စီးပွားရေးသတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဇန်နဝါရီ ၂၇၊ ၂၀၁၇

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ JapanChamber of Commerce and Industry (JCCI) ဥက္ကဋ္ဌ Mr. Akio Mimura ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၄၃) ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို ဇန်နဝါရီ ၂၇ ၇က်နေ့ မနက် ၁၀း၀၀ နာရီက နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန ဧရာဝတီခန်းမမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ ကဏ္ဍ ဖွံ့ဖြိုးရေး၊ နည်းဥပဒေနဲ့ ကန့်သတ်ချက်တွေ ဖြေလျော့ရေး၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေမှာ လူစွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရေး၊ စီးပွားရေးကဏ္ဍမှာ မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံအကြား စဉ်ဆက်မပြတ် ထိတွေ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မယ့် လုပ်ငန်းစဉ်တစ်ရပ် တည်ထောင်ရေး စတဲ့ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*