ပြည်တွင်းသတင်း — နေပြည်တော်၊ မတ် ၁၅၊ ၂ဝ၁၃

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ မတ် ၁၅ ရက်တွင်  ဝက်လက် မဲဆန္ဒနယ်မှ သူရဦးအေး မြင့်က ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး ဆိုင်ရာ အရေးကြီး အဆိုတစ်ရပ်ကို တင်သွင်းခဲ့ရာ ပြည်ထောင်စု လွှတ်တော် တစ်ရပ်လုံး က ကန့်ကွက်သူ မရှိ ထောက်ခံခဲ့သည်။

သူရဦးအေးမြင့်က တင်ပြဆွေး နွေးရာတွင် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရန် စောင့်ရှောက်ကာကွယ်ရေး၊ စည်းလုံး ညီညွတ်စွာနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက် သော နိုင်ငံတော် တည်ဆောက် နိုင်ရေး၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး စသည့် ရည်ရွယ်ချက် များစွာနှင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲကြ ကြောင်း၊ အခြားနိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာပါက ထိုင်း နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း ၁၁ ခန်း၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံတွင် အခန်း ၁၂ ခန်း၊ အိန္ဒိယနိုင်ငံတွင် အခန်း ၂၂ ခန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အ ခန်း ၄ ခန်း၊ မလေးရှားနိုင်ငံတွင် အခန်း ၆ ခန်း၊ စင်္ကာပူ သမ္မတနိုင်ငံ တွင် အခန်း ၇ ခန်း၊ အင်ဒိုနီးရှားနိုင်ငံ တွင် အခန်း ၁၆ ခန်း စသည်ဖြင့် ယင်းတို့နိုင်ငံ၏ သမိုင်း နောက်ခံအလိုက် အကြောင်းအရာများကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရေးဆွဲခဲ့ကြောင်း၊ မြန်မာနိုင်ငံ တွင်မူ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အ ခြေခံဥပဒေကို အဖွဲ့ဝင် ၇၁ ဦးနှင့် ရေးဆွဲခဲ့ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် အတည်ပြုခဲ့ ကြောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေကိုမူ အဖွဲ့ဝင် ၉၇ ဦးက ရေးဆွဲပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်တွင် အတည်ပြုခဲ့ကြောင်း၊  အလားတူ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဖွဲ့ဝင် ၅၄ ဦးက ရေးဆွဲပြီး ၂၀ဝ၈ ခုနှစ်၊ မေလ ၂၉ ရက်တွင် အတည်ပြုခဲ့ကြောင်းဖြင့် သ မိုင်းကြောင်းကို စတင်ရှင်းပြသည်။

ထို့နောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ကရင် တိုင်းရင်းသားခေါင်းဆောင် မန်းဘခိုင်၊ ကချင် တိုင်းရင်းသားခေါင်းဆောင် ဆမားဒူးဝါးဆင်ဝါးနောင် စသော တိုင်းရင်းသားခေါင်းဆောင် များ ပါဝင်သော ပြည်ထောင်စုနှင့် ပြည်နယ် ဆပ်ကော်မတီများက အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီးမှ သ ဘောတူရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊  တစ်နှစ် အတွင်း လွတ်လပ်ရေး ရရန် တက်သုတ်ရိုက် ရေးဆွဲခဲ့ရာ ၁၀၈ ရက်အကြာတွင် ပြီးစီးခဲ့ကြောင်း၊  ဥပ ဒေအကြံပေးဖြစ်သူ ဦးချန်ထွန်းက ပထမမူကြမ်းကို  အိန္ဒိယနိုင်ငံတွင်  ရေးဆွဲခဲ့ပြီး တစ်ချိန်တည်း တွင် ဖဆ ပလ အဖွဲ့ချုပ် ပဏာမညီလာခံက တာဝန်ပေးခဲ့သော ၁၁၁ ဦး ကော်မတီက လည်း မူကြမ်းတစ်ခု ရေးဆွဲခဲ့ ကြောင်း၊ ထိုမူကြမ်းနှစ်ခုပေါင်းစပ်ပြီး ၁၉၄၇ ခုနှစ်  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပဒေ ပေါ်ပေါက်လာခြင်း ဖြစ် ကြောင်း၊ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ထိုအခြေခံဥပဒေမှာ ပျက် ပြယ်သွားခဲ့ကြောင်း၊ ထို့နောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် တွင် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်၌ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုခဲ့ရာမှ ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးသော တစ်ပါတီ စနစ်ပေါ် ပေါက်ခဲ့ကြောင်း၊ ထိုအခြေခံဥပဒေ မှာလည်း ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် ပျက်ပြယ်ခဲ့ကြောင်း၊  ယခုလိုက်နာကျင့်သုံးလျက်ရှိသော ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သော အမျိုးသား ညီလာခံမှ ကိုယ်စားလှယ်ပေါင်း ၇၀၂ ဦး ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ၂၀ဝ၇ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် အခြေခံ ဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်ကို အဖွဲ့ဝင် ၅၄ ဦးနှင့် ဖွဲ့စည်းဆောင် ရွက်ခဲ့ကြောင်း၊ ၂၀ဝ၈ ခုနှစ်၊ မေလ ၁၀ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကျင်းပပြီး  အတည်ပြုပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ ထိုအခြေခံ ဥပဒေ ၃ ရပ်ကို လေ့လာပါက ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေသည် အချုပ်အခြာ အာဏာပိုင်မှု နှင့် လွတ်လပ်ရေးကို ဦးစားပေးထားပါကြောင်း၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေမှာမူ ဆိုရှယ်လစ်စနစ်ကို ဦးစား ပေးထားပြီး ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေမှာမူ အချုပ်အခြာ အာဏာပိုင်မှုနှင့် လွတ်လပ်ရေးကို ဦးစားပေး သည့်အပြင် ပြည်သူ များနှင့် ပြည် ထောင်စုအရေးကို ဦးထိပ်ထားသည် ဟု တွေ့ရကြောင်း၊  အာဏာခွဲဝေ ကျင့်သုံးမှုတွင် ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေက မဲအများဆုံးရသောပါတီကို အာဏာ ၃ ရပ်စလုံး ပေးအပ်ထားပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေက တစ်ပါတီလက်ထဲတွင်သာ ဝကွက်အပ် ထားကြောင်း၊ ၂၀ဝ၈ ခုနှစ် အခြေခံဥ ပဒေမှာမူ အာဏာ ၃ ရပ်ကို ပြည် ထောင်စုလွှတ်တော်၊ ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု တရားလွှတ် တော်တို့အား ပိုင်းခြားတာဝန်ပေးပြီး အပြန်အလှန် ထိန်းကျောင်းပေးသည့် စနစ် ဖြစ်ကြောင်းစသဖြင့် အခြေခံဥပ ဒေ ၃ ခုအား သုံးသပ်တင်ပြသည်။

ထို့နောက် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရမှာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို စစ်မှန်စွာနှင့် စည်းကမ်းပြည့်ဝစွာ ကျင့်သုံးနိုင်ရန် ဖော်ဆောင်ပေး ထားခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ဥပဒေတစ်ရပ်အနေဖြင့်  အမြဲတမ်း ခိုင်မာပြည့်စုံ မှန်ကန်ရန်  မဖြစ်နိုင်ကြောင်း၊ အခြေအနေ အချိန် အခါအပေါ် မူတည်ပြီး မဆီလျော် တော့သော၊ လက်ရှိအခြေအနေနှင့် မကိုက်ညီတော့သော ဥပဒေအချက် အလက်များ ရှိနိုင်သကဲ့သို့ ဥပဒေ တစ်ရပ်အနေဖြင့် မည်သို့ပင် ပြည့်စုံ သည် ဆိုစေကာမူ အချိန်ကာလ အ ပြောင်းအလဲ၊ ပြည်တွင်းပြည်ပ နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသော အရေးအရာအမျိုးမျိုးကြောင့် ခေတ်အ ခြေ အနေနှင့် အံဝင်ခွင်ကျ မဖြစ်ခြင်း များ၊ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ခြင်း များ ပေါ်ပေါက်လာနိုင်ကြောင်း၊  ထို့ကြောင့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို နိုင်ငံရေးပြုပြင် ပြောင်းလဲမှု အရှိန်အဟုန် မြင့်မားမှု ကြောင့် ခေတ်ကာလ အခြေအနေ အချိန်အခါနှင့် အံဝင်ခွင်ကျမဖြစ် လိုက်လျောညီထွေ မဖြစ်တော့သည့် ဥပဒေ အချက်အလက်များ ရှိကောင်းရှိ နိုင်သဖြင့် ပြန်လည်လေ့လာ သုံးသပ်ရန် လိုအပ်သည်ဟု ယူဆမိပါကြောင်း၊  ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၁၂ တွင်လည်း လေ့လာ သုံးသပ်နိုင်ရန် နည်းလမ်းများ ပြဋ္ဌာန်းထားပြီး ဖြစ် ကြောင်း၊ သို့သော် တစ်ဦးချင်း၊ တစ် ဖွဲ့ချင်း လေ့လာသုံးသပ်မည့် အစား သင့်တော်မည့် ဥပဒေပညာရှင်များ၊ အသိဥာဏ်ပညာ ပြည့်ဝသူများ၊ အတွေ့အကြုံ ရင့်ကျက်သူ များနှင့် ကော်မတီ၊ ကော်မရှင်များဖြင့် ဖွဲ့စည်းဆောင် ရွက် သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍  ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်း ဆောင်ရွက်ရေးအတွက် ပြည် သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်း ပါကြောင်း အဆို ကို တင်သွင်းခဲ့သည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ၊ မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးရာ  နိုင်ငံ တော်အနေဖြင့် ဒီမိုကရေစီလမ်း ကြောင်းဖြင့် ချီတက်လာသည်မှာ ၂ နှစ်ကျော်ခဲ့ပြီဖြစ်ရာ ထိုကဲ့သို့ ဖြတ်သန်း ရသော ကာလမှ အတွေ့အကြုံ များနှင့် ရင်ဆိုင်တွေ့ကြုံရသော အခြေအနေများ အရ ခေတ်ကာလနှင့် လျော်ညီစွာ ပိုမိုပီပြင်ခိုင်မာလာစေရေး ကို သတ်မှတ်ပြဋ္ဌာန်း ထားသော လုပ်ထုံး လုပ်နည်း ဘောင်အတွင်းမှ ဆောင်ရွက်နိုင်ရန် အတွက် ထောက်ခံကြောင်း  တင်ပြခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြည်သူ့ လွှတ်တော်ရှိ ဥပဒေရေးရာနှင့် ကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်ကို ဖွဲ့စည်းထားရှိကာ ဥက္ကဋ္ဌအဖြစ် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များ အဖြစ် လွှတ်တော်ကိုယ် စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ မဟုတ်သော သံအမတ် ဟောင်းများ၊ ဥပဒေ ပညာရှင်များ၊ နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ် ချုပ်ရေးဆိုင်ရာတို့တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သူများ၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးနှင့် သိပ္ပံနည်းပညာ ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားရှိပါ ကြောင်း၊ ဥပဒေရေးရာနှင့် ကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဖွဲ့စည်း သည့် အမိန့်ကြော်ငြာစာ အမှတ် ၃၄/ ၂၀၁၁ ခုနှစ် စာမျက်နှာ ၂ တွင် ပါရှိသည့် ကော်မရှင်တာဝန်နှင့် လုပ်ပိုင်ခွင့်များ အနက် စာပိုဒ် ၅ ၌ ကော် မရှင်သည် တည်ဆဲ ဥပဒေ များအား လေ့လာသုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းရေးတို့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြမည်ဟု ပြဋ္ဌာန်း  ပေးခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပ ဒေသည်လည်း တည်ဆဲ ဥပဒေ တစ်ရပ်ဖြစ်ရာ နိုင်ငံတော်နှင့် နိုင်ငံသား များ၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွား အလို့ငှာ ပြင်ဆင်မှု ပြုနိုင်ရေး အတွက် ကော်မရှင်တစ်ရပ် (သို့) အဖွဲ့တစ်ဖွဲ့ကို တိုင်းရင်းသား ကိုယ်စားလှယ်များ အပါအဝင် ပါတီစုံမှ လွှတ်တော်ကိုယ် စားလှယ်များပါဝင်၍  စနစ်တကျ ဖွဲ့ စည်းသွားရန် လွှတ်တော်သို့ သဘောထား မေးမြန်းရာ ကန့်ကွက်သူ မရှိ ထောက်ခံ အတည်ပြုခဲ့ကြသည်။

ဝ၃၆၊ ဝ၁၉၊ ဝ၂၄

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*