လူမှုရေးသတင်း — ရန်ကုန်၊ မတ် ၂၇၊ ၂၀၁၂
ဗမာ့ ကာကွယ်ရေးတပ်မတော် ယောနင်း စစ်ကျောင်းသားများ၏ တော်လှန်ရေးနေ့ မိတ်ဆုံစားပွဲ

ဗမာ့ ကာကွယ်ရေးတပ်မတော် ယောနင်း စစ်ကျောင်းသားများ၏ တော်လှန်ရေးနေ့ မိတ်ဆုံစားပွဲ

တော်လှန်ရေးနေ့ အမှတ်တရ ဆွမ်းကျွေးနှင့် မိသားစု မိတ်ဆုံစားပွဲကို ဗဟန်းမြို့နယ် ““ဓမ္မဒူတဗိမာန်ဓမ္မာရုံကြီး ”” တွင် ဗမာ့ ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့နိုင်ငံ စစ်တက္ကသိုလ် (မင်္ဂလာဒုံ)၊  မူလတန်း (ယောနင်း) စစ်ကျောင်းသားဟောင်းများက ယနေ့ (တပ်မတော်နေ့) မနက် ကိုးနာရီတွင် ကျင်းပခဲ့ရာ ဖက်ဆစ် တော်လှန်ရေးတွင် ကိုယ်တိုင် ပါဝင်ခဲ့သည့် ရဲဘော်ရဲဘက်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

တိုင်းပြည်အတွက် ဖက်ဆစ်​ တော်လှန်ရေးတွင် ပါဝင်ခဲ့သူများ၏ အမှတ်တရပွဲဖြစ်ကြောင်း အဆိုပါပွဲ ကျင်းပခွင့်ရခဲ့ကြောင်း တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဦးဖေခင်က ပြောကြားသည်။

မူလတန်း (ယောနင်း) စစ်ကျောင်းတွင် တက်ရောက်ခဲ့ပြီး​ တော်လှန်ရေးတွင် ပါဝင်ခဲ့သူ အယောက် ၃ဝ ခန့် သာ သက်ရှိထင်ရှား ရှိတော့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သော​ တော်လှန်ရေး ရဲဘော်ရဲဘက်များ ရှိမရှိ  မြန်မာအင်ဒီပဲန့်ဒင့် သတင်းဂျာနယ်မှ​ မေးမြန်းခဲ့ရာ ဖက်ဆစ် တော်လှန်ရေးတွင် ပါဝင်ခဲ့သူများသည် ယခုအခါ အသက်အရွယ် အလွန်ကြီးနေပြီဖြစ်သောကြောင့် အချို့မှာ တက်ရောက်ခြင်း မပြုနိုင်ကြောင်း အငြိမ်းစားဗိုလ်ချုပ် တင်ဦး ကပြောသည်။

““တစ်ချိန်တုန်းက တိုင်းပြည် လွတ်လပ်ရေးအတွက် အသက် တစ်ဆယ့်လေးနှစ်သားလောက်ကတည်းက ဂျပန်ကို​ တော်လှန်ခဲ့တဲ့သူတွေ… ဒီအချိန်အထိ ရဲ ဘော်ရဲဘက်စိတ်နဲ့  အထိမ်းအမှတ်အဖြစ်နဲ့​ တွေ့ကြတဲ့ပွဲပါ။ သူတို့က ရာသက်ပန်သေတဲ့အထိ လက်တွဲပြီးနေကြတာ ဒါကို အတုယူသင့်ပါတယ် ”” ဟု ယောနင်းစစ် ကျောင်းသားတစ်ဦးဖြစ်သူ ဦးညွန့်ဆွေက မြန်မာအင်ဒီပဲန့်ဒင့် သတင်းဂျာနယ်ကို ပြောကြားခဲ့သည်။

အခမ်းအနား အကျွေးအမွေးအစီအစဉ်ကို ကွယ်လွန်သူ သတင်းစာဆရာကြီး သာဂဒိုး(ခေါ်)တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဦးတင်စိုးမိသားစုမှ လှူဒါန်း ကြောင်းသိရှိရပါသည်။

အဆိုပါ မိတ်ဆုံစားပွဲကိုနှစ်စဉ် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း၊ နောင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း ဖက်ဆစ်​  တော်လှန်ရေးနေ့ မိတ်ဆုံ စားပွဲအခမ်းအနား ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သူ ဦးဖေခင်က ပြောကြားသည်။

၀၀၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.