ်းဖျင်း သိတယ်။ ကျောင်းဆရာ တစ်ယောက်ဟာ သာမန်လူ မဟုတ်ဘူး။ ဦးနှောက် ရှိပြီးသား။ သူများထက် အတွေးအခေါ် ရှိတယ်။ အရင်ဆုံး သော့ဖွင့်ရမှာ သူသိရမယ်။ ကျန်တဲ့ ကလေး တွေရှင်တာ ကံကောင်းတယ် ပြောရမယ်။ မီးသတ်ကားတွေ ရောက်တော့ ရဲဒင်းလို ဟာတွေနဲ့ ခုတ်ဖွင့်ပြီး ကလေးတွေကို ဆွဲထုတ်ရတယ်။ ထုတ်တော့ အောက်က ကလေးတွေက အကုန် ထွက်လာတယ်။ အပေါ်က ကလေးတွေ ကျတော့ လှေကား က လောင်တာ ဖြစ်တော့ လှေကား ကလည်း လာလို့ မရတဲ့ အနေအထားတွေ ဖြစ်ကုန်တယ်။ ဒါတွေလည်း အားနည်းချက်ဖြစ်တယ်။ အခုပြောတာလည်း လက်ရှိ တွေ့တဲ့ အနေအထား ကိုပြောတာပါ” ဟု ဆိုသည်။

ဗလီမီးလောင်ရသည့် ကိစ္စသည် အပြင်ပယောဂမပါသောအတွင်းမှ ပေါ့ဆ မှုကြောင့် လျှပ်စစ် ဝါယာရှော့ခ်ဖြစ်ပြီး လောင်ကျွမ်း ရခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သော် လည်း သတင်း မီဒီယာအချို့၊ အွန်လိုင်းမီဒီယာ အချို့နှင့် အချို့ ဝက်ဘ်ဆိုက်စာမျက်နှာများတွင် ရှို့မီးကြောင့် လောင်ကျွမ်းရခြင်းဖြစ်သည်ဟု တစ်ဖက်မှပြောသည့် အကြောင်း အရာကို အသားပေးကာ တစ်ဖက်သတ်ဆန်စွာ ရေးသားခြင်းများကြောင့် တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖက်နှင့်တစ် ဖက်အမုန်းပွားကာ မမှန်မကန် လုပ်ကြံဖန်တီးသည့် ကောလာဟလ သတင်းများ ကြောင့် ပိုမိုဆိုးဝါးသွားမည်ဆိုပါက ပြည်သူများ နစ်နာဆုံးရှုံးမည်စိုးသဖြင့် တစ်စုံတစ်ယောက်၊ တစ်အုပ်စုကြောင့် လောင်ကျွမ်း ရသည် ဆိုသော ရေးသား ချက်များအား ချေဖျက်ကာ ဖြစ်စဉ်အမှန်ကို လက်ခံပြီး ဝိုင်းဝန်းတည့်မတ် ထိန်း ကျောင်းပေးရန် မေတ္တာရပ်ခံ လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ထပ်မံမေတ္တာရပ်ခံပြောဆိုခဲ့သည်။

