စီးပွားရေးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၁၆၊ ၂၀၁၇

နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲကို စက်မှုဝန်ကြီးဌာန စက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနနှင့် Myanmar Promotional Services (MPS) Co.,Ltd. တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း Myanmar Promotional Services (MPS) Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ပြပွဲ၌ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများ အနေဖြင့် နည်းပညာ အသုံးချ၍ value added ထုတ်ကုန်များကို ပိုမို ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ လည်းကောင်း၊ နိုင်ငံသားတိုင်း၏ တီထွင် ဖန်တီးမှု စိတ်ကူး စိတ်သန်းများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လည်းကောင်း စက်မှုနည်းပညာ တီထွင်ဖန်တီးမှုပြိုင်ပွဲ (Inventor Award) အား ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲ၌ စက်မှုနည်းပညာ တီထွင်ဖန်တီးမှု ပြိုင်ပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ဆုရရှိသူများကို ဆုကြေးငွေ အဖြစ် ငွေကျပ် ငါးသိန်းမှ သိန်း ၃ဝ အထိ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထို့ပြင် ပြပွဲတွင် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများကို ပူးပေါင်း ပါဝင်ပြသကြရန် ဖိတ်ခေါ်ထားပြီး ပြပွဲသို့ ပါဝင်ပြသရန် စိတ်ပါဝင်စားသော အသေးစားနှင့် အလတ်စား လုပ်ငန်းများ အနေဖြင့် မိမိတို့၏ ထုတ်ကုန်များ အလိုက် ပြခန်းများကို ငှားရမ်း၍ ပါဝင်ပြသနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မန္တလေးတိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန smemandalay2014@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း UMFCCI ၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*