တိုင်းရင်းသားသတင်း — ရန်ကုန်၊ စက်တင်ဘာ ၂၄၊ ၂ဝ၁၂

ဖားကန့်ဒေသအတွင်း စစ်ပွဲများ ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးဆောင်၍ ဒေသခံများနှင့် ဘာသာရေး ခေါင်းဆောင်များ ပါဝင်ကာ ငြိမ်းချမ်းရေးတောင်း ဆိုချက်အနေဖြင့် လက်မှတ် များ ရေးထိုးပြီး နိုင်ငံတော်သမ္မတနှင့် ကေအိုင်အို/ကေအိုင်အေခေါင်းဆောင် များထံသို့ ပေးပို့သွားမည်ဟု သိရသည်။

စက်တင်ဘာ ၁၅ ရက် မြစ်ကြီး  နားမြို့တွင် ပြုလုပ်ခဲ့သည့် မြစ်ဆုံ စီမံကိန်းရပ်တန့်ခြင်း ၁ နှစ်ပြည့်ပွဲ တွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး လှုပ်ရှား ဆောင်ရွက်ခဲ့သူ များနှင့် ပညာရှင်များ ပြုလုပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဆွေးနွေးပွဲ သို့ ၈၈ မျိုးဆက်ကျောင်းသား ကိုဋ္ဌေးကြွယ် တက်ရောက်ခဲ့သည်။ ထို့နောက် မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ၊ ဘာသာရေးခေါင်းဆောင် များပါဝင်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ မေတ္တာ ရပ်ခံချက် အနေဖြင့် စုပေါင်း လက်မှတ်ရေးထိုး မှုများ ပြုလုပ်ခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဋ္ဌေးကြွယ်က စက်တင်ဘာ ၂၄ ရက်တွင် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်း၌ ပြုလုပ်သည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ခရီးစဉ်များကို မီဒီယာများသို့ ရှင်းလင်း ပြောဆိုသည့် အခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထာဝရ ငြိမ်းချမ်းရေးအဆင့်သို့ မရောက်ရှိခင်ကာလ အနည်းဆုံး အပစ်အခတ် ရပ်စဲရေးအဆင့် ရောက်ရှိရန် နည်းလမ်း ရှာဖွေပြီး လက်မှတ် ရေးထိုးမှုများ ပြုလုပ်ရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး အပြစ်မဲ့ ပြည်သူများ စစ်ပွဲကြား ညပ်မည်ကို စိုးရိမ်ကြောင်းနှင့် တစ်နိုင်ငံလုံး စစ်ပွဲများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရန် လိုအပ်ကြောင်း ယင်းက ပြောကြားခဲ့သည်။

ဒေသတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်   ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က ဖားကန့်ဒေသသည် ယင်းပေးဆပ်ရသည်နှင့် မတန်အောင် အခြေအနေ ဆိုးဝါးလှကြောင်း၊ ကြမ်းတမ်းသည့် လမ်းခရီးများကို ဖြတ်ကျော်ပြီး ညအထိပင် တိုက်ပွဲများ ဖြစ်နေသည့် ဖားကန့်ဒေသသို့ မိမိတို့ ရောက်ရှိချိန်တွင် နှစ်ဖက်တပ်များက အပစ်ရပ်ခဲ့ခြင်းအပေါ်တွင် အသိအမှတ်ပြု စကားဆိုခဲ့ကြောင်း ပြောကြားခဲ့ပြီး စစ်ပွဲများ ရပ်တန့်ရန် လက်မှတ်ရေးထိုးသည့် ကန်ပိန်းတွင် လူမျိုး အသီးသီး၊ ဘာသာအသီးသီး၊ ဆရာ ဆရာမများနှင့်   ကျောင်းသားများ သာမက အစိုးရဝန်ထမ်းများပါ ပါဝင်လာခြင်း အပေါ် အားရ ကျေနပ်ကြောင်း ပြောကြားခဲ့သည်။ တိုက်ပွဲများ ဖြစ်ပွားနေသည့် ဖားကန့်ဒေသသို့ မိမိတို့ ရောက်ရှိနေစဉ်  ကေအိုင်အေ ဘက်က တပ်ရင်းမှူး အဆင့်နှင့် မြန်မာ စစ်တပ်ဘက်က ဗျူဟာမှူး အဆင့်ရှိသူ တို့နှင့် တွေ့ဆုံခွင့် ရခဲ့ကြောင်း၊ ထိုသူများသည် ဆုံးဖြတ်ချက် ချခွင့်ရှိသူများ မဟုတ်ကြသည့် အတွက် မိမိတို့ အနေဖြင့် နားလည်မှု ပေးရမှာဖြစ်ကြောင်းနှင့် ပြည်သူများ ခံစားနေရမှုများကို ပြည်သူများ ၏ ကိုယ်စား စကားပြောကြားနိုင် ခဲ့ကြောင်း ယင်းက ပြောသည်။

စစ်ပွဲများ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ အကြောင်းအရင်းများစွာ ရှိသည့်အနက် ဒေသတွင်း ရင်းနှီးမြှုပ်နှံသူများ ပြုလုပ် နေ သည့် ကုမ္ပဏီကြီးများ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးကြီးကြောင်း မျှတသည့် အခြေအနေ တစ်ခု ရောက်ရှိရန် မိမိတို့ အနေဖြင့် ကြိုးစားသွားမည်ဟု ကိုမင်းကိုနိုင်က ပြောကြားသည်။

၈၈ မျိုးဆက် ကျောင်းသားများ၏ ခရီးစဉ်ရှင်းလင်းပွဲတွင် ကိုဂျင်မီက မုံရွာကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကိုမင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်တို့က ကချင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ လည်းကောင်း၊ ကိုမြအေးက ကယားပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ လည်းကောင်း၊ ကိုကိုကြီးက ရခိုင်ပြည်နယ် အရေးနှင့် ၈၈ မျိုးဆက် ကျောင်းသားများ၏ လှူဒါန်းငွေ စာရင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဝ၆၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*