ရဲမှူးကြီး ဝင်းနိုင်က ယင်းတို့သွားရောက်တွေ့ရှိခဲ့ရသော စစ်ဆေးချက်များကို ထုတ်ဖော်ပြောရာတွင် “ဗလီဆရာတွေ က သူတို့ အပြစ်ဖုံးချင်ဇောနဲ့ တချို့ လူတွေက မသမာသော နည်းနဲ့ လာရှို့တယ်လို့ ပြောနေ တာတွေ ကြားရပါတယ်။ ရန်ကုန် တိုင်းဒေသကြီး ရဲ တပ်ဖွဲ့ကလည်း တိုင်းဒေသကြီး ဝန် ကြီးချုပ်ရဲ့ညွှန် ကြားချက်နဲ့ အညီ လမ်းတိုင်းမှာ သက်ဆိုင်ရာ အုပ်ချုပ် ရေးမှူးတွေ အပါ အဝင် သက်ဆိုင် ရာလမ်းထဲမှာရှိတဲ့ နေထိုင်သူများ အလှည့်ကျစနစ်နဲ့ ကင်းစောင့်ပေးပြီး လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ ဆောင်ရွက်ထားတယ်။ လက်ရှိ အနေအထား အရ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်။ ၄၈လမ်းပေါ်မှာရှိတဲ့ အစောင့် ၃ ယောက်ကို မေးတော့ အဲဒီအချိန်ကာလတစ်လျှောက် ဘယ်လူစိမ်းမှ မဝင်ဘူးဆိုတာ သိရတဲ့ အတွက် အပြင်ပယောဂ မပါသော အတွင်းက ဖြစ်စဉ်ကြောင့်သာ ဖြစ်ခဲ့တယ်လို့ သုံးသပ်ပါတယ်။ ဝါယာရှော့ခ် မီးလောင်တယ်လို့ ပြောခြင်းက လျှပ်စစ်တာဝန်ခံ ပါပါတယ်။ ကျွန်တော်တို့က ကျွမ်းကျင်သူတွေ မဟုတ်ပါဘူး။ ဒါကြောင့် ကျွမ်းကျင်သူတွေပါ တစ်ပါတည်းလိုက်ပါပြီး သူတို့ရဲ့ပြောပြချက်၊ တွေ့ရှိချက် အချက်အလက်တွေအပေါ် မူတည်ပြီး ကြေညာခြင်းဖြစ်ပါတယ်။ အရေးယူမှု ကတော့ အမှုဖွင့်ရတာရှိပါတယ်။ အိမ်တစ်အိမ်မှာ မီးလောင်တယ် ဆိုရင် ပေါ့ဆမီးဆို အိမ်ရှင်ကို အမှုဖွင့်ရတယ်။ ဒီအပေါ်မှာ တရားရင်ဆိုင်ရတာ ရှိတယ်။ အခုကတော့ ပေါ့ဆမီး အနေနဲ့ စုံစမ်းစစ်ဆေးဆဲပါ”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဧပြီ ၂ ရက်၊ မနက် ၃ နာရီတွင် စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်မှု ဖြစ်စဉ်အား ရုပ်သံလှိုင်းများက  အချိန်နှင့်တစ်ပြေးညီ သတင်းကြေညာ ထုတ်လွှင့်ပြ သခဲ့သလို၊ သက်ဆိုင်ရာ တာဝန်ရှိသူများ မီးသတ်ကား    ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မတ်  ၂ ရက်၊ မနက် ၉ နာရီ ၁၁ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။ ထို့ပြင် မီးလောင်မှုဖြစ်ပွား ရာနေရာသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနှင့်တကွ လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်းလည်း သွားရောက် စစ်ဆေးခဲ့သလို၊ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမှုများကို ဧပြီ ၂ ရက်၊ မနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း တွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရဲမှူးကြီးဝင်းနိုင်၊ ပြည်ထဲရေး ဝန်ကြီး ဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်တို့ တက်ရောက် ခဲ့သည်။ မီးလောင် ကျွမ်း မှုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းထားပြီး ထိုစုံစမ်းစစ်ဆေးရေး အဖွဲ့ တွင် မီးသတ် ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကြည်ဝင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ မှ တွဲဖက် အတွင်းရေးမှူး ဦးတိုးအောင်၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး သက်လွင်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ကောင်းမြတ်မင်း၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဧပြီ ၂ ရက်၊ နံနက် ၅ နာရီခွဲခန့်က “အခု မီးလောင်တာကို ကိုင်တွယ်ဖြေ ရှင်းနေတဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေ အရမ်းတော်ပါတယ်။ မီးသတ်ကား၊ လူနာတင်ယာဉ်၊ ရဲကား ဘယ်သူမှ ဥဩတောင် မဆွဲဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်ဖြေရှင်းနေကြပါတယ်။ လူတွေ အထိတ်တလန့် ဖြစ်မှာ စိုးလို့ပါ။ ရန်ကုန်တစ်မြို့လုံး အခုအချိန်အထိ သိပ်မသိကြသေးပါဘူး။ မနက်ကျရင်တော့ ကောလာ ဟလ မျိုးစုံထွက်လာမှာ သေချာပါ တယ်။ လုံးဝလုံးဝ မယုံကြည်ပါနဲ့။ မီးအားမြှင့်စက်က ဝါယာရှော့ဖြစ်ပြီး လှေကား ကို မီးလောင်တော့ ထပ်ခိုး က ကလေးတွေပိတ်မိပြီး ဆုံးပါးသွား ကြတာပါ။ အောက်ထပ်က ကလေး ၅ဝ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါ တယ်။ ကျွန်တော်နဲ့အတူတူ Duty ကျတဲ့ Team Leader ကလည်း အစ္စလာမ် ဘာသာဝင်ဖြစ်ပြီး သူလည်း တော်တော်စိတ်မကောင်းဖြစ်နေတယ် တူပါတယ်။ ကလေးတွေရဲ့ Body တောင် သွားမကြည့်နိုင်တော့ပါဘူး။

