နိုင်ငံတကာသတင်း — ရန်ကုန်၊ ဧပြီ ၂၉၊ ၂ဝ၁၂

ပစ်ခတ်မှုဖြစ်ပွားခဲ့သောမြို့နှင့် ပျက်စီးသွားသော တက္ကသိုလ်ကျောင်းဝင်းအတွင်းကိုတွေ့ရစဉ် photo by : BBC News

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း၊ Kano မြို့ရှိ တက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ လက်နက်ကိုင်လူတစ်စု က ဗုံးသေနတ်များသုံးစွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ မျက်မြင်တွေ့ရှိသူများနှင့် ရဲအဖွဲ့ဝင်များက အတည်ပြုပြောကြားခဲ့သည်။ Bayero တက္ကသိုလ် ကျောင်းပရဝုဏ်အတွင်းရှိ ခရစ်ယာန် ဘာသာဝင်များ ဝတ်ပြုရာနေရာတွင် သေဆုံးသူတို့ ရုပ်အလောင်းများ ပြန့်ကျဲကျန်ရစ်သည်။ ဗုံးရှင်းလင်းရေးအဖွဲ့နှင့် နိုင်ဂျီးရီးယားစစ်တပ်တို့က အဆိုပါလက်နက်ကိုင်တို့ကို လိုက်လံရှာဖွေလျက် ရှိသည်။မည်သည့်အဖွဲ့အစည်း  တစ်စုံတစ်ခုကမျှ၊ အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ တာဝန်ခံထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း၊ မကြာ သေးမီကာလများအတွင်းက ခရစ်ယာန်ဘုရားကျောင်းများကို တိုက်ခိုက်ခဲ့သော အကြမ်းဖက်အစ္စလာမ္မမ်အဖွဲ့ Boko Haram ၏ လက်ချက်ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောကြားမှုများရှိနေခဲ့သည်။

နိုင်ဂျီးရီးယားဗဟိုအစိုးရသည် မူဆလင်တို့ သြဇာညောင်းရာ နိုင်ငံမြောက်ပိုင်းဒေသများတင်သာမက၊ တောင်ပိုင်းရှိမြို့တော် Abuja အထိပင်တိုက်ခိုက်မှုများပြုလုပ်နေသော စစ်သွေးကြွအုပ်စုများကို ထိန်းချုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ဆဲ ဖြစ်သည်။

Bayero တက္ကသိုလ်ဝင်းအတွင်း ဧပြီ ၂၉ ရက် တိုက်ခိုက်မှုသည် ခရစ်ယာန်ဘာသာဝင်များ ဝတ်ပြုရာ စာသင်ဆောင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင် တိုက်ခိုက်သူတို့သည် ပေါက်ကွဲစေသော ပစ္စည်းများနှင့်ဦးစွာတိုက်ခိုက်ပြီး နောက်မှသေနတ်များဖြင့် ပစ်ခတ်သဖြင့် ဝတ်ပြုပွဲတက်သူများမှာ ဒရောသောပါးထွက်ပြေးကြရကာ၊ တစ်ဦးကိုတစ်ဦးနင်းမိ၊ ဖိမိခြင်းများလည်းရှိခဲ့ ကြောင်း မျက်မြင်သက်သေတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

အခြား မျက်မြင်သက်သေတစ်ဦးကလည်း လက်နက်ကိုင်လူနှစ်ဦး မြင်မြင်သမျှပစ်ခတ်နေသည်ကို တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပြီး၊ သမိုင်းဘာသာရပ်သင်ကြားသူ ကထိက ကလည်း အကြမ်းဖက်တိုက်ခိုက်မှုစတင်သည်နှင့် လုံခြုံရေးအဖွဲ့ဝင်တို့မှာ အသက်လုပြေးလွှားခဲ့ကြကြောင်း၊ ကျောင်းဝင်းအတွင်း ဗုံး၊ သေနတ်တို့နှင့် ပစ်ခတ်တိုက်ခိုက်မှုမှာ မိနစ်သုံးဆယ်ခန့် ကြာမြင့်ခဲ့ကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ သေဆုံးသူ ၁၅ ဦးခန့်ရှိပြီး၊ Aminon Kano သင်ကြားရေး ဆေးရုံသို့ သယ်ဆောင်သွားသည်ဟု ယူဆရပြီး၊ ဒဏ်ရာ ရရှိသူ အမြောက်အများရှိကြောင်းလည်း မျက်မြင်သက်သေတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ လုံခြုံရေးအရာရှိများ နှင့်ဒေသခံဆေးရုံဝန်ထမ်းများ ကလည်း အနည်းဆုံး ၁၅ဦး ခန့်သေဆုံးကြောင်း၊ အတည် ပြုပြောကြားခဲ့သည်။ ရဲအဖွဲ့ဝင်များရောက်ရှိလာသောအခါ လက်နက်ကိုင်တိုက်ခိုက်သူတို့သည် အိမ်နီးချင်းနယ်မြေ အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြောင်း၊ Kano ရဲအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Ibrahim Idris ကပြောကြားခဲ့ သည်။

Boko Haram အဖွဲ့သည် ၂ဝ၁၂ ခုနှစ်တွင် ထူထောင်ခဲ့သော အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဇန်နဝါ ရီလအတွင်း၊ Kano မြို့၌ ဗုံး ခွဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈ဝ ခန့်သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုမှာ ယင်းတို့၏ အပြင်းထန်ဆုံးတိုက်ခိုက်မှု ဖြစ်သည်။

MIJ

Ref: BBC News 29.4.2012 GMT

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.