စာအုပ်သုံးသပ်ချက် — ဒီဇင်ဘာ ၂၆၊ ၂ဝ၁၂

၁၉၈၄၊ ဝင့်ပြုံးမြင့်၊ လောကသစ်စာပေ၊

၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ၊ တန်ဖိုး ၃၆ဝဝ ကျပ်၊ စာမျက်နှာ ၃၇၅

book 01

ဆရာငြိမ်းအေးအိမ်၏ ရသ ဝတ္ထုတိုများ မဟုတ်သည့် စတုတ္ထ မြောက်စာအုပ်အဖြစ် ညှို့ငင်တောင် ကို စိတ်ကူးချိုချို စာပေမှ ပထမ အကြိမ် ထုတ်ဝေလိုက် သည်။ မြန်မာ နိုင်ငံမြောက်ဖျားဒေသ ဆီမှ အီမော ဘွမ်တောင်နှင့် ဝန်းကျင်ဒေသ များ နှင့်ဆက်စပ်၍ လေ့လာချက်များ၊ ခရီးသွားမှတ်တမ်းများ၊ ဆောင်းပါး များဖြစ်သည်။ နိုင်ငံတကာ အဖွဲ့ အစည်းအသီး သီးက ကမ္ဘာ့အမွေ အနှစ်အဖြစ် တန်ဖိုးထားကြသော အီမောဘွမ်တောင် ဝန်းကျင်ဒေသတို့ နှင့်စပ်လျဉ်း၍ အတွင်း ကျကျလေ့ လာ သုံးသပ်ချက် များလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သယံဇာတနှင့် ဂေဟဗေဒ အရင်းအမြစ်ကြွယ်ဝပြီး သမိုင်းဝင်နယ်နိမိတ်အရေးတို့ကြောင့် တန်ဖိုးထား ထိန်းသိမ်းသင့်သော် လည်း သတိမမူ လျစ်လျူရှု ထားခြင်း ခံရပြီး စစ်မီး မငြိမ်းသေးသည့် နေရာတစ်ခု အတွက် စာရေးသူက တပ်လှန့်ထားခြင်း ဟုလည်းဆိုနိုင်သည်။ ညှို့ငင်တောင်တွင် ဒဏ္ဍာရီမဟုတ် သော အီမောဘွမ်နှင့် တွေ့ ဆုံခြင်း နှင့် တောင်ဆီသို့ လမ်းဟူ၍ အပိုင်း နှစ်ပိုင်းခွဲခြားတင်ပြထားသည်။ အပိုင်း ၁၊ ဒဏ္ဍာရီ မဟုတ်သော အီမောဘွမ်နှင့်တွေ့ဆုံခြင်းမှာ အီမော ဘွမ်တောင်နှင့် စပ်လျဉ်း သည့် လေ့လာချက်၊ တင်ပြချက် အကြောင်း အရာပိုင်းဖြစ်သည်။

ဤအပိုင်းတွင် ညှို့ငင်တောင်၊ ခိုးဝှက်ယူသွားခြင်း ခံခဲ့ရသော တန်ဖိုး များ၊ ရှေးဟောင်းဂူသည် မြစ်ကို ငေးရီ လျက်၊ ပြက္ခဒိန်ငှက်များ၊ အသက်၏ အစေ့အဆန်၊ အမဲလိုက် အက၊ စစ်ပွဲများဖြင့် လောင်ကျွမ်းချိန် စသည့် စိတ်ဝင်စား ဖွယ်ခေါင်းစဉ်များပေး၍ အချက်အလက်၊ မြေ ပုံ၊ ဓာတ်ပုံစုံလင်စွာဖြင့် မှတ်တမ်း ပြုထားသည်။ ဦးစွာ အီမောဘွမ် တောင်နှင့် ဝန်းကျင်သည် ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝ ရှင်သန်ရာ၊ သယံဇာတကြွယ်ရာ၊ လူသားတို့၏သမိုင်း စတင်ရှင်သန်ရာ၊ မြန်မာနှင့် မျိုးနွယ် တူတို့၏ မူလဒေသရင်းဖြစ်သည့် အားလျော်စွာ အမျိုးသား ဥယျာဉ် ဒေသအဖြစ် သတ်မှတ်သင့်ကြောင်း ဆိုထားသည်။ ဤဒေသမှ သစ် တောထွက် ပစ္စည်းများကို ကမ္ဘာ့ လေ့လာသူ များက လက်ဦးမှုရယူ ကမ္ဘာမှုပြုခဲ့ခြင်း များအတွက်လည်း ဆင်ခြင်ဖွယ် တင်ပြထားသည်။

အီမောဘွမ်တောင် တည်ရှိရာ မေခ-သံလွင် ရေဝေကြောတစ်ခုလုံး ၏ သဘာဝဝန်းကျင်ဆိုင်ရာ ပျက် ယွင်းလာမှုများ၊ ဖွံ့ဖြိုး မှုနှေးကွေးကာ ပြည်မနှင့် အဆက် အသွယ်ပြတ် တောက်လုနီးဖြစ်ရသည့် ဒေသခံ လော်ဝေါ်၊ လာချိဒ်လူမျိုးစုတို့ အရေး နှင့်ပတ်သက်၍လည်း တွေးဆဖွယ် များဖော်ထုတ်ထားသည်။ ဤအပိုင်း တွင် အထူးလေ့လာဖွယ်ဆောင်းပါး တစ်ပုဒ်မှာ ရှေးဟောင်းဂူသည် မြစ် ကိုငေးရီလျက် အမည်ရှိဆောင်းပါး ဖြစ်သည်။ ဤဆောင်းပါးတွင် မေခ မြစ်ကမ်းရှိ ချီဖွေမြို့ အရှေ့တောင် မိုင်အနည်းငယ်အကွာရှိ လာဗျူ ချောင်အမည်ရှိ ကျောက်သားဂူ အကြောင်း တင်ဆက်ထားသည်။ ဂူဆီသို့သွားရာလမ်းစနှင့် ဂူအတွင်း ပိုင်းများတွင် ရှေးဟောင်းလူသားတို့ နေထိုင်ခဲ့နိုင်ဖွယ်ရှိသော အထောက် အထားများ တွေ့ရှိရကြောင်း မြစ် ကြီးနား တက္ကသိုလ်၏ ဘူမိဗေဒအစီ ရင်ခံစာတွင်ဖော်ပြ ထားသည်။ ဤဂူ တွင် တွေ့ရှိရသော စပါးခွံ၊ စပါးစေ့ ရုပ်ကြင်းများနှင့် နံရံပန်းချီလက်ရာ တို့မှာ ကျောက်ခေတ်နှောင်း ကာလမှဟု ယူဆနိုင်ကြောင်းနှင့် ဂူသက် တမ်း သတ်မှတ်နိုင်ခြင်း မရှိသေး ကြောင်းသိရသည်။ မြန်မာနိုင်ငံ အတွင်းတွေ့ ရသော ရှေးဟောင်းဂူ များအနက် အကြီးဆုံးဟု သတ်မှတ် နိုင်ကြောင်းလည်းဆိုသည်။ သို့သော် ဤဒေသတွင် တည်ဆောက်နေသော ချီဖွေရေအားလျှပ်စစ် စီမံကိန်းကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း တင်ပြထားပြီး သဘာဝ အရင်းအမြစ်များ မပျက်စီး မဆုံးပါး စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့အကြား မျှချေတစ်ခု ရှာရန် လိုအပ် ကြောင်း စာရေးသူက သုံးသပ်ထား သည်။

မေခမြစ်ရိုးနှင့် ရေဝေတောင်တန်း အီမောဘွမ်ဒေသမှ တောင်ယာ လှေကားထစ်စိုက်ပျိုးမှု၊ လက်မှုလုပ်ငန်း၊ လူမျိုးနွယ်စု တို့၏ ဇစ်မြစ်၊ ဘဝရှင်သန် ရပ်တည်မှု၊ ဂေဟဗေဒ ထိန်းသိမ်းရေးစသည့် နယ်ပယ်စုံကို လည်း စာရေးသူက သုံးသပ်တင်ပြ ထားသည်။ ခေတ်စနစ် မည်မျှပင် ပြောင်းလဲနေစေကာမူ ရိုးရာအစွဲ အလမ်း ကြီးမားပြီး ရိုးရာအုပ်ချုပ်ရေး အမြစ်တွယ်ဆဲရှိပုံကို သည် တောင် သည်မြေ စိုးစံစားစေ ဆောင်း ပါးတွင် တွေ့နိုင်သည်။ အခြား စိတ်ဝင်စား ဖွယ်မှာ မြန်မာ-တရုတ် နယ်နိမိတ် မျဉ်းသတ်မှတ်မှုတွင် ပြောရေးဆိုဖွယ် ဖြစ်ခဲ့ကြသော ဖီမော်၊ ဂေါ်လန်၊ ကန်းဖန် ရွာသုံးရွာ အကြောင်းဖြစ်သည့် ရာဇဝင်အမွေ အနှစ် နယ်နိမိတ်မြစ်တို့ ရေကြောင်း ပြောင်းချိန်ဆောင်းပါးဖြစ်သည်။ (ဤစာစုများ ထုတ်ဝေရန် ၂ဝဝ၉ ခုနှစ် စာပေစိစစ်ရေး တင်စဉ်က ဤ ဆောင်းပါး နုတ်ပယ်ခံရကြောင်း စာရေးသူ၏ အမှာစကားတွင် ဆိုထားသည်။)

အမှန်တကယ်လည်း ဖီမော်၊ ဂေါ်လန်၊ ကန်းဖန်ရွာများကို တရုတ် နိုင်ငံပိုင်နက်သို့ လွှဲပြောင်းပေးအပ် လိုက်ရစဉ်က ကန့်ကွက်မှုများ၊ ဝေ ဖန်မှုများ၊ ပေါ်ပေါက်ခဲ့ပြီး အင်္ဂလိပ် အစိုးရ လက်ထက်မှ စတင်ကာ ဗိုလ်ချုပ်နေဝင်း အစိုးရ လက်ထက် တွင်မှ အဆုံးသတ် လွှဲပြောင်းပေးခဲ့ရသည်။ မြန်မာ့အချုပ်အခြာ ပိုင်နက်အမှန်သည် နယ်မြေ လဲလှယ်ရေး အစီအစဉ် ကြောင့် လွှဲပြောင်းခဲ့ရကြောင်းလည်း စာရေးသူက ခိုင်မာသော သမိုင်း မှတ်တမ်းများ၊ သတင်းစာဆောင်း ပါးများကို ကိုးကားတင်ပြထား သည်။ ကေအိုင်အေလက်နက်ကိုင် အဖွဲ့မှ ခွဲထွက်လာသော ၁ဝ၁ စစ် ဒေသ ဗကပ ဗဟိုပြုချိန်မှစကာ ယခုချိန်ထိ ယမ်းငွေ့လွှမ်းနေသည့် အီမောဘွမ်ရင်ခွင်မှ စစ်ပွဲများကို လည်း သုံးသပ်ထားသည်။ ဒေသခံ  တို့နှင့် တွေ့ဆုံစကားများသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။

အပိုင်း ၂၊ တောင်ဆီသို့ လမ်းမှာမူ မိတ်ဆွေတစ်ယောက်အား အလည်ဖိတ်ဟန် ပေးစာသဏ္ဌာန်ရေး ဖွဲ့ထားသော အီမောဘွမ်တောင်ဆီ သို့ ခရီးသွား လမ်းညွှန်ဖြစ်သည်။ မြစ်ကြီးနား-ချီဖွေ-ပန်ဝါ-ဖီမော်- ကန်းဖန်ဟူသော အီမောဘွမ်တောင် ၏ အရှေ့ခြမ်းမှ ပတ်ဝင်သော ခရီး စဉ်နှင့် အနောက်ဘက်ခြမ်းမှ ဝင် သော လမ်းကြောင်း ယဂျော်ရွာ ခရီး စဉ်တို့နှင့် ခရီးစဉ်များတစ်လျှောက် အခက်အခဲများ၊ သဘာဝ ပတ်ဝန်း ကျင်နှင့် ဂေဟဗေဒလေ့ လာချက်များ၊ ဒေသခံ တို့၏ ရိုးရာဓလေ့များ၊ နယ်နိမိတ် အပိုင်းအခြားများ၊ ခံစားမှုများ၊ အတွေးစများနှင့် ဖွဲ့သီထားသော ရသရောပြွမ်းသည့် စိတ်ဝင်စားဖွယ် ပေးစာ တစ်စောင်ဖြစ်သည်။

ဆိုင်ရာဒေသကို ကျွမ်းကျင်နှံ့ စပ်သောစာရေးသူတစ်ဦးပီပီ အီမော ဘွမ်ဒေသ၏ ပွင့်လင်းသော ပုံရိပ်ကို အမှန်အတိုင်း ဖွင့်ချနိုင်ခဲ့သည်။ သာမန်ခံစားမှု ခရီးသွားဆောင်းပါး သက်သက်များထက် ခိုင်မာတိကျ သော အထောက်အထား များစွာနှင့် လေ့လာပြုစုထားသည့်စာအုပ်လည်း ဖြစ်သည်။ ရသစာရေးဆရာတစ်ဦး ပီပီ သုတပေါ် ရသလွှမ်းထားနိုင် ခဲ့ သေးသည်။ မြန်မာပြည်မြောက်ဖျား ဤဒေသများနှင့်ပတ်သက်၍ ယခင် တာဝန်ရှိအဖွဲ့တို့ပြုစုခဲ့ဖူးသည့် စာအုပ် များထက် ပို၍ပြတ် သားသော ပုံရိပ် များကို ဤစာအုပ်၌ တွေ့ရမည်ဟု လည်း ဆိုချင်သည်။

မည်သို့ဆိုစေ နိုင်ငံ၏ ရေမြေ တောတောင်၊ သဘာဝ သယံဇာတ များနှင့် တိုင်းရင်းသားဒေသခံတို့ ၏ ရေရှည် အကျိုးစီးပွားကို မျှော်မြင် သော ရည်ရွယ်ချက်ကိုမြင်သာစေ သည်။ သိပ္ပံပညာနှင့် သဘာဝ တရားကို ချစ်မြတ်နိုးခြင်းတို့၏ ဘက်ညီမျှတမှုနှင့် ဂုဏ်ဆောင်နိုင် ကြစေရန် ရည်ရွယ်ထားခဲ့သည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ အရင်းအမြစ်တို့ အကြား လွန်ဆွဲနေမှုများကို တွေးဆဖွယ် မီးမောင်းထိုးထားသည့် စာအုပ်ဖြစ် သည်။ ဆရာငြိမ်းအေး အိမ်၏ ပရိ သတ်များ၊ ဒေသန္တရ ဗဟုသုတ ရှာမှီး လိုသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားသူများ၏ စာအုပ်စင်တွင် ရှိထိုက်၊ ဖတ်ရှုထိုက် သော စာအုပ်ကောင်းတစ်အုပ်ဖြစ် သည်။ ဆိုရသော် နိုင်ငံအား ချစ်မြတ် နိုးခြင်း စာအုပ်ဟု ဆိုချင်သည်။

“ကန်းဖန်ဒူဝါ၊ သူကြီးပေါ့ လေ။ သူဆို သူ့နယ်သားတွေရဲ့ ဆန့်ကျင်မှုကို အကြီးအကျယ် ခံရပြီး  အဲဒီဒဏ်ကို မခံနိုင်တာနဲ့ ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ပြီး သေသွား တယ်။ ဒီနယ်စပ်မျဉ်းပြောင်းလဲ သွားတဲ့ပြဿနာက သေးသေးလေး ဘယ်ဟုတ် မလဲ။ အကြီးကြီးမှ အကြီးကြီး”

ဝဏ္ဏလင်း

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*