ကျွန်တော်လည်း နောက်ဆက်တွဲ ကောလာဟလတွေ ထွက်ပေါ်လာမှာ ကို အရမ်းစိတ်ပူနေပါတယ်”ဟု တင်ထားသည်ကို ဖတ်ရသည်။

မီးလောင်မှု ဖြစ်စဉ်ကို အသံလွှင့် မီဒီယာများ၊ ရုပ်/သံမီဒီယာများ၊ ပုံနှိပ် မီဒီယာများနှင့် အီလက်ထရောနစ် မီဒီယာ များက ဖြစ်စဉ် အမှန်အတိုင်း ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက် နေစဉ်မှာပင် ဝက်(ဘ)ဆိုက် စာမျက် နှာအချို့နှင့် ဖေ့(စ)ဘွတ်(ခ) စာမျက် နှာအချို့တွင် မမှန်သတင်းများ ဖြန့် ဖြူးနေကြောင်း တွေ့ရှိရသည်။ ယင်း တို့အနက် (https://www.facebook. com/photo.php?fbid=520716 984 637443&set=a.4683816432043 11.95087.468226919886450& type=1&theater)? (http://www. myanmarmuslim.net/?p= 2821?(https://www.facebook.com/moethee.zun/posts/102004118 07830801) တို့မှာ ထင်ရှားသော စာမျက်နှာများဖြစ်သည်။

