တိုင်းရင်းသားသတင်း — တောင်ကြီး၊ မတ် ၁၉၊ ၂ဝ၁၃
 ဆွေးနွေးပွဲဖြစ်ရောက်ရေး တွေ့ဆုံပွဲတွင် တွေ့ရသည့် (SNLD) မှ ဦးစိုင်းညွှန့်လွင်

ဆွေးနွေးပွဲဖြစ်ရောက်ရေး တွေ့ဆုံပွဲတွင် တွေ့ရသည့် (SNLD) မှ ဦးစိုင်းညွှန့်လွင်

ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၈ ရက်က တောင်ကြီးတွင် အကြို ဆွေးနွေးခဲ့သော ရှမ်း/ကယား ဆွေး နွေးပွဲအား ရှမ်းပြည်မြောက်ပိုင်း လားရှိုး မြို့တွင် မတ် ၂ဝ ရက် မှ ၂၂ ရက် ထိ ၃ ရက်တိုင် ကျင်းပမည် ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ (တောင်ကြီး) ဦးစိုင်းခင်မောင်ညွန့်(ခ) စိုင်းခမ်းပိုင်ဖ ၏ ပြောပြချက်အရ သိရသည်။

တောင်ကြီးမြို့ SNLD ရုံးမှ ဗဟိုဦးစီး အဖွဲ့ဝင် ဦးစိုင်းလှအောင် အပါဝင် ၅ ဦး တက်ရောက်မည်ဖြစ် ပြီး၊ SNLD ဆီဆိုင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တစ်ဦး၊ မိုင်းပန် SNLD ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တစ်ဦး၊ မိုးနဲ SNLD ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တစ်ဦး တက်ရောက် ကြမည်ဖြစ်ကြောင်း ဦးစိုင်းခမ်းပိုင်ဖက ထပ်မံပြောကြားသည်။

ပထမဦးဆုံး ရှမ်းတိုင်းရင်းသားများ ချည်းသာ ရန်ကုန်တွင် ၃ ရက် ကျင်းပခဲ့ကြောင်း၊  ဒုတိယအကြိမ်တွင် တောင်ကြီးမြို့ တွင် ကျင်းပရာတွင် ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားပေါင်းစုံ၊ အရပ်ဘက် လူ့အဖွဲ့ အစည်း များပါ ပါဝင်လာကြောင်း၊  ငြိမ်းချမ်းရေး အဖွဲ့ ၁၄ ဖွဲ့၊ စာပေ ယဉ်ကျေးမှုအဖွဲ့များ၊ အခြား တိုင်း ရင်းသား ပါတီများ၊ လေ့လာသူ များပါ ယခု ရှမ်း၊ ကယားအတွက် ပြုလုပ်မည့် လားရှိုးဆွေးနွေးပွဲတွင် တက် ရောက်ကြမည်ဖြစ်ကြောင်း၊ စုစုပေါင်း ၂၆  ဖွဲ့က ဆွေးနွေးမည်ဖြစ်ပြီး ကျန် တက်ရောက်ရန် ဖိတ်ကြားခံရသူ များက လေ့လာသူများ အနေဖြင့် တက်ရောက်ခြင်း ဖြစ်ကြောင်း ဦးစိုင်းခမ်းပိုင်ဖက ပြောဆိုသည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည် မှုတည်ဆောက်ခြင်း ညီလာခံ ၃ ရက် ပြီးစီးလျှင် သဘောထား ကြေညာချက် ထုတ်ပြန်မည်ဖြစ်ပြီး နောင်တစ်ချိန်တွင် ပြည်ထောင်စု အဆင့်အနေဖြင့် တိုင်းရင်းသားအားလုံး ပါဝင်နိုင်မည့် ညီလာခံ တစ်ရပ် ကျင်းပရန် ရည်ရွယ် ထားကြောင်း ယင်းက ထပ်မံပြော ကြားသည်။

ညီလာခံသို့ လေ့လာသူများအဖြစ် တက်ရောက်မည့် ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့မှ ကိုညီညီမိုးက ပြောကြားရာတွင် ရှမ်း/ကယား ဆွေးနွေး ပွဲအတွက် တောင်ကြီးတွင် ဖြစ်မြောက် ရေး အကြိုဆွေးနွေးပွဲ ကျင်းပခဲ့ ကြောင်း၊ ယင်းသို့ကျင်းပစဉ်က ရှမ်း ပြည် မျိုးဆက်အင်အားစုအဖွဲ့နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့က ပူးပေါင်း စီစဉ်ကျင်းပခဲ့ကြောင်း၊ အဓိက ယုံကြည်မှု တည်ဆောက်ခြင်းအတွက် ရှမ်းပြည်ရှိ နိုင်ငံရေး သမားဟောင်း ကြီးများ၊ ကယားပြည်နယ်ရှိ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များ တက်ရောက်ခဲ့ကြောင်း၊ ယခု လားရှိုးတွင် ကျင်းပမည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း အခမ်းအနားတွင် ယင်းဆွေးနွေးချက်များအား ပြန်လည် သုံးသပ်တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

လားရှိုးတွင်ကျင်းပမည့် ဆွေးနွေးပွဲသို့ အင်းပါတီ၊ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်၊ ဓနု၊ ကယား ငြိမ်းချမ်းရေး အဖွဲ့များပါ တက်ရောက်ကြမည် ဖြစ်ပြီး ဆွေးနွေးပွဲ ၃ ရက်ပြီးလျှင် သတင်းစာ ရှင်းလင်းပွဲကျင်းပမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုစိုင်းလိတ်က ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်မည်ဖြစ်ပြီး ယင်းအနေ ဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် အပေါင်းလက္ခဏာ ဆောင်သော ရလဒ်များ ပေါ်ထွက်လာရေးနှင့် ညှိနှိုင်းအဖြေရှာသော လမ်းကြောင်းပေါ်သို့ ဦးတည်လျှောက်လှမ်းကာ နိုင်ငံရေး အခြေခံများ ပါဝင်သော ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ရေး အတွက် ယင်း၏ မျှော်လင့်ချက်များကို ပြောကြားသွားရန် ရှိကြောင်းလည်း သိရှိရသည်။

ဝ၈ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*