တိုင်းရင်းသားသတင်း — ရန်ကုန်၊ မတ် ၃ဝ၊ ၂ဝ၁၃

ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် ၁ အဖြစ် ငြိမ်းချမ်းရေးအတွက် ပြည်သူများထံသို့ အပ်နှံပွဲကို ရန်ကုန်-လိုင်ဇာ လမ်းလျှောက်သူများက မတ် လ ၃ဝ ရက်တွင် တော်ဝင်နှင်းဆီ၌ ကျင်းပရာ ကိုစည်သူက လိုင်ဇာမှပြန် လာပြီးငြိမ်းချမ်းရေးအတွက် ဆောင် ရွက်ရမည့်ကိစ္စများကို ဆောင်ရွက်နေ ကြောင်းမိမိတို့မှာ ငြိမ်းချမ်းရေး လိုချင်၍ လမ်းလျှောက်ခြင်းဖြစ်ကြောင်းပြော ကြားပြီးနောက် ယင်းက “ကျွန်တော်တို့ တောင်းပန်ချင်တာ ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ လွှတ်တော် အမတ်များ၊ နိုင်ငံရေးပါတီ အသီးသီးက ပုဂ္ဂိုလ်များ ပါဝင်မှသာ လုပ်နိုင်မှာပဲလို့ ထင်ပါတယ်”ဟု ပြောကြားသည်။

လမ်းလျှောက် အဖွဲ့တွင် ပါဝင်သူ ဦးဝင်းချိုကလည်း ဒုတိယပင်လုံ ညီလာခံဖော်ဆောင်ရေး အတွက် တောင်းဆို ပါကြောင်း၊ လမ်းလျှောက် အဖွဲ့ဖြတ်သန်းသွားရာ မြို့ရွာများတွင် လူထု ပရိသတ်ကြိုဆိုမှုကို အားရပါ ကြောင်း၊ မိမိတို့ငြိမ်းချမ်းရေးကို ဆက်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့မှာ ပထမဆုံး ငြိမ်းချမ်းရေး ခြေလှမ်း များ ဖြစ်သဖြင့် ဝေဖန်ပေးပါ၊ အကြံ ပြုပေးပါရန် ပြောကြားပါသည်။ ရှေ့နေ ဦးအောင်သိန်းက သဘောထား မှတ်ချက် ပေးရာတွင် “မငြိမ်းချမ်းသေး လို့ ငြိမ်းချမ်းရေးကို ပါဖောင်မန့် တစ်ခုအဖြစ်လုပ်တာပါ”ဟု ဆိုပြီး လူထုမှာ စစ်၏ ခါးသီးမှုဒဏ်ကို ခါးစည်းခံ ရကြောင်း၊ စစ်မဖြစ်သည့် နိုင်ငံသည် စစ်သားကောင်း မရှိသည့် နိုင်ငံ ဆိုသည်ကို လက်ခံရမှာ ဖြစ်ကြောင်း၊ စစ်သားဆိုလျှင် ၁၉၅ဝ ခုနှစ်က မိမိတို့ငေးကြည့်ရကြောင်း၊ အရပ်ထဲမှာ လမ်းသလား သော စစ်ဗိုလ်စစ်သားများ မဟုတ်ကြောင်းဆိုပါသည်။

လမ်းလျှောက်အဖွဲ့မှ ပါဝင်သည့် ဆရာတော်အရှင်ပဏ္ဍိတနန္ဒကလည်း ယင်းတို့ရရှိလာသော ကျည်ခွံများနှင့် ဘုရားဆင်းတုတော် တစ်ဆူထုလုပ်ကာ လိုင်ဇာမှ ဗုဒ္ဓဘာသာဝင်များ ပူဇော် ရန် သွားရောက် ပို့ဆောင်ပေး မည် ဖြစ် ကြောင်း၊ ဆင်းတုတော် တစ်ဆူ၊ ယေရှု လက်ဝါးကပ်တိုင် တစ်ခုလည်း ပြုလုပ်မည် ဖြစ်ကြောင်း ယင်းနောက် “ပြည်သူလူထု တစ်ရပ်လုံး ပါဝင်တဲ့ ငြိမ်းချမ်း ရေးစေတီ၊ ငြိမ်းချမ်းရေးဘုရားကျောင်း၊ ငြိမ်းချမ်းရေး စာကြည့်တိုက်တစ်ခု ဖော်ဆောင်မယ်” ဟု ပြောပါသည်။

ကချင်ပြည်သူ တစ်ယောက်ဖြစ် သော မခွန်ဂျာက တိုင်းရင်းသား ပြည်သူလူထုအတွက် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း၊ မိမိတို့လည်း တိုက်ပွဲကို ရပ်အောင် မလုပ်နိုင်ခဲ့ကြောင်း၊ ရွှေညဝါဆရာတော်ထံသွား၍ အကူ အညီတောင်းရာ ဆရာတော်မှ စွမ်း စွမ်းတမံကူညီ၍ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားခံရသည်ကို စိတ်မကောင်းဖြစ်ရကြောင်း၊ ယခု ငြိမ်းချမ်းရေး အရိပ်အယောင်များကို တွေ့နေရပြီးဖြစ်ကြောင်း ဆိုပါသည်။

ဦးဝဏ္ဏသိဒ္ဓိ (မုံရွာချမ်းသာအေး ကျောင်းတိုက်)ဆရာတော်က တော ထဲကိုရောက်သည့်အခါ မြန်မာစစ်တပ် များ ဆင်းရဲဒုက္ခရောက်နေခြင်းနှင့် တောထဲမှာ နေ့ရက် အချိန်ကာလ တာရှည် အောင်းနေရ၍ စိတ်မကောင်း ဖြစ်မိကြောင်း၊ ကချင်စစ်ဘေးသင့်ဒုက္ခ သည်ပြည်သူများ ထံရောက်သည့်အခါ လည်း မျက်ရည်ကျခဲ့ရကြောင်း၊ မြန်မာစစ်တပ်မှ အရာရှိများက မိုင်း နင်းမိမှာ စိုးသည့်အတွက် ခဏနား ခိုင်းပြီး မိုင်းများကို ရှင်းလင်းပေး ကြောင်း ကေအိုင်အိုအဖွဲ့ဘက်က လည်း မိုင်းများရှင်းပေးကြကြောင်း “နှစ်ဖက်ခေါင်းဆောင်ကြီးတွေကို သိ စေချင် တာက ငြိမ်းချမ်းရေး လိုချင်တာ ကို နှစ်ဖက် ပုဂ္ဂိုလ်များက လျှောက်ကြပါတယ်”ဟု ဆိုပါသည်။

ပန်းရဲ့လမ်းမှ ဦးရဲလွင်ကလည်း ရှေ့မှ လမ်းရှင်းပြီး ကြိုတင်သွားခြင်း ဖြစ်ကြောင်း၊ တံတားကျိုးခြင်းများ လည်း ရှိ၍ လမ်းများကို ပြင်ပြီး သွားရကြောင်း၊ နောက်လူတွေ ပါသွား၍ ရအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ကေအိုင်အေ ရော တပ်ပါနှစ်ဖက်စလုံးမှ ငြိမ်းချမ်းချင်ကြပါကြောင်း၊ ချစ်ကြည် ရေးစကားကို လည်း ပြောချင် ပါ ကြောင်းနှင့်ယင်းက “ကျွန်တော်တို့ ကားကနှစ်နှစ်တွင်းမှာ ပထမဆုံးဖြတ် တဲ့ကားဖြစ်ပါတယ်”ဟု ယင်းဒေသ အခြေအနေကို ပြောပါသည်။

ကိုနေမျိုးဇင်က မိမိတို့ ရှေ့မှ သွားခြင်းမှာ ငြိမ်းချမ်းရေးလမ်း လျှောက်သူများကို အန္တရာယ် ကင်းစေချင်သည့် စိတ်ဖြင့် လုပ်ခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရမည့် အခြေအနေနှင့် အချိန်အခါတွင် မြစ်ကြီးနားမှ ပိတ်ထားသော လမ်းကို ဖောက်ခြင်းဖြစ်ကြောင်းနှင့် “ငရုပ်သီး ဘယ်သူစားစားစပ်တယ်” ဆိုသော ဥပမာကို ငြိမ်းချမ်းရေး မရှိလျှင် ဖြစ်နိုင်သည့် အနေအထားအား ထည့်သွင်းပြောကြားသွားသည်။

ငြိမ်းချမ်းရေးလှုပ်ရှားမှု (ရန်ကုန်၊ လိုင်ဇာ) လမ်းလျှောက်အဖွဲ့သည် ဇန်န ဝါရီ ၂၁ ရက်မှ မတ် ၁၇ ရက်အထိ ၃၆ ရက်တိုင်တိုင် ပဋိပက္ခဖြစ်ပွား နေသော မြန် မာပြည်မြောက်ဖျား ကချင်ပြည်နယ်သို့ရောက်အောင် မိုင် ပေါင်း ၈၄ဝ ကျော် ခရီးနှင်ခဲ့ပါသည်။  အဖွဲ့တွင် ပါဝင်သူများကလည်း လမ်း လျှောက်ရုံဖြင့် ငြိမ်းချမ်းရေး မရနိုင် ကြောင်း၊ လွတ်လပ်ခြင်း၊ တရားမျှ တခြင်း၊ တန်းတူညီမျှမှုမရှိခြင်းတို့ ကြောင့် ငြိမ်းချမ်းရေးမရခြင်းဖြစ်သည် ဟု ယုံကြည်၍ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ရန် လွှတ်တော်အမတ်များ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အစိုးရ အာဏာပိုင်များပါဝင်ရန် တိုက်တွန်းခဲ့ ကြပါသည်။

ယ.ဝဝ၃

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*