ထိုသို့ ကောလာဟလများ ထွက် ပေါ်လာပြီး ဧပြီ ၂ ရက်၊ ညနေ ၄ နာရီခန့်တွင် ဒေါက်တာ ကောင်းမြတ် မင်းက ထပ်မံ၍ တင်ပြခဲ့သည်မှာ “အခု Duty က အပြန်လမ်းမှာ လူ တွေ ပြောနေကြတယ်။ မီးကွင်းပစ် တာတဲ့။ လှေကားမှာ ဓာတ်ဆီတွေ လောင်းထားတယ်တဲ့။ ကျွန်တော် နေတာက ပန်းဘဲတန်းဆိုတော့ ပိုဆိုးတာပေါ့။ အဆိုးဆုံးက အိမ်ရောက်လို့ Facebook လည်း ဖွင့်ရော International မှာပါ ကောလာဟလ တွေ အပြည့်ပဲ။ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။ အဖြစ်မှန်ကို လူတွေ သိစေချင်တယ်။ ကျွန်တော် မနေ့က အရေးပေါ် ERC 2 Duty ကျတယ်။ မနက် ၃ နာရီခွဲလောက်မှာ ဗလီ တစ်လုံး မီးရှို့ခံရလို့ဆိုတဲ့ သတင်း စဝင်လာတယ်။ ကျွန်တော် တို့လို အစိုးရဌာနတွေတောင် ကောလာဟလ သတင်းက စဝင်လာတာ ပြောပါတယ်။ ကျွန်တော် ကတော့ ပထမလုံးဝမယုံ ဘူး။ April Fool လို့ပဲ ထင်တာ။ နောက် Eleven က Internet သတင်း တက်လာတော့မှ အကုန်လုံး လန့်ဖြန့်ပြီး ကြိုတင် ပြင်စရာရှိတာတွေ ပြင်ကြတယ်။ House Surgeon လေး တွေကော emo ဆရာမတွေကော အလုပ်သမားတွေရောပေါ့။ Drip Line တွေ ထရော်လီတွေ Mask တွေ အကုန် အစုံအလင်နဲ့ ကိုယ်တွေ တတ် နိုင်သလောက် ပြုစုကုသပေးဖို့ ပြင် ဆင်ထားကြတယ်။ ဒါပေမယ့် ကျွန် တော်တို့ ရည်မှန်းချက် မပြည့်မြောက် ခဲ့ပါဘူး။ ရောက်လာသမျှက Injury Patient တစ်ယောက်မှမပါပဲ အကုန် လုံး Dead Body ချည်းဖြစ်နေလို့ပါ။ ၄ နာရီ ၂ဝ မှာ သြိပ ၄ ခုစရောက် တယ်။ နောက်တစ်ခေါက်က ပစ် ကပ် ကားနဲ့ ၆ ခု။ နောက်ဆုံးတစ် ခေါက်က ၃ ခု စုစုပေါင်း ၁၃ ခု ရောက်ပါတယ်။ ထူးခြားတာက မီး သတ်ကားတွေ၊ ရဲကားတွေ လူနာ တင်ယာဉ်တွေ အကုန်လုံးက ဥဩ သံလုံးဝ မဆွဲဘဲ စည်းကမ်းတကျ ဆောင်ရွက်နေကြ တာပါ။ သူတို့နဲ့ အတူတူ အစ္စလာမ်ဘာသာဝင် အယောက် ၄ဝ လောက်လည်း ပါ လာပါတယ်။ ကျွန်တော် လည်း ဖြစ် ကြောင်း ကုန်စင်ကို မေးတာပေါ့။ မီးသတ်က တာဝန်ရှိသူတွေ၊ ရဲ တွေကိုပေါ့။ သူတို့က သေချာ ရှင်းပြကြပါတယ်။ ဗလီဆရာက ညအိပ်ခါနီးတိုင်း လူစစ် ပါတယ်တဲ့။ မနေ့ ညက ၇ဝ ရှိပါတယ်တဲ့။ အခု ၁၃ ယောက်ဆုံးပါးသွားပြီး ၅၃ ယောက်ကို ကယ်ထားနိုင်ပြီး ၄ ယောက် ပျောက်နေတယ်လို့ ပြောပါ တယ်။ မီးအားမြှင့်စက်က ဝါယာရှော့ဖြစ်ပြီး လှေကားနဲ့ စက်က ကပ် နေလို့ လှေကားကို မီးကူးတာပါ။ အဲဒီလှေကားက ထပ်ခိုးကို တက်တဲ့ လှေကားဖြစ်ပြီး ထပ်ခိုးမှာ အိပ်တဲ့ ကလေး ၁၃ ယောက်ကို ပိတ်မိသွားတာပါ။ ထပ်ခိုးက လေးဖက်လေးတန် အလုံပိတ်ဖြစ်ပြီး မီးလောင်တဲ့ လှေကားတစ်ခုပဲ ထွက်ပေါက်ဖြစ်နေတာကြောင့် ဘယ်လိုမှ ကယ်လို့ မရဘူးလို့ မီးသတ် ဗိုလ်ကြီးက ပြောပါ တယ်။ သူတို့မှာ အထောက်အထား ဓာတ်ပုံတွေ အကုန်ရှိတယ်လို့လည်း ဆိုပါတယ်။ ကျွန်တော်လည်း  ပါလာတဲ့ အစ္စလာမ် ဘာသာဝင်တော် တော်များများကို လိုက်မေးကြည့်ပါ တယ်။ သူတို့ ကလည်း ဒီအတိုင်းပဲ ပြောကြပါတယ်။ ဗလီကျောင်းက တာဝန်ရှိ လူကြီးတွေလည်း ပါလာ ပြီး သူတို့လည်း ဒီလိုပဲ ပြောကြပါ တယ်။ ဘယ်သူမှ ရှို့မီးတို့၊ မီးကွင်း ပစ်တာတို့ မပြောကြပါဘူး။ သူတို့ ကိုယ်တိုင်က အဲဒါမျိုး လုံးဝမဖြစ်နိုင်ဘူး။ တံခါးသော့ခတ် ထားတာဖြစ်ပြီး အထဲက စလောင်တာလို့ ပြောကြပါ တယ်။ ကျွန်တော်နဲ့ အတူတူ Duty ကျတဲ့ Team Leader ရော နောက် ရောက်လာတဲ့ FA ကလည်း အစ္စ လာမ်တွေပဲ ဆိုတော့ သူတို့လည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ ကျွန် တော်ကတော့ သေချာအောင် အကုန် လုံးကို သေချာအောင် လိုက်မေးကြည့်ထားတာပါ။ ဆေးရုံလုံခြုံရေးအတွက် တံခါးပိတ်ထားတာကို တချို့တွေ အတင်းဖွင့်ခိုင်းလို့ ကတောက်ကဆ ဖြစ်တာက လွဲလို့ ဘာမှ ပြဿနာကြီး ကြီးမားမား မဖြစ်ပါဘူး။ အဲဒီတော့ ဒါရှို့မီး မဟုတ်ဘူးဆိုတာ နားလည်ကြမယ် ထင်ပါတယ်။ သက်သေ အနေနဲ့ မီးသတ်တွေ၊ ရဲတွေ၊ ဆေးရုံ က ဆရာ၊ ဆရာမတွေ၊ အလုပ်သမား တွေ အတူတူပါလာတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ ဗလီက တာဝန်ရှိသူ တွေ ရှိကြပါတယ်။ အခုတော့ဗျာ ကောလာဟလတွေက ဆိုးလွန်းအား ကြီးပါတယ်။ လူတွေက ဘာတွေ ဖြစ်ချင်နေ ကြတာလဲ။ လူတွေ ပါးစပ် က စည်းကမ်းမဲ့လွန်းအားကြီးပါ တယ်။ အပြစ်မဲ့ပြီး သေဆုံးသွားတဲ့ ကလေး ၁၃ ယောက်ရဲ့ အသက် ၁၃ ချောင်းကို အသုံးချပြီး အကြမ်း ဖက်မှုတွေ၊ ဘာသာရေးသွေးကွဲမှုတွေ အုံကြွမှုတွေ ဖြစ်အောင် လုပ်နေတဲ့၊ ပြောနေတဲ့၊ ရေးနေတဲ့ လူတွေရဲ့ လုပ်ရပ်တွေကတော့ အောက်တန်း ကျလွန်း  အားကြီး ပါတယ်။ ကျွန်တော် ဒီလို Status မျိုး ရေးလေ့ရေးထ မရှိပါဘူး။အခု ရေးရတာကလည်း ကိုယ်သိတဲ့ အမှန်တရား တစ်ခုကို ပြောရမယ့် ဝတ္ထရားရှိတယ်လို့ ခံယူထားလို့ပါ။ လူတိုင်းအမှန်ကို သိသွားအောင် မစွမ်း ဆောင်နိုင်ပေမယ့် အနည်းဆုံးတော့ ကျွန်တော်ရဲ့ Facebook Account မှာရှိတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ် ချင်းတွေတော့ အမှန်သိသင့်တယ် ထင်လို့ပါ။ လူတိုင်းကောလာဟလ ဘေးမှ ကင်းဝေးနိုင်ကြပါစေ” ဟုရေးသား ထားပါသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသွားခဲ့ကြသူများမှာ ၁။ ရဟီမွလ္လာဟ်(ရေ ကျော်) ၂။ ဟာရှင်(ရေကျော်) ၃။ မုဟ မ္မဒ်အုမရ်(ဒလ) ၄။ အဗူဗရှရ်(ဘိုက လေး) ၅။ အဗ္ဗဒုလ်လသိဖ် (ရွှေပြည် သာ) ၆။ မုဟမ္မဒ်စုဟိုင်း(သာကေတ) ၇။ မုဟမ္မဒ်ဟစန် (ကော့ကရိတ်) ၈။ အဗ္ဗဒုရ်စွဗ်ဗဟာန်(ကန်တော်လေး) ၉။ အီဗ်ဗရာဟီမ်(အင်ကုန်း) ၁ဝ။အာရီဖ် (အင်ကုန်း) ၁၁။ ဖိုင်ဇလ်(သာကေတ) ၁၂။ အဗ္ဗဒုရ်ရဇက်(ဒဂုံတောင် ၅၆) ၁၃။ အဗ္ဗဇရ်(ဒဂုံတောင် ၅၆) ဖြစ် သည်ဟု သိရှိရ ပါသည်။ သေဆုံးသူများကို အစ္စလာမ် ဘာသာ ထုံးစံအတိုင်း ရေဝေး သုသာန် တွင် ဧပြီ ၂ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါသည်။

သေဆုံးသွားကြသူများ၏ နာရေး လိုက်ပါပို့ဆောင်ကြသူများ

သေဆုံးသွားကြသူများ၏ နာရေး လိုက်ပါပို့ဆောင်ကြသူများ

သေဆုံးသွားကြသူများ၏ နာရေး လိုက်ပါပို့ဆောင်ကြသူများ

သေဆုံးသွားကြသူများ၏ နာရေး လိုက်ပါပို့ဆောင်ကြသူများ

ဝ၈၂

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. so sorry the children ,RIP…

Leave a Reply to Moe Aung San Cancel reply

Your email address will not be published. Required fields are marked *

*