ခေါင်းကြီးသတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၆၊ ၂၀၁၇

ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒက် ပရယ်ဘိုရိုနစ် နိုရိုဒွန်သီဟာ မိုနီရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးတို့ဟာ ဖေဖေါ်ဝါရီလ ၆ ရက် (ဒီကနေ့) မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒေသစံတော်ချိန် ၁၂း၂၅ နာရီမှာ အထူးလေယာဉ်နဲ့ ထွက်ခွာလာရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာစံတော်ချိန် ၁၃း၃၅ နာရီမှာ ပြန်လည် ရောက်ရှိခဲ့တာပါ။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးတို့ဟာ ကမ္ဘောဒီးယားနိုင်ငံကို ၃-၂-၂၀၁၇ ရက်နေ့မှ ၆-၂-၂၀၁၇ ရက်နေ့အထိ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*