ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၃၊ ၂ဝ၁၂

ယခု မေလအတွင်း၌ စက်ရုံ အလုပ်ရုံများတွင် ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသော ဆန္ဒဖော်ထုတ်ခြင်းများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ လုပ်ငန်းရှင်နှင့် အလုပ်သမား၊ အာဏာပိုင်များ၏ အလယ်တည့်တည့်မှနေ၍ အမြန်ဆုံးညှိနှိုင်း အဖြေရှာပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ ၎င်းအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကိုဇော်မင်းက  မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြားသည်။

အဆိုပါ ကြိုးစားမှုနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများရုံးမှ ““အခုလို ဆန္ဒဖော်ထုတ်တာတွေက ရေရှည်ကျရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်။ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ရင်းနှီး မြှုပ်နှံမှုတွေ လက်တွန့်သွားမှာ စိုးရိမ်တဲ့အတွက် အမြန်ဆုံးဖြေရှင်းပေးဖို့ မေလ ၂၂ ရက်နေ့က လုပ်ငန်းရှင်တွေ ဆီရော အလုပ်သမားဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ အိုင်အယ်လ်အို တို့ကို ကျွန်တော်တို့ စာတွေပို့ထားပါတယ်”” ဟု  ပြောသည်။

ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းများ ဆက်တိုက်ဖြစ်ပေါ်လာရခြင်းနှင့် ပတ်သက်၍လည်း အဆိုပါရုံးမှ ““ဒီလိုဆန္ဒဖော်ထုတ်တာတွေက တကယ်တော့ တချို့လုပ်ငန်းရှင်တွေက ကတိပေးပြီးမှ ကတိဖျက်တာတွေ၊ လစ်လျူရှုတာတွေ၊ အောက်လမ်းနည်းသုံးဖို့ လုပ်တာတွေ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေကြောင့် ဖြစ်လာတာပါ။ တကယ်တော့ ဒီလို ဆန္ဒဖော်ထုတ်တာတွေကြောင့် ရေရှည်မှာ အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံတော်အကျိုးစီးပွားအားလုံး ထိခိုက်နိုင်တယ်””ဟု  ပြောသည်။

၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့အနေဖြင့် လက်ရှိတွင် အလုပ်သမားများ၏ အခက်အခဲများကို ညှိနှိုင်း​ ဆောင်ရွက်​  ပေးလျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ““တကယ်တော့ အမြန်ဆုံးအဖြေရှာနိုင်အောင် လုပ်နေတာပါ””ဟု ပြောသည်။ ယခုလက်ရှိတွင် အလုပ်သမားများ၏ ကိစ္စများအား ၈၈ မျိုးဆက်​​   ကျောင်းသားများအဖွဲ့မှ မသက်သက်အောင်၊ မမာမာဦး၊ ကိုအောင်သူ၊ ကိုချစ်ကိုလင်းတို့မှ ပါဝင်ကူညီေ​ဖြရှင်းပေးလျက် ရှိကြောင်း သိရသည်။

